LATEST STORIES

နန်းတွင်းစစ်ကြောရေးတွင် သေကံမရောက် သက်မပျောက်ခဲ့သူ

အညာမြေ၏ ဇူလိုင်နံနက်ခင်းတစ်ခုတွင် နေထွက်ချိန်အစောပိုင်းဖြစ်သော်ငြား ပူပြင်းအိုက်စပ်နေသည်။ ထိုအပူဒဏ်ကို အန်တုကာ လူငယ်တစ်စုသည် ဝမ်းနည်းစွာဖြင့် အောက်မေ့ဖွယ်အခမ်းအနားတစ်ခု ပြုလုပ်နေသည်။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်သည့် အခမ်းအနားဆိုသော်လည်း ကျောင်းသားသမဂ္ဂအလံများ ချိတ်ဆွဲထားပြီး ရိုးရှင်းလှသည့် လူစုလူဝေး ဟောပြောပွဲတစ်ခုမျှသာ...

Read moreDetails

ဩဂုတ် ၀၈၊ ၂၀၂၃။ (အင်္ဂါ)

ဒီနေ့ဟာရှစ်လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့်နေ့ပဲ။အရင်နှစ်တွေကဒီလိုနေ့မျိုးမှာ အထိမ်းအမှတ် ဆန္ဒပြမှုများရန်ကုန်နမှာ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဝင်များက လူကူးခုံးကျော်တံတားများပေါ်မှာ ကင်းပုန်းဝပ်ပြီးစစ်ဆေးမှုများ ပြုလုပ်နေတယ်။ ဒီနေ့အပြင်သွားတော့ခုံးကျော်တံတားပေါ် ထောင့်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ပြည်လမ်း မာလာမှတ်တိုင်နားက ခုံးတံတားမှာဆို တံတားပေါ်က ဖြတ်သွားတဲ့...

Read moreDetails

ဩဂုတ် ၀၇၊ ၂၀၂၃။ (တနင်္လာ)

ကချင်ပြည်နယ်ဘက်မှာလဲစစ်ကောင်စီကဇူလိုင်လဆန်းမှာကေအိုင်ကေဌာနချုပ်နယ်မြေနဲ့နီးတဲ့နန့်ဆန်ယန်ဒေသကိုထိုးစစ်ဆင်လာပြီးနောက်ဇူလိုင်လကုန်ပိုင်းမှစပြီးကေအိုင်အေကလည်းစစ်ကောင်စီတပ်စခန်းတွေကိုဆက်တိုက်ဆိုတန်ပြန်ထိုးစစ်နဲ့တိုက်ခိုက်သိမ်းပိုက်နေတယ်။နန့်ဆန်ယန်ဒေသအနီးမြစ်ကြီနား-ဗန်းမော်လမ်းပေါ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုကေအိုင်အေကပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုက်ထားတယ်။ လတ်တလောမှာဖားကန့်မြို့နယ်ကကသိုင်းတော်စစ်တပ်စခန်းကိုကေအိုင်ကသိမ်းပိုက်လိုက်ပြီ။ကသိုင်းတောင်စစ်စခန်းဟာစစ်တပ်အင်အား၇၀ကျော်နဲ့အခိုင်အမာတပ်စွဲထားတဲ့စခန်းတစ်ခုပါ။အထိအခိုက်အကျအဆုံးတွေကိုတော့ကေအိုင်ကေဖက်ကအရင်ကတည်းကထုတ်ပြန်လေ့မရှိတဲ့အတွက်အသေအချာမသိရဘူး။ ထို့အပြင်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသမှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။စစ်ကောင်စီအတွက်တော့အိပ်နေတဲ့ကျားကိုသွားနိုးသလိုဖြစ်နေပြီ။

Read moreDetails

ဩဂုတ် ၀၆၊ ၂၀၂၃။ (တနင်္ဂနွေ)

ကရင်ပြည်နယ်ရဲ့အခြား‌ဒေသတစ်ခုဖြစ်တဲ့မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရဲ့လမ်းပိုင်းတစ်နေရာဟာမိုးအဆက်မပြက်ရွာသွန်းမှုကြောင့်မြေသားအိဆင်းကာပြတ်ကျသွားပါတယ်။အရင်ရက်တွေကတော့လမ်းပေါ်ရေကျော်တာတွေရှိနေပေမဲ့ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ်။ လက်ရှိမှာ အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့်ပိတ်မိနေတယ်။ထိုလမ်းပိုင်းကိုပြန်ပြင်နိုင်ဖို့ကအတော်ကြာနိုင်တယ်။တိုက်ပွဲတွေကြောင့်မကြာခဏပိတ်ထားရတဲ့ထိုအာရှလမ်းမကြီးဟာဒီဖြစ်ရပ်ကြောင့် မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုမှာ ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်တယ်။ မြန်မာပြည်အောက်ပိုင်းမှာကရင်ပြည်နယ်ထဲသာမကပဲမွန်ပြည်နယ်ထဲကပြည်ထောင်စုလမ်းမကြီးတွေပေါ်မှာလဲမိုးများသောကြောင့်လမ်းပေါ်ရေကျော်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေလို့ကုန်စည်စီးဆင်းမှုတွေနှေးကွေးလျက်ရှိတယ်။

Read moreDetails

ဩဂုတ် ၀၅၊ ၂၀၂၃။ (စနေ)

ကရင်ပြည်နယ်ဘားအံမြို့ရှိစစ်ကောင်စီတပ်တွေအစစ်ဆေးကြမ်းသည့်သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဆိုပါဂိတ်ဟာ အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ အဆောက်အဦးတွေတောင်ရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့အသေအပျောက်များနိုင်တယ်။မနက်အစောပိုင်းဖြစ်တာကြောင့်ဖြတ်သွားဖြတ်လာပြည်သူတွေရှိအုံးမှာမဟုတ်သေးပဲစစ်ကောင်စီဘက်ကလူတွေတော့အတော်အထိအခိုက်များနိုင်တယ်။ကားဗုံးနဲ့ဖောက်ခွဲခဲ့တာလို့သိရပြီးဖောက်ခွဲတဲ့အဖွဲ့ကိုတော့ခုထိမသိရသေးဘူး။ကားဗုံးနဲ့စစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်ဖောက်ခွဲတာဟာနွေဦးတော်လှန်ရေးကာလမှာမှတ်မိသလောက်ဒါပထမဆုံးပဲ။ကရင်ပြည်နယ်ဘားအံဒေသဟာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။

Read moreDetails

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်။ ရာထူးအပြောင်းအလဲ လုပ်ခံရသူများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ခန့်အပ်ခဲ့သူများနှင့် သူ၏ လူရင်းများလည်း ပါသည်။...

Read moreDetails

ဩဂုတ် ၀၄၊ ၂၀၂၃။ (သောကြာ)

မြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှဒုတိုင်းမှုးနဲ့နယ်လုံဝန်ကြီးတို့ကိုစစ်ကောင်စီတပ်မှအချင်းချင်းပြန်လည်ဖမ်းဆီးသွားတယ်။ဌာနတွင်းသတင်းပေါက်ကြားမှုတွေနဲ့လာဘ်စားမှုတွေကြောင့်နေပြည်တော်ကအထူးအဖွဲ့ကိုယ်တိုင်လာရောက်ဖမ်းဆီသွားတာဖြစ်တယ်။မကြာသေးခင်ကလဲကချင်ပြည်နယ်ဘက်ကတိုင်းမှုးကိုကေအိုင်အေနဲ့ဆက်သွယ်တယ်ဆိုပြီးအလားတူဖမ်းဆီးသွားသေးတယ်။ အခုနောက်ပိုင်းစစ်ကောင်စီကထိပ်ပိုင်းအရာရှိတွေဖမ်းဆီးခံနေရတာတွေတွေ့နေရပြီ။အရင်တုန်းကတပ်ရင်းမှုးအဆင့်လောက်သာအမိန့်မနာခံမှုကြောင့်အဖမ်းခံရတာမျိုးသာရှိပြီးအခုဆိုရင်တိုင်းမှုးအဆင့်လောက်ထိဖြစ်လာပြီ။သူတို့ဘယ်လိုပဲအကြောင်းပြပါစေဒါဟာစစ်အုပ်စုထဲမှာအချင်းချင်းမယုံကြည်မှုတွေကြီးထွားလာတာကိုပြသနေတာပဲ။တချို့ကတော့ဒီလိုဖြစ်ရပ်တွေကြောင့်တပ်တွင်းပုန်ကန်မှုတွေဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။ဒါပေမယ့်ဒါဟာဖြစ်နိုင်ချေနည်းသေးတယ်လို့ယူဆတယ်။တဖက်ကတွေးကြည့်ရင်မင်းအောင်လှိုင်ဟာအခုလိုမထင်ရင်မထင်သလိုအရေးယူနေတာကြောင့်စစ်တပ်ထဲမှာအကြောက်တရားပိုမိုကြီးထွားလာပြီးမင်းအောင်လှိုင်အလိုကျနေမယ့်သူတွေသာများလာနိုင်တယ်။မကြာသေးမှီကပဲစစ်ကောင်စီရဲ့အစိုးရအဖွဲ့ကိုမင်းအောင်လှိုင်ကသူယုံကြည်ရတဲ့သူတွေနဲ့ပဲပြောင်းလဲဖွဲ့စည်းလိုက်တယ်လေ။ဒါကြောင့်တပ်တွင်းပုန်ကန်မှုဖြစ်လာဖို့အလားအလာတော့အခုအချိန်ထိမတွေ့သေးဘူး။

Read moreDetails

ဩဂုတ် ၀၃၊ ၂၀၂၃။ (ကြာသပတေး)

ရှမ်းပြည်မြောက်ပိုင်းကEAOအဖွဲ့တစ်ခုဖြစ်တဲ့TNLAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာလို့ဖြစ်ပွားရတာဖြစ်ပြီးတရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့၁၀၅မိုင်နားမှာလက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတယ်။မူဆယ်မြို့ထဲမှာလဲပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလျက်ရှိတယ်။၁၀၅မိုင်ကုန်သွယ်ရေးစခန်းကတော့တိုက်ပွဲတွေကြောင့်ဖွင့်လိုက်ပိတ်လိုက်ပဲ။ ဒီတိုင်းဆိုရင်တရုတ်နယ်စပ်မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ဟာလဲထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်လိုပဲမရေရာမသေချာမှုတွေရှိလာလိမ့်မယ်။နယ်စပ်ကုန်သွယ်ရေးစခန်းတွေအကုန်ပိတ်သွားရင်စစ်ကောင်စီရောပြည်သူတွေပါပိုမိုခက်ခဲကြပ်တည်းလာလိမ့်မယ်။

Read moreDetails

ဩဂုတ် ၀၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

မနေ့ကစစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့်စစ်အုပ်ဟာဖိအားတွေအောက်မှအကျပ်အတည်းဆိုက်နေပြီဆိုတာတွေ့ရတယ်။ဒါကြောင့်စစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးအကွက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးဖို့ကြိုစားလာတယ်။ဒီရက်ပိုင်းအတွင်းဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ကထုတ်ပြီးနေအိမ်တစ်ခုကိုပြောင်းရွေ့ခဲ့တယ်ဆိုတဲ့ကောလဟာလတွေကိုလဲထုတ်လွင့်သေးတယ်။တကယ်တမ်းကိုစစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးချင်ပေမယ့်သူမကိုအပြီးမလွတ်ပေးရဲပါဘူး။ဒါကြောင့်ဟိုလိုလိုဒီလိုလိုအကွက်တွေသုံးပြီးပြည်သူနဲ့နိုင်ငံတကာကိုသွေးတိုးစမ်းနေတာပါ။ ဒါ့အပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့အစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီးသူ့အနားမှာသူယုံကြည်ရတဲ့သူတွေကိုပဲထားဖို့လုပ်ဆောင်နေတယ်။မတရားရယူထားတဲ့အာဏာကိုခြောက်လသက်တမ်းတိုးပြီးနောက်ဝန်ကြီးရာထူးအတော်များများကိုဖြုတ်ပစ်လိုက်ပြီးလူသစ်တွေနဲ့အစားထိုးလိုက်တယ်။စစ်ခေါင်း‌ဆောင်အနားနေရတဲ့သူတွေအတွက်တော့တနေ့ရွှေတနေ့ငွေပါပဲ။

Read moreDetails

ဩဂုတ် ၀၁၊ ၂၀၂၃။ (အင်္ဂါ)

ဒီမနက်သတင်းတစ်ခုတက်လာတယ်။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်တဲ့။စစ်ကောင်စီကထုတ်ပြန်တဲ့စာကိုသေချာဖတ်ကြည့်တဲ့အခါလွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပဲပြစ်ဒဏ်တချို့ကိုလျော့ပေါ့ပေးလိုက်တာပဲ။လျော့ပေါ့ပေးတယ်ဆိုတဲ့ပြစ်ဒဏ်တွေကလဲလွတ်ခါနီးပြစ်ဒဏ်တွေဖြစ်နေတာကိုတွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်ဆိုရင်စုစုပေါင်းထောင်၃၃နှစ်ချထားခံရပြီးအခုစာအရငါးနှစ်ခန့်သာလျော့သွားတယ်။စစ်အုပ်စုဟာနာမည်ကောင်းရချင်လို့မလိမ့်တပတ်လုပ်လိုက်တာပဲ။သူတို့ဒီလိုလုပ်လိုက်လို့ဘယ်သူမှသူတို့ကိုအသိအမှတ်မပြုကြဘူး။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုသံတွေသာပိုမိုကျယ်လောင်လာခဲ့တယ်။

Read moreDetails
Page 90 of 230 1 89 90 91 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist