LATEST STORIES

မတ် ၁၉၊ ၂၀၂၁။ (သောကြာ)

နိုင်ငံတကာရေးရာမှာတော့တိုးတက်မှုတွေရှိလာပါပြီ။ R2P စောင့်ကြည့်ရေးအဖွဲ့ကသူတို့ရဲ့အဆင့်သတ်မှတ်ချက်မှာတခြားနိုင်ငံတွေကျော်ပြီးမြန်မာကိုအဆင့် ၁ နေရာတင်လိုက်ပါတယ်။ အမေရိကန်လေယာဥ်တင်သင်္ဘောအုပ်စုတစ်ခုဟာမြန်မာပြည်ဘက်ကိုရွှေ့လျားလာနေပါပြီ။ အမေရိကန်နဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ QUAD အဖွဲ့ဟာလေးနိုင်ငံပေါင်းစစ်ရေလေ့ကျင့်မှုကိုဘဂ်လားပယ်လယ်အော်မှာလုပ်ဖို့ရှိတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ တခြားရည်ရွယ်ချက်တွေလဲရှိကောင်းရှိနိုင်တယ်ပေါ့။ ပြည်တွင်းမှာတော့စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်၊အောင်ပန်းမြို့မှာတနေ့ထဲအနည်းဆုံး၇ဦးခန့်ကျဆုံးခဲ့ပါတယ်။ အောင်ပန်းလိုအေးချမ်းတဲ့မြို့သေးသေးလေးကိုအဲ့လောက်ထိအင်အားသုံးဖြိုခွင်းတာဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။

Read moreDetails

မတ် ၁၈၊ ၂၀၂၁။ (ကြာသပတေး)

ဒီနေ့မှာလည်း စစ်သူပုန်တွေဟာ ရန်ကုန်တစ် မြို့လုံးမှာပိတ်ဆို့ထားတဲ့အတားအဆီးတွေကိုဖယ်ရှားဖို့ အသည်းအသန်ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေကိုလည်းဖြိုခွင်းနေပေမယ့်လူငယ်တွေကခုခံနေကြလို့အခက်တွေ့နေပုံရပါတယ်။ လူငယ်တွေရဲ့ဆန္ဒပြပုံစံဟာနောက်တစ်ဆင့်တက်လာပေမယ့် စစ်သူပုန်တွေရဲ့အင်အားအလွန်အကျွံသုံးအကြမ်းဖက်မှုတွေကြောင့်ရေရှည်တောင့်ခံနိုင်ဖို့သိပ်မလွယ်ကူပါ။ ဒီအချိန်ဟာလူငယ်လူကြီးမရွေးညီညီညာညာတော်လှန်ခုခံရမယ့်အချိန်ရောက်နေပါပြီ။ တချို့လူကြီးတွေကတော့ခြိမ်းခြောက်မှုမျိုးစုံကြောင့်နောက်တွန့်နေတာကိုတွေ့ရပါတယ်။ နိုင်ငံတဝန်းမှာတော့ဆန္ဒပြပွဲတွေဟာဆက်လက်အားကောင်းနေဆဲပါ။

Read moreDetails

တစ်ပတ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ ပစ်သတ်မှုကြောင့် အနည်းဆုံး ၁၈၀ ခန့် ကျဆုံး

နေပြည်တော်မှ မမြသွဲ့သွဲ့ခိုင် ကျဆုံးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်မှ မတ်လ ၂၀ အထိ တစ်လခွဲအတွင်း ကျဆုံးသူ ၂၅၀ ကျော်ရှိရာ ယခုတစ်ပတ်အတွင်း ကျဆုံးသူမှာ အားလုံးပေါင်း၏ ၇၀ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးဖြစ်သည်။ မတ်လ...

Read moreDetails

လုပ်ငန်းခွင်မဝင်ပါက တာဝန်မှယာယီရပ်ဆိုင်းမည်ဟု ပညာရေးဝန်ထမ်းများကို ခြိမ်းခြောက်

စစ်ကောင်စီကို ဆန့်ကျင်ကာ အာဏာဖီဆန်ရေးလုပ်ရှားမှု (CDM) တွင် ပါဝင်နေသော ပညာရေးဝန်ထမ်း များကို မတ် ၂၂ တွင် လုပ်ငန်းခွင်ပြန်မဝင်ပါက တာဝန်မှယာယီရပ်ဆိုင်းသွားမည်ဟု  ခြိမ်းခြောက်စာ ထုတ်ပြန်ထားသည်။ မတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အဆိုပါစာကို...

Read moreDetails

မတ်လ၊ ၂၀ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

ရန်ကုန်၊ ကျောက်မြောင်းတွင် လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်၊ သေဆုံး မတ်လ ၂၀ ရက်၊ နေ့လည် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျောက်ရေတွင်းနှင့် မြို့သစ် ၂ လမ်းထိပ်မှာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်တည်ဆောက်ရန် ပြင်ဆင်နေချိန်တွင်...

Read moreDetails

တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန်

ဒီရက်ပိုင်း ကိုယ့်တိုင်းပြည် မတည်ငြိမ်တော့မှ တစ်ခြား မတည်ငြိမ်တဲ့ တိုင်းပြည်တွေအကြောင်း ဆက်တိုက် လေ့လာ ကြည့်ဖြစ်တယ်။ အဲ့ဒီလိုလေ့လာကြည့်မိတဲ့အခါ ပထမ စိတ်မချမ်းမသာ ဖြစ်မိတယ်။ နောက်တော့ စိတ်အားတက်ကြွလာတယ်။ စိတ်မချမ်းမသာ ဖြစ်ရတာကတော့ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန် အကွဲအပြဲကြောင့်...

Read moreDetails

တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်

တွံတေးမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်နှင့်ရဲ ဝင်ရောက်ပြီး နေအိမ်အချို့ရှိ သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများကို လုယက် သွားကြောင်း ဒေသခံများထံက သိရသည်။ တွံတေးမြို့နယ်၊ ဘုရားကြီး စံပြကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ နေအိမ်အချို့သို့ ဝင်ရောက်ကာ ငွေသားများ၊ ရွှေထည်...

Read moreDetails

မအူပင်ရှိ ကျေးရွာတစ်ချို့တွင် NLD ထောက်ခံသူများကို ပစ်မှတ်ထား ဖမ်းဆီးနေ

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်။ ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို...

Read moreDetails

မတ် ၁၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မြန်မာပြည်ရဲ့အဓိကမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့မန္တလေးကလမ်းမကြီးတွေဟာစစ်မြေပြင်နီးနီးဖြစ်နေပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုတားဆီးဖို့အတွက်၊ သပိတ်စစ်​ကြောင်းတွေရဲ့လုံခြုံရေးအတွက် ပြည်သူလူထုဟာလမ်းမကြီးတွေကအစ လမ်းသွယ်လေးတွေပါမချန်ရရာပစ္စည်းတွေနဲ့တားဆီးပိတ်ဆို့နေရပါတယ်။ စစ်သူပုန်အဖွဲ့ဟာလည်းနေရာအနှံမှာထိုအတားအဆီးတွေကိုဖျက်ဆီးဖို့ကြိုးစားကြပါတယ်။ လူထုနဲ့ထိပ်တိုက်တွေ့ရင်ပစ်ခတ်ဖြိုခွင်းပါတယ်။ လူထုကလဲအတားအဆီးတွေကိုခံပြီးရရာလက်နက်နဲ့ပြန်ခုခံကြပါတယ်။ လှိုင်သာယာအဝင်ဘုရင့်နောင်လမ်းဆုံမှာဆို တနေကုန်နီးပါးတိုက်ခိုက်ခံနေရတာပါ။ တမြို့လုံးလဲ မီးခိုးလုံးတွေ၊ ယမ်းနံတွေ၊ ညှော်နံတွေဖုန်းလွှမ်းနေပါပြီ။ တချို့နေရာတွေမှာဆို စစ်သူပုန်တွေဟာအတားအဆီးတွေကိုဖယ်ခိုင်းဖို့အတွက်လမ်းသွားလမ်းလာယောက်ျားလေးတွေကိုအတင်းအဓ္ဓမပေါ်တာဆွဲခိုင်းစေမှုတွေရှိလာပါတယ်။ အတားအဆီးတွေမဖယ်ပေးရင်ရပ်ကွက်ကိုပါမြေလှန်ပစ်ခတ်မယ်ဆိုပြီးခြိမ်းခြောက်လာနေပါပြီ။ ဒီပုံစံတိုင်းဆက်ဖြစ်နေမယ်ဆိုရင်ပြည်သူလူထုဟာကိုယ့်အိမ်ထဲမှာနေတာတောင်မလုံခြုံတဲ့ဘဝရောက်ရှိနေပါတယ်။ ဒါပေမယ့်လဲတဖက်ကပြန်ကြည့်မယ်ဆိုရင်...

Read moreDetails

မတ် ၁၆၊ ၂၀၂၁။ (အင်္ဂါ)

ဒီနေ့တော့လေငြိမ်နေတယ်။ Mobile Internet တွေဖြတ်ထားလို့လား။ ဒါမှမဟုတ် မုန်တိုင်းမလာခင် လေငြိမ်ခြင်းမျိုးလား။ လူမှုကွန်ယက်တွေမှာတော့သတင်းတွေသိသိသာသာကျဲသွားတယ်။ ပြည်တွင်းအခြေစိုက်သတင်းဌာနတွေ အကုန်ပိတ်ခံရတယ်လေ။ ပုဂ္ဂလိက သတင်းစာတွေလဲမထွက်  နိုင်တော့ဘူး။ နောက်ဆုံးကျန်တဲ့ Print Media ဖြစ်တဲ့ စံတော်ချိန်သတင်းစာတောင်  မနက်ဖြန်ကစနားပြီတဲ့။ နိုင်ငံတကာသတင်းတွေမှာတော့...

Read moreDetails
Page 224 of 235 1 223 224 225 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist