မနေ့ကတနိုင်ငံလုံးမှာအနည်းဆုံးလူ၅၀ ကျော်သေဆုံးခဲ့တဲ့ Bloody Day အပြီးမှာကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်တံခါးပိတ်အစည်းအဝေးလုပ်မယ်လို့သတင်းတွေတက်လာတယ်။ ဒီနေ့မှာတော့ဒေါက်တာဆာဆာရဲ့ R2P ကိုထောက်ခံတဲ့အစီရင်ခံစာထုတ်လိုက်တယ်။
တကယ်တော့စစ်သူပုန်အုပ်စုဟာလက်ရှိအနေအထားကနေနောက်ဆုတ်ဖို့လုံးဝမရှိဘူးဆိုတာမနေ့ကပြသပြီးသွားပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။ ပြည်တွင်းကလူထုလှုပ်ရှားမှုနဲ့ CDM တို့ဟာလက်ရှိအမြင့်ဆုံးအနေအထားမှာတောင်စစ်ကောင်စီကိုဖြုတ်ချဖို့အလှမ်းဝေးနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ဟာနိုင်ငံတကာအကူအညီကိုယူရပါလိမ့်မယ်။