ရပ်ကွက်တစ်ခုမှာဆိုပါတော့ဗျာ…
အဲ့ဒီရပ်ကွက်ကအိမ်တစ်အိမ်မှာမုဆိုးမအမျိုးသမီးတစ်ဦးကသူ့အိမ်လေးကိုသူဥာဏ်စွမ်းရှိသလောက်စီမံအုပ်ချုပ်နေတာပေါ့။သူ့အိမ်မှာကလည်းလူမျိုးစုံရယ်။ သူ့သားသမီးအရင်းခေါက်ခေါက်တွေရော၊မကင်းရာမကင်းကြောင်းဆွေမျိုးတွေပါနေကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်အဲ့အမျိုးသမီးကမေတ္တာတရားအခြေခံပီးအုပ်ချုပ်တော့သူ့အိမ်လေးကအတိုင်းအတာတစ်ခုထိသာယာစိုပြေတာပေါ့။
ဒါပေမဲ့တနေ့တော့ခြံစောင့်တာဝန်ယူထားတဲ့သူ့မောင်နှစ်ဝမ်းကွဲဆိုတဲ့သူကထဖောက်ပါလေရော။ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးနေရာကိုလိုချင်လို့ဆိုပီးပထမမျက်နှာပြောင်တိုက်ပီးတောင်းသေးတယ်။
အိမ်ရှင်အမျိုးသမီးကမပေးတော့လက်နက်နဲ့အနိုင်ကျင့်၊အခန်းတစ်ခန်းထဲမှာချုပ်ထားပီးသူကဗိုလ်တက်လုပ်ပါလေရော။
ဒါနဲ့အဲ့အိမ်နဲ့ပတ်သက်ရပ်ကွက်ကောင်စီအစည်းအဝေးခေါ်ရတာပေါ့။ပထမအစည်းအဝေးမှာတစ်ရပ်ကွက်လုံးကဝိုင်းဝန်းရှုံ့ချကြတယ်။ ဘေးအိမ်ကတရုတ်ကြီးတို့မိသားစုကလွဲလို့ပေါ့။
တရုတ်ကြီးကတော့အိမ်တွင်းရေးလို့ပဲတွင်တွင်ပြောနေတာ။ရပ်ကွက်ထဲမှာသူကဒုတိယအချမ်းသာဆုံးဆိုတော့သူ့မျက်နှာလဲကြည့်ရသေးတယ်။ ဘာမှအရေးယူလို့မရသေး။ ပြသနာဖြစ်တဲ့အိမ်မှာတော့ နေ့စဥ်နဲ့အမျှစိတ်မချမ်းသာစရာတွေပြည့်နှက်လို့။
ဒီလိုနဲ့အဲ့အိမ်မှာဗိုလ်ကျနေတဲ့ခြံစောင့်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အိမ်သားတွေကိုရိုက်နှက်တာ တွေဖြစ်လာတော့ရပ်ကွက်ကောင်စီအစည်းအဝေးထပ်ခေါ်ရတယ်။
အလှည့်အပြောင်းကအဲ့မှာစတာပဲ။
အစည်းအဝေးမှာအဲ့အိမ်ကလွှတ်လိုက်တဲ့ခြံစောင့်ရဲ့သားကိုယ်တိုင်က မခံစားနိုင်တော့လို့ ” ကျနော်တို့အိမ်ကလူရမ်းကားကြီးကိုအရေးယူပေးပါတော့ ” ပြောလာတယ်ဆိုရင်ရပ်ကွက် ကောင်စီကမဖြစ်မနေအရေးယူရပါလိမ့်မယ်။ အိမ်ရှင်ကိုယ်စားလှယ်ကိုယ်တိုင်ကတောင်းဆိုနေပြီလေ။ ဘေးအိမ်ကတရုတ်ကြီးလဲဘာမှလုပ်ပေးလို့ရမှာမဟုတ်တော့။
အိမ်ရှင်အမျိုးသမီးကိုပြန်လွှတ်ပေးပြီးအရင်အခြေအနေတိုင်းပြန်လုပ်ပေးရင်ပေး၊ မဟုတ်ရင်တော့ရပ်ကွက်လူကြီးတွေကရဲပါခေါ်ပြီးဖြေရှင်းပါလိမ့်မယ်။ ရဲခေါ်ရတဲ့အဆင့်ရောက်သွားရင်တော့ခြံစောင့်ကပြန်ခုခံရင်အိမ်နာပါမယ်။ ဘယ်လိုပဲခုခံပါစေ ဖမ်းမိမှာ ဖြစ်တဲ့အတွက် ကျိန်းသေပေါက်အရေးယူခံရပါလိမ့်မယ်။
အဲ့တော့ရဲတွေမလာခင်ခုချိန်နောက်ဆုတ်လိုက်ရင်အချိန်မီပါသေးတယ်လို့။ အမေ့ကိုပြန်လွှတ်ပေးလိုက်ပါ။ ကျန်တာတွေသူကြည့်ကျက်စီမံသွားပါလိမ့်မယ်။
GEN Y
>>>>>