LATEST STORIES

မတ် ၄၊ ၂၀၂၁။ (ကြာသပတေး)

မနေ့ကတနိုင်ငံလုံးမှာအနည်းဆုံးလူ၅၀ ကျော်သေဆုံးခဲ့တဲ့ Bloody Day အပြီးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးလုပ်မယ်လို့သတင်းတွေတက်လာတယ်။  ဒီနေ့မှာတော့ဒေါက်တာဆာဆာရဲ့ R2P ကိုထောက်ခံတဲ့အစီရင်ခံစာထုတ်လိုက်တယ်။ တကယ်တော့စစ်သူပုန်အုပ်စုဟာလက်ရှိအနေအထားကနေနောက်ဆုတ်ဖို့လုံးဝမရှိဘူးဆိုတာမနေ့ကပြသပြီးသွားပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။ ပြည်တွင်းကလူထုလှုပ်ရှားမှုနဲ့ CDM တို့ဟာလက်ရှိအမြင့်ဆုံးအနေအထားမှာတောင်စစ်ကောင်စီကိုဖြုတ်ချဖို့အလှမ်းဝေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ဟာနိုင်ငံတကာအကူအညီကိုယူရပါလိမ့်မယ်။

Read moreDetails

ကမ္ဘာမကြေဖူးဟေ့ ကြွေးကြော်သံများ တနိုင်ငံလုံး ပျံ့လွင့်ခဲ့ရသော နေ့

(၁) မနေ့က အာဆီယံ နိုင်ငံများမှ အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် “အာဏာသိမ်းသည်” ဆိုသည့် စကားကို မသုံးဘဲ ယဉ်ကျေးစွာ တောင်းဆိုခဲ့ကြသည်ကို မင်းအောင်လှိုင်က ၎င်း၏ သစ္စာခံ တပ်များဖြင့် နိုင်ငံအနှံ့အပြားတွင် တရက်တည်း အမြင့်ဆုံးနှုန်းအဖြစ်...

Read moreDetails

မတ် ၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့ကျွန်တော့်ဇာတိမြေမှာအကြီးအကျယ်သွေးစွန်းခဲ့တယ်။ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာစစ်သူပုန်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးပြီး ၅၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်။ စစ်သူပုန်အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မြို့ကငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူငယ်တွေကို အပြင်းအထန်အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။ လူငယ်တွေဟာလည်းရန်ကုန်မြို့လယ် မြေနီကုန်း၊ လှည်းတန်း လိုနေရာမျိုးမှာခံစစ်ထိုင်ပြီးကြံကြံခံဆန္ဒပြကြတယ်။ အသေအပျောက်တွေလည်းရှိလာခဲ့တယ်။ ရက်နည်း...

Read moreDetails

အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး တိုက်ရိုက်သတင်း (မတ် ၄)

ကုလသမဂ္ဂတာဝန်ရှိသူက ထုတ်ဖော် ပြောကြားချက်အရ  ယမန်နေ့ (မတ်လ ၃) တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ကျည်အစစ်အသုံးပြု အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ရာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပို၍အရှိန်မြင့်လာဖွယ်ရှိနေသည်။ ၁၅...

Read moreDetails

အဆုံးအဖြတ် ရက်သတ္တပတ်ဖြစ်လာမလား

CRPH ကမနေ့က အာဏာလုစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်ပြီး သည်နှင့်တစ်ပြိုင်နက် သတင်း ၂ ခု တက်လာတာ ဖတ်လိုက်ရပါတယ် အဲ့တာကတော့ ဒေါက်တာဆာဆာက To ICC လို့ ပို့စ်တင်လိုက်သလို UN လုံခြုံရေးကောင်စီက စစ်ရေး...

Read moreDetails

မတ် ၂၊ ၂၀၂၁။ (အင်္ဂါ)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ခြေလှမ်းတွေက ဒီရက်ပိုင်းသွက်လာတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့လူ ၂၃ ယောက်ကြွေလွင့်အပြီးမှာ စစ်ကောင်စီကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေငြာလိုက်သလို ဒီနေ့မှာလဲပြည်ထောင်စုဝန်ကြီးတွေခန့်အပ်နေပြီဆိုတော့ အစိုးရဖွဲ့နေပြီဆိုတဲ့သဘောပေါ့။ တစ်နိုင်ငံလုံးမှာတော့လူထုဆန္ဒပြပွဲတွေဆက်လက်အရှိန်တက်နေဆဲပါပဲ။

Read moreDetails

အာဏာသိမ်းစစ်ကောင်စီအား ပြည်သူလူထုကဆန့်ကျင်ရေးလှုပ်ရှားမှု တိုက်ရိုက်သတင်း (မတ် ၃)

စစ်ကောင်စီက အကြမ်းဖက်၍ ပိုက်စိပ်တိုက်ဖြိုခွင်းနေသော်လည်း နိုင်ငံအနှံ့တွင် လူငယ်များဦးဆောင် နေသည့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများက အာခံနေဆဲဖြစ်သည်။Myanmar NOW သတင်းဌာန၏ ရိုက်ကူးတင်ဆက်မှုများကို ယခုလင့်ခ်တွင်ကြည့်ရှုနိုင်ပါသည်။ https://www.myanmar-now.org/mm/news/5935

Read moreDetails

ရဲတပ်ဖွဲ့ဝင်များက ကားဖြင့် လူစုလူဝေးထဲ မောင်းဝင်ခဲ့

မန္တလေးတွင်ရဲတပ်ဖွဲ့ဝင်များက ကားဖြင့် လူစုလူဝေးထဲ မောင်းဝင်ခဲ့သည်။ ထားဝယ်တွင်အနည်းဆုံးလူ ၃ ဦး သေဆုံးခဲ့သည်။ လားရှိုးနှင့်တောင်ကြီးတို့တွင်ဒဏ်ရာရရှိသူများ ရှိခဲ့ သည်။ တစ်နိုင်ငံလုံးအနှံ့ရဲများက အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။ မူရင်းသတင်း : https://bit.ly/2ZIvGiS

Read moreDetails

ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နှင်းခြင်း

ရပ်တပ်ဖွဲ့ဝင်များသည် ငြိမ်းချမ်းစွာဆန္ဒပြနေသူများအား အကြမ်းဖက်နှိမ်နှင်းမှုများ တစ်စထက်တစ်စ တိုးမြင့်လာခဲ့သည်။ မူရင်းသတင်း : http://bit.ly/3b2XpB1

Read moreDetails
Page 229 of 235 1 228 229 230 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist