စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို လမ်းပေါ်ထွက်အောင်လှုံ့ဆော်မှုတွေအများကြီးလုပ်ကြလိမ့်မယ် လို့အချင်းချင်းသတိပေးကြတယ်။ အခုလောလောဆယ်မှာ ကျွန်တော်တို့ အပြင်ကိုထွက်ပြီးဆန္ဒပြလို့မ ဖြစ်သေးဘူး။ ကျွန်တော်တို့ခေါင်းထဲမှာ ၇၂ နာရီကမ်ပိန်းကလွှမ်းမိုးနေတုန်းပဲ။
စစ်အစိုးရက တင်းကြပ်မှုတွေကိုလုပ်လာတယ်။ အင်တာနက်လိုင်းကိုအပြီးအတိုင်ပိတ်ပစ်လိုက်မယ်လို့ ပြောတာမျိုး၊ အစိုးရဝန်ထမ်းတွေအလုပ်မဆင်းရင်ဝန်ထမ်းအိမ်ရာကနေ ၂၄ နာရီအတွင်းထွက်သွားရ မယ်ဆိုတာမျိုး၊ လက်ရှိသုံးနေတဲ့ ၅၀၀၀ ကျပ်တန်နဲ့ ၁၀၀၀၀ ကျပ်တန်ငွေကြေးတွေကို တရားမဝင်အဖြစ် ကြေညာလိုက်မယ်ဆိုတာမျိုး အစရှိတဲ့သတင်းတွေကိုလွှင့်တယ်။ ဘဏ်တွေမှာ ပိုက်ဆံသွားအပ်သူအပ်၊ ၅၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ်တန်တွေကို ထုတ်သုံးသူကသုံးနဲ့အလုပ်တွေရှုပ်ကုန်တယ်။
အခြားတစ်ဖက်မှာလည်း ကိုဗစ်ကြောင့်အချိန်နဲ့ပြေးဆွဲနေတဲ့ရထားကို တစ်နေ့ကို အခေါက်အကြိမ်ရေ အများကြီးပြေးပေးတာမျိုး၊ ရောဂါဖြစ်မှာစိုးလို့ဘုရားတွေပိတ်ထားတာကို ဘုရားတွေပြန်ဖွင့်ပေးမယ်လို့ သတင်းထုတ်တာမျိုး အနုနည်းကိုလည်းလုပ်ပြန်တယ်။ ကိုဗစ်ဆိုတာကြီးကိုအားလုံးကမေ့မေ့လျော့ လျော့ဖြစ်သွားကြတယ်။ နိုင်ငံရေးမတည်ငြိမ်တော့ အိမ်တွင်းစီးပွားရေးလည်းမတည်ငြိမ်ကြတော့ဘူး လေ။
Civil Disobedience Movement ရေပန်းစားလာတယ်။ အရင်ဆုံးစလိုက်တာ ကျန်းမာရေးဝန်ထမ်းတွေ ပဲ။ စစ်အစိုးရကိုဆန့်ကျင်တာကြောင့် အလုပ်မဆင်းဘဲဆန္ဒထုတ်ဖော်တဲ့လှုပ်ရှားမှုပေါ့။ ကျန်းမာရေးဝန် ထမ်းတွေနဲ့အတူ အင်ဂျင်နီယာတွေရောပါလာတယ်။ အဲဒီနောက် ကုမ္ပဏီဝန်ထမ်းတွေလည်း တစ်သီးပု ဂ္ဂလပါလာကြတယ်။ ကျွန်တော်က ဝန် ထမ်းတစ်ဦးဖြစ်ပါတယ်။ အခွန်ကိုလတိုင်းပေးဆောင်ပါတယ်။ စစ်အစိုးရကိုဆန့်ကျင်ကြောင့် ဆန္ဒထုတ် ဖော်တဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်း၊ အင်ဂျင် နီယာ စတဲ့ ဌာနဆိုင်ရာတွေနဲ့အတူရပ်တည် သွားပါ့မယ် အစချီတဲ့ ကတိပြုချက်စာသားတွေကို မိမိ ကိုယ်ပိုင်ဆိုရှယ်မီဒီယာတွေပေါ်တင်ကြတယ်။
Civil Disobedience Movement ကိုတော်တော်များများလုပ်လာကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေကို နှစ်ထပ်ကွမ်းကျေးဇူးရှင်ဆိုပြီး အားလုံးကအသိအမှတ်ပြုကြတယ်။ ကိုဗစ်မှာလည်း သူတို့ကရှေ့ဆုံးကပါ ဝင်ခဲ့ကြတာလေ။ စစ်အစိုးရကိုဖြုတ်ဖို့က CDM ကမ်ပိန်းတွေကို အစိုးရဝန်ထမ်းတွေကိုလုပ်စေချင်တယ်။
မင်းအောင်လှိုင်တို့အဖွဲ့ဟာ အာဏာရှင်လို့ပြောတာထက် သူပုန်တပ်လို့ပြောတာပိုမှန်တယ်လို့အားလုံးက မှတ်ချက်ပြုကြတယ်။ လက်နက်အားကိုးနဲ့ ဥပဒေကိုချိုးဖောက်ပြီး အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ ပြည်သူ့အစိုးရကိုဖမ်းတယ်။ လူတွေကိုချိန်းခြောက်တယ်။ နိုင်ငံတော်အာဏာကိုမတရားနည်းနဲ့ရယူပြီး ဝန်ကြီးဌာနတွေကို သူ့စိတ်ကြိုက်ပြုပြင်ပြောင်းလဲမှုတွေစနေပြီ။ ဥပမာအားဖြင့် မဲ ၁၁ မဲပဲရပြီး အပြတ်အ သတ်ရှုံးသွားတဲ့ ပီသုံးလုံးပါတီက ဒေါ်သက်သက်ခိုင်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးနေရာပေးလိုက်တာမျိုး။ စာရေးဆရာ ချစ်နိုင်စိတ်ပညာကို ပြည်ကြားရေးဝန်ကြီးခန့်လိုက် တာမျိုးတွေပေါ့။
သံပုံးတီးကမ်းပိန်းနဲ့အတူ ဖဲကြိုးနီကမ်ပိန်း Red Ribbon Campaign ပါပါလာတယ်။ ဒါပေမဲ့ အဲဒါကသိပ် ထိရောက်တယ်မထင်လှဘူး။ ပြီးတော့ အတုအယောင်တွေလို့လည်းပြောတယ်။ စစ်အစိုးရက ရုံးတွေမှာ ရှိတဲ့ဝန်ထမ်းတွေကို တမင်လုပ်ခိုင်းပြီး ပြည်သူကို စိတ်ပေါ့သွားအောင်လုပ်တာမျိုးလို့လည်းပြောကြ တယ်။
>>>>>