ဖေ့စ်ဘုတ်ပေါ်မှာပြောနေကြတဲ့ ၇၂ နာရီကမ်ပိန်းကြီးလည်းပြီးသွားပြီ။ ညဖက်ဆို သံပုံးတွေလည်းတီးပြီး သွားပြီ။ သူတို့ဖက်ကလည်း မီးတွေဖြတ်၊ ရုပ်သံလိုင်းတွေဖြတ်၊ အင်တာနက်တွေဖြတ်နဲ့ တစ်မျိုးပြီးတစ် မျိုး လုပ်ပြီးသွားပြီဆိုတော့ ဒီနေ့တော့ အများပြည်သူဆန္ဒပြပွဲတွေစတင်တယ်။
အင်တာနက်လိုင်းကို လုံးဝဖြတ်လိုက်တော့ မြန်မာတစ်နိုင်ငံလုံးက ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်သွား ခဲ့ကြတယ်။ ဒီတော့ လူတွေက အပြင်ကိုထွက်ပြီး ဆန္ဒထုတ်ဖော်ဖို့ပြင်ကြရပြီ။
လှည်းတန်းမှာ လူတွေစုပြီး ဆန္ဒစပြတယ်။ အများစုကတော့ လူငယ်တွေပဲ။ ကျိတ်ကျိတ်တိုးစည်ကား တယ်။ ထောင်ပေါင်များစွာသောလူတွေက အေးအေးချမ်းချမ်းပြသလို ရဲတွေကလည်း ပြဿနာတော့ မ လုပ်သေးဘူး။ ကျွန်တော်တို့အားလုံးရဲ့မျှော်လင့်ချက်က အမေစု၊ သမ္မကြီးတို့ကိုပြန်လွှတ်ပေးရေးနဲ့ စစ် အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ရေးပဲ။ မြန်မာနိုင်ငံက စစ်အာဏာရှင်က အခြားစစ်အာဏာ ရှင်စနစ်နဲ့မတူဘူး။ ကျွန်တော်ကြုံရတာပြောပြမယ်။
ကျွန်တော်ဟာ ၂၀၀၀ ခုနှစ်မှာ ဆယ်ကျော်သက်အရွယ်ရောက်နေပါပြီ။ အဲဒီအချိန်မှာ မိုဘိုင်းဖုန်းဆိုတာ ရုပ်ရှင်ထဲမှာပဲမြင်ဖူးတဲ့ ဇိမ်ခံပစ္စည်းဖြစ်ခဲ့တယ်။ ကိုယ့်နိုင်ငံကထွက်တဲ့ ပုစွန်တုတ်ကြီးကိုမစားဖူးဘူး။ တ ရုတ်ဈေးကွက်ကိုပဲသီးသန့်ပို့တာတဲ့။ လျှပ်စစ်မီးခဏခဏအဖြတ်ခံရတယ်။ ရေမလာလို့ မီးလာတဲ့အချိန် ကို စောင့်ပြီး ရေမောင်းခဲ့ရတယ်။ ကုန်ဈေးနှုန်းခဏခဏတက်တယ်။ နိုင်ငံတကာသတင်းအမှန်တွေနား ထောင်ချင်ရင် BBC ရေဒီယိုကိုနားထောင်ရတယ်။ စာမေးပွဲအောင်ချင်ရင် အတန်းပိုင်ဆရာမကိုလာဘ်ထိုး ရတယ်။ ပညာတတ်ဘွဲ့ရသူတွေဟာ အခြေခံလူတန်းစားတွေနဲ့မကွာခြားဘူး။ ဘွဲ့ရပြီးဆိုက်ကားနင်းရတဲ့ သူ၊ ဈေးရောင်းရသူ၊ မလေးရှားနဲ့ထိုင်းကိုသွားပြီး အောက်ခြေအလုပ်လုပ်ရသူတွေချည်းပါပဲ။ အစိုးရယူနီ ဖောင်းဝတ်မှန်သမျှကိုကြောက်ကြရတယ်။ စစ်အာဏာရှင်အသိုင်းအဝိုင်းနဲ့ပတ်သက်လို့အမှားတစ်ခုခု ပြောမိ၊ လုပ်မိမှာကြောက်ရတယ်။ ပိုက်ဆံရှိမှာ ဆေးကုသမှုခံနိုင်တယ်။ အထူးသဖြင့် ရဲတွေ၊ စစ်သားတွေ ဆိုရင် ရာထူးနိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ သေသေချာချာတောင်မကြည်ရဲတဲ့အထိကြောက်ကြရ တယ်။ သူတို့ပြဿနာရှာရင်ဘာမှမတတ်နိုင်ဘူး။
စစ်အာဏာရှင်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့အစိုးရရုံးတိုင်းဟာ လာဘ်စားမှုတွေနဲ့ပြည့်နှက်နေတယ်။ ဥပ မာပြောရရင် ကိုယ့်အိမ်မှာကိုယ်နေပြီး ရပ်ကွက်ရုံးကိုသွားပြီးမှတ်ပုံတင်ရတယ်။ သန်းခေါင်စာရင်းတိုင် တယ်လို့သူတို့ကပြောတယ်။ သန်းခေါင်စာရင်းတစ်ခါတိုင်ရင် ပိုက်ဆံတစ်ခါပေးရတယ်။ တစ်လစာပေါင်း တိုင်လို့ရတယ်။ ပိုက်ဆံတော့နည်းနည်းများတာပေါ့။ အလုပ်လုပ်ဖို့အတွက် ထောက်ခံစာသွားယူရပြီး အဲဒီ ထောက်ခံစာရဖို့ရဲစခန်း၊ ရပ်ကွက်ရုံးတို့ကို လာဘ်ထိုးရတယ်။ ထောက်ခံပေးဖို့အတွက် ကိုယ်နေတဲ့ရပ် ကွက်မှာရှိတဲ့ ယာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ဆီသွားပြီးလက်မှတ်ထိုးခိုင်းရတယ်။ အဲဒီလိုလက်မှတ်ထိုးဖို့ အတွက် ပိုက်ဆံပေးရတယ်။
အရာရာတိုင်းဟာအကြောက်တ ရားတွေနဲ့ပြည့်နှက်နေခဲ့ရတယ်။ ကျွန်တော်တို့ လူ့အခွင့်အရေးဆိုတာ ကိုသိလာတာ လွန်ခဲ့တဲ့ငါးနှစ်၊ တကယ့်ကိုပဲ ငါးနှစ်ပဲရှိပါသေးတယ်။ အခြေတည်စအခြေအနေမှာ အရင် ဘဝကိုပြန်မရောက်ချင်တော့ဘူး။ ဒီတော့ ညတိုင်းသံပုံးတီးတယ်၊ အင်တာနက်ရရင် အင်တာနက်ပေါ်က နေ ကျွန်တော့်မိတ်ဆွေတွေကို CDM ကမ်းပိန်းမှာပူးပေါင်းပါဝင်ဖို့ တတ်နိုင်သလောက်ပြောမယ်။
မနက်ဖြန်ကတော့ အပြင်ထွက်ဆန္ဒပြကြမှာမို့ တစ်တပ်တစ်အားပါဝင်မယ်။
>>>>>