တော်လှန်ရေးကိုအရှိန်တင်ဖို့လိုနေပြီမို့လို့ ဒီစာကိုရေးလိုက်ရတာဖြစ်ပါတယ်။ အမေစုနဲ့ သမ္မတကြီးရဲ့ အခြေအနေကလည်းထူးခြားမလာဘူး။
နေ့စဉ်ရက်ဆက် သံပုံးတီးလိုက်၊ လမ်းပေါ်ထွက်လိုက်၊ စီဒီအမ်လုပ်ဖို့ ဆော်ဩလိုက်နဲ့ ဒီဇာတ်မျှောကြီး အတိုင်းဆက်သွားနေမယ်ဆိုရင် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ တွေးမိတာကြောင့် ဒီစာကိုရေးလိုက် ရတာဖြစ်ပါတယ်။ ဒီအတိုင်းဆက်သွားရင် ဒီလိုဆိုးကျိုးတွေရလာနိုင်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။
(၁) အချိန်ကြာလာတာနဲ့အမျှ လမ်းပေါ်ထွက်ဆန္ဒပြသူတွေ အားလျော့လာမယ်။ စစ်တပ်ကဒီအတိုင်း လွှတ်ပေးထားတဲ့အတွက်ကြောင့်ဆန္ဒပြလူထုတွေ Focus တွေပျောက်လာမယ်။
(၂) သံပုံးတီးသံတွေနည်းလာမယ်။
(၃) စီဒီအမ်တွေက တိုးမလာဘဲ အားပျော့ပြီးဟိုဖက်ကိုပါသွားနိုင်တယ်။
(၄) စစ်တပ်က တစ်နေ့တစ်မျိုးမရိုးအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်နေတာကြောင့် လူတွေဆီမှာ အကြောက်တရားလွှမ်းမိုးပြီး လက်လျှော့နိုင်တယ်။
(၅) ဒီအချက်ကအရေးအကြီးဆုံးပါ။ နောက်တစ်ပတ်နှစ်ပတ်ကြာတဲ့အချိန်မှာ နိုင်ငံစီးပွားရေးကြီးတစ်ခု လုံးက ပြိုဆင်းလာလိမ့်မယ်။ အခုတောင် ဘဏ်တွေပိတ်ကုန်ပြီ။ ကုန်သည်စက်မှုအသင်းလည်းပိတ် သွားပြီ။ သွင်းကုန်ထုတ်ကုန်တွေရပ်သွားပြီ။ ကုန်သွယ်မှုအပိုင်းတွေ ရပ်သွားမယ်။ အဲဒီအကျိုးသက် ရောက်မှုက အနှေး နဲ့အမြန်အောက်ခြေအထိဆင်းလာလိမ့်မယ်။ ကုန်ဈေးနှုန်းတွေတက်လာမယ်။ အခြေ ခံစားသောက်ကုန် တွေဈေးတက်မယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေ ဒီထက်ပိုပြီးကြပ်တည်းလာ လိမ့်မယ်။ အဲဒီအချိန် ကျရင် ကျွန်တော်တို့အခုမလိုချင်တဲ့ တောက်လျှောက်ထိန်းလာတဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာနိုင်ပါ တယ်။ အဲဒီအချိန်အထိကို စစ်ကောင်စီက ပေကပ်ပြီးနေနေရင် ဘာဆက်လုပ်ကြမလဲ။ ဒါမှမဟုတ် အဲဒီ လိုဖြစ်အောင် စစ်ကောင်စီက သူတို့အင်အားကိုသုံးစရာမလိုဘဲတမင်စောင့်နေတာလား။ ဒီလိုအခြေအနေမျိုးဆိုရင်နိုင်ငံတကာဖိ အားလည်းမလိုတော့ဘူးလေ။
လက်ရှိမှာ လူတွေက မြို့ပတ်လိုက်၊ ဒို့ အရေးလို့အော်လိုက်၊ သံရုံးတွေရှေ့သွားတန်းစီလိုက်နဲ့ ကြာလာရင် အီလာလိမ့်မယ်။ အတားအဆီးတွေမရှိတဲ့အတွက်ကြောင့် အဓိပ္ပါယ်မဲ့သလိုခံစားလာရတယ်။ လုပ်သာ လုပ်နေကြရတယ်။ တကယ်ထိရောက်မှု မရှိသလိုခံစားလာကြရတယ်။ နောက်တစ်ပတ်လောက်ကျရင် ကျွန်တော်တို့အပါအဝင်အားလုံးက Motivation တစ်ခုတော့ မဖြစ်မနေလိုလာပါလိမ့်မယ်။
အပြောင်းအလဲတစ်ခုခုဖြစ်အောင် ဘာလုပ်နိုင်သလဲ
(၁) လူထုအုံကြွမှုအရှိန်မလျော့ဖို့ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ၈၈ တုန်းကလို ဟောပြောပွဲတွေလုပ်ရမယ်။ အဲဒီအချိန်ကျရင် ရဲတွေ၊ စစ်တပ်တွေက တစ်ခုခုတော့လှုပ်ရှားလာမှာပဲ။ ဒီကောင်တွေကိုအနားပေးထား လို့တော့လုံးဝမဖြစ်ပါဘူး။
(၂) အခုလှုပ်ရှားနေတဲ့အဖွဲ့အစည်းအားလုံးရဲ့ကိုယ်စားလှယ်တွေချိတ်ဆက်၊ ကွန်ရက်တည်ဆောက်ပြီး စစ်အာဏာရှင်ကို အရှိန်ပြင်းတဲ့ဖိအားပိုပေးကြမလား။
(၃) စီဒီအမ်ကို လူတိုင်းလူတိုင်းဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းကို အခုထက်ပိုရှာပြီးဆောင်ရွက် ကြမလား။
(၄) ဆန္ဒပြမှု ကမ်ပိန်းကို ပုံစံတစ်မျိုးပြောင်းမလား။ (ဥပမာ – ဒီနေ့ဆန္ဒပြပွဲက “အမေစုကိုလွှတ်ပေးပါ” ဆိုပြီးတစ်နိုင်ငံလုံးဝိုင်းအော်မယ်၊ မနက်ဖြန်ကျရင်တော့ “စီဒီအမ်လှုပ်ရှားမှုအတွက်တွန်းအားပေးမယ်”၊ သန်ဖက်ခါကျရင်တော့ “သမ္မတကြီးလွှတ်ပေးဖို့တောင်းဆိုမယ်” ဆိုတဲ့ တစ်နေ့ကို ကမ်းပိန်းတစ်ခုတည်း ကိုပဲ Focus ထားမယ့်ပုံစံဖြစ်ပါတယ်။)
(၅) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (သို့မဟုတ်) အဖွဲ့အစည်းတချို့ကနေပြီး နိုင်ငံတ ကာကို နေ့စဉ်ရက်ဆက်အီးမေးလ်ပို့ပြီးအကူအညီတောင်းဖို့အီးမေးလ်တွေမပြတ်ပို့ပေးနေမယ်။
(၆) တရုတ်နဲ့ရေနံပိုက်လိုင်းကို တစ်နည်းနည်းနဲ့ (ခဏတာပဲဖြစ်ဖြစ်) ရပ်တန့်သွားအောင် တပ်လှန့်မယ်။ (တရုတ်က သူ့အကျိုးစီးပွားထိခိုက်လာရင် စစ်ကောင်စီကိုထောက်ခံဖို့ စဉ်းစားလာနိုင်တယ်။)
(၇) နောက်ဆုံးလက်နက်တစ်ခုအနေနဲ့ကတော့ ကျွန်တော်တို့တစ်တိုင်းပြည်လုံး နေပြည်တော်အတူ တကွ ချီတက်ပြီး အမေစုနဲ့သမ္မတကြီးကိုလွှတ်ပေးဖို့ တောင်းဆိုကြမယ်။
သေချာတာကတော့ ကျွန်တော်တို့ ဒီအတိုင်းငြိမ်နေလို့မရဘူးဆိုတာပါ။ ညဖက်ရဲကားတွေ စစ်ကားတွေ ဟိုလှည့်ဒီလှည့်သွားပြ၊ ဖမ်းမယ်ဆီးမယ်ခြိမ်းခြောက်ပြ၊ ဆူပူမှုဖြစ်အောင် ကောလဟလလွှင့်တာမျိုးတွေ ကို တစ်ချို့ကသည်းခံစိတ်ရှည်စောင့်နိုင်ပေမယ့် စိတ်ပျက်လာတဲ့အားလျော့လာတဲ့လူတွေကတော့အချိန် ခဏအတွင်းမှာ လက်လျှော့လာမှာသေချာပါတယ်။ အခုတောင်ရုံးသွားတဲ့လူတစ်ချို့ကိုတွေ့နေရပြီ။
စစ်တပ်ဖက်ကအင်အားမသုံးဘဲနေရင် နိုင်ငံတကာကလည်း ဖိအားကို အကန့်အသတ်နဲ့ပဲပေးလို့ရမှာပါ။ သူတို့ကလမ်းပေါ်ကလူထုကိုလည်း ဘာမှမလုပ်ဘဲ ကျွန်တော်တို့ရဲ့အင်အားကို အမှည့်ခြွေခြွေထားမယ်၊ စီဒီအမ်ကိုလည်း ယန္တရားကြီးတစ်ခုလုံးရပ်ချင်ရပ်ပါစေ။ ဘာအရေးမှုမှမယူဘဲ လွှတ်ပေးထားမယ်ဆိုရင် တောင် အနည်းဆုံးဒီလကုန်တဲ့အချိန်မှာ စစ်အာဏာသိမ်းကောင်စီအုပ်စုက မဆင်းပေးဘဲပေကပ်နေမယ် ဆိုရင်ကော ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ဆိုတဲ့အတွေးပေါင်းများစွာနဲ့ ဒီစာကိုရေးရင်းအကြံပြု လိုက်ရတာဖြစ်ပါတယ်။
သေချာတာကတော့ ကျွန်တော်တို့ဒီအတိုင်းနေလို့မရတော့ပါဘူး။ ထိရောက်တဲ့နည်းလမ်းတစ်ခုခုကိုအ သုံးပြုဖို့လိုနေပြီဆိုတဲ့အတွေးနဲ့ အခုလိုအကြံပြုရေးသားလိုက်ရတာဖြစ်ပါတယ်။
စစ်အာဏာရှင်ကိုဖြုတ်ချ၊ အမြစ်ပြတ်နိုင်နှင်းမယ့် ဘယ်လိုတိုက်ပွဲမျိုးကိုမဆို ပူးပေါင်းပါဝင်တွန်းလှန်ဖို့ အဆင်သင့်ရှိတဲ့အကြောင်းလေးလည်းပြောလိုက်ချင်ပါတယ်။
လေးစားလျှက်
Generation Y လူငယ်တစ်စု။