စက်တင်ဘာ ၁၈၊ ၂၀၂၃။ (တနင်္လာ)
စစ်ကောင်စီရဲ့အဓိကအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့နေပြည်တော်မှာစစ်ကောင်စီလေတပ်စခန်းကိုတော်လှန်ရေးအဖွဲ့တွေက မောင်းသူမဲ့ယာဉ်အသုံးပြုကာ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်နိုင်ခဲ့ပါတယ်။အေလာမြို့ရှိ စစ်ကောင်စီလေတပ်စခန်းမှ လေယာဉ်ပြေးလမ်းနှင့် သိုလှောင်ရုံတို့ကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။ ထိုလေတပ်စခန်းမှာ စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်း ဖြတ်တောက်သည့်စနစ် Jummer တပ်ဆင်ထားသော်လည်း၎င်းတို့ထက်သာလွန်သောနည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့်ပစ်မှတ်ကိုထိရောက်အောင် ဗုံးသီးများကြဲချနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေထံမှသိရတယ်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးရှိနိုင်ပြီးအသေးစိပ်အခြေအနေအားအတည်ပြုစုံစမ်းဆဲပါ။တော်လှန်ရေးအဖွဲ့တွေဟာစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်လိုနေရာမျိုးကလေတပ်စခန်းမျိုးကိုတိုက်ခိုက်နိုင်တဲ့အထိခြေလှမ်းကြဲလာပါပြီ။ ဒါ့အပြင်နေပြည်တော်ကောင်စီနယ်မြေမှာ တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်လျှက်ရှိရာ သြဂုတ်...
Read moreDetails








