LATEST STORIES

အောက်တိုဘာ ၂၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့သီတင်းကျွတ်လပြည့်နေ့ကိုရွှေတိဂုံဘုရားမှာလူတွေခြေချစရာနေရာမရှိအောင်များပြားနေတယ်။ချောင်းသာ၊ငွေဆောင်စတဲ့ကမ်းခြေတွေမှာလဲဟိုတယ်တွေဘိုကင်အပြည့်ဆိုပဲ။ဆိုရှယ်မီဒီယာတွေပေါ်မှာတော့မြို့ပေါ်ကလူတွေသွေးအေးကုန်ကြပြီ၊အပျော်အပါးမက်နေကြတယ်၊တောထဲမှာတိုက်ပွဲဝင်နေတဲ့ကလေးတွေကိုအားမနာကြဘူးစသဖြင့်ဆူပူကြိမ်းမောင်းတဲ့သူတွေကတဖက်၊ဘုရားပေါ်ကသူတွေကိုကာကွယ်ပြောဆိုနေသူတွေကတဖက်နဲ့ပွဲစည်ကုန်ကြတယ်။ တကယ်ကဘယ်သူမှမှားတယ်လို့မထင်ပါဘူး။ဒီကာလမှာဘယ်သူမဆိုစိတ်ဖိစီးမှုကအနည်းနဲ့အများတော့ရှိမှာပဲ။အဲ့ဒီအခါကျကိုယ်စီစိတ်လွတ်လပ်မှုရှာကြမှာပဲ။ကိုယ့်အမြင်ပြောရရင်တော့ကမ်းခြေနဲ့ဘုရားဘယ်ပဲသွားသွားအပြစ်တစ်ခုမဟုတ်ဘူး။ဒါပေမယ့်အပျော်ခရီးတွေကဓာတ်ပုံတွေတော့ဆိုရှယ်မီဒီယာတွေပေါ်မှာမတင်သင့်ဘူး။တော်လှန်ရေးကိုအသက်ပါပေးပြီးလုပ်နေတဲ့သူတွေကိုကိုယ်ချင်းစာသောအားဖြင့်ပေါ့။လူတိုင်းဟာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။    

Read more

အောက်တိုဘာ ၁၉၊ ၂၀၂၁။ (အင်္ဂါ)

မနေ့ကလွတ်ပေးလိုက်တဲ့သူတွေထဲမှာတချို့တွေကထောင်ဘူးဝမှာ၊တချို့ကအိမ်ပြန်ရောက်မှပြန်အဖမ်းခံရတဲ့သူတွေရှိလာတယ်။စုစုပေါင်းတစ်ရာကျော်ပြန်အဖမ်းခံရတယ်တဲ့။စစ်ကောင်စီဟာဘာတွေဘယ်လိုလုပ်နေမှန်းကိုနားမလည်နိုင်တော့ဘူး။တကယ့်ကိုကြက်သရေတုံးတဲ့အဖွဲ့အစည်းပဲ။ဒီလိုလူတွေအာဏာကိုချုပ်ကိုင်နိုင်သေးတာအံသြဖို့ကောင်းတယ်။နာမည်ကြီးအနုပညာရှင်တွေလဲတယောက်မှလွတ်မလာဘူး။ USကတော့စစ်ကောင်စီကိုဖိအားဆက်ပေးဖို့နိုင်ငံခြားရေးအတွင်းဝန်ကိုအာဆီယံကိုလွှတ်လိုက်ပြီ။ UNကတော့အမေစုနဲ့သမ္မတကြီးတို့ကိုပဲလွှတ်ပေးဖို့ဆက်လက်တောင်းဆိုနေလေရဲ့။

Read more

အောက်တိုဘာ ၁၈၊ ၂၀၂၁။ (တနင်္လာ)

ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်းဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားငါးထောင်ကျော်ကိုစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တယ်။အထူးသဖြင့်ဆန္ဒတွေပြကြတုန်းကတနိုင်ငံလုံးအနှံံ့ဖမ်းဆီးခံထားရတဲ့လူငယ်တွေပေါ့။လွှတ်ပေးတဲ့စာရင်းတွေထဲမှာနာမည်ကြီးအနုပညာရှင်တွေပါဝင်လာတယ်လို့လဲသတင်းတွေကြားနေရတယ်။အတိအကျကတော့မနက်ဖြန်မှသိမှာပဲ။ အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ခွင့်မရတော့တဲ့မင်းအောင်လှိုင်ဟာနိုင်ငံတကာကိုမျက်နှာရလိုရညားမတရားဖမ်းဆီးထားတဲ့သူတွေကိုလွှတ်ပေးခြင်းသာဖြစ်တယ်။အစကတည်းကမတရားဖမ်းဆီးခံရတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးတင်စရာအကြောင်းလုံးဝမရှိဘူး။ခုလွတ်ပေးတဲ့သူတွေထဲမှာထိပ်သီးခေါင်းဆောင်တွေပါလာတာလဲမဟုတ်ဘူး။အဲ့ဒီတော့တော်လှန်ရေးမှာဘာမှအကျိုးသက်ရောက်မှုမရှိဘူး။

Read more

အောက်တိုဘာ ၁၇၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကောင်စီဟာအနောက်မြောက်ပိုင်းဒေသတစ်ခုလုံးကိုစစိဆင်ရေးလုပ်ဖို့တပ်တွေရွှေ့နေဆဲပဲ။အဲ့ဒီဒေသတွေမှာခုလောလောဆယ်တိုက်ပွဲတွေတော့လျော့ကျသွားတယ်။စစ်အင်အားတွေထပ်တိုးနေတာကြောင့်ဒေသခံPDFတွေလဲရှောင်ရတိမ်းရနဲ့လုပ်ရကိုင်ရတာကြပ်တည်းကုန်တယ်ထင်တယ်။ဒါပေမယ့်ရှမ်းပြည်မြောက်ပိုင်းမှာတော့MNDAAနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်သူပုန်တွေတဖြုတ်ဖြုတ်သေနေတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီတပ်သားတွေအရင်လိုသိပ်မရှိတော့တာသတိထားမိတယ်။ကြားရတဲ့သတင်းတွေအရတော့မြို့ကြီးတွေပေါ်ကတပ်တွေကိုစစ်ကိုင်းတိုင်းဖက်ရွှေ့နေကြတယ်တဲ့။ အုပ်ချုပ်ရေးယန္တရားကတော့အခုချိန်ထိတောရောမြို့မှာပါကောင်းကောင်းတည်မရသေးဘူး။ဒလန်တွေအပြင်အုပ်ချုပ်ရေးမှုးတွေပါပစ်မှတ်ထားလုပ်ကြံခံရတယ်။တချို့မြို့နယ်တွေမှာဆိုမြို့နယ်လုံးကျွတ်နုတ်ထွက်ကုန်ကြပြီ။

Read more

အောက်တိုဘာ ၁၆၊၂၀၂၁။ (စနေ)

အာဆီယံဟာလာမယ့်ထိပ်သီးအစည်းအဝေးမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပေးမတက်ဖို့ဆုံးဖြတ်လိုက်ပြီ။ပြည်တွင်းရေးကိုမစွတ်ဖက်ဖို့မူကိုကိုင်ဆွဲထားတဲ့အာဆီယံအဖို့ဒါဟာသမိုင်းဝင်မယ့်ဆုံးဖြတ်ချက်ဖြစ်သလိုပြည်သူတွေအနစ်နာခံမှုတွေအတွက်ထွက်ပေါ်လာတဲ့ရလဒ်ကောင်းတစ်ခုပေါ့။စစ်ကောင်စီအတွက်ကတော့UNမှာလဲအသိအမှတ်မပြု၊နောက်ဆုံးလက်ကျန်အာဆီယံကလဲသူတို့ကိုကန်ထုတ်လိုက်ပြီဆိုတော့သံတမန်ရေးရာမှာလုံးဝကျဆုံးသွားရှာပြီ။ဒါလဲခေါင်းမာမာနဲ့အမေစုတို့ကိုပေးတွေ့မှာမဟုတ်သေးဘူး။အာဆီယံကတော့အမေစုတို့မတွေ့ရသ၍စစ်ကောင်စီကိုအဖက်လုပ်မယ့်ပုံမပေါ်ဘူး။နှစ်ဖက်စလုံးကတင်းနေတော့ရှေ့ဆက်ဘယ်လိုစခန်းသွားကြမလဲမသိဘူး။  

Read more

​မင်းအောင်လှိုင် အခြေခံဥပဒေဖောက်ဖျက်ကြောင်း သမ္မတ၏ နှုတ်ထွက်သက်သေ

၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က သမ္မတအိမ်တော်၌ နိုင်ငံတော်သမ္မတရာထူးလက်ခံသည့် အခမ်းအနားတွင် တွေ့ရသည့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရအဖွဲ့ဝင်များ။ (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်) အိမ်နီးချင်း...

Read more

အောက်တိုဘာ ၁၅၊ ၂၀၂၁။ (သောကြာ)

မိုးတွေဆက်တိုက်ရွာနေတာရက်ဆက်နေပြီ။ခါတိုင်းဒီလိုမိုးရွာရင်ကော်ဖီရယ်၊စာအုပ်လေးရယ်နဲ့ဇိမ်ယူနေကျပဲ။ဒီနှစ်မိုးတွင်းတော့ဇိမ်မယူနိုင်အားဘူး။မိုးရွာရင်စစ်ဘေးရှောင်ပြည်သူတွေဒုက္ခရောက်မှာတွေးပူမိတယ်။တောထဲကသူရဲကောင်းလေးတွေကိုင်တဲ့တူမီးသေနတ်ဆိုတာလဲမိုးမိရင်ယမ်းမပေါက်ဘူးတဲ့။သူတို့လဲစိတ်ညစ်မှာပဲ။မြို့ပေါ်ကလူတွေလဲဘာမှမထူးဘူး။လမ်းဘေးစျေးသည်တွေဆိုအစောထဲကစျေးရောင်းမကောင်းတဲ့ကြားကဒီလိုတနေကုန်မိုးရွာရင်စျေးဦးတောင်ပေါက်ပါ့မလား။ဒီကာလမှာဘယ်နေရာကြည့်ကြည့်သူ့အပူနဲ့သူပဲ။

Read more

အောက်တိုဘာ ၁၄၊ ၂၀၂၁။ (ကြာသပတေး)

ပြီးခဲသည့်စက်တင်ဘာလ အတွင်း သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်း အဖြစ် ၁ ဒေါ်လာလျှင် ကျပ် ၂၇၀၀ ကျော်အထိ ဖြစ်သွားခဲ့သည်/ ဧရာဝတီ မနေ့ကအလှူငွေကိစ္စဆက်ပြောရမယ်ဆိုရင်တော်လှန်ရေးမှာအလိုအပ်ဆုံးကတော့ငွေပဲ။လက်နက်ကိုင်တော်လှန်ရေးဆိုပိုတောင်လိုသေးတယ်။NUGကလဲဒီကိစ္စကိုအသည်းအသန်လုံးပန်းနေတယ်။ထီရောင်းတယ်၊ကံစမ်းမဲလက်မှတ်ရောင်းတယ်၊ဒါပေမယ့်အဲ့ဒီကရတာတွေကတပွဲထိုးတစ်ခါပဲရမယ့်ငွေတွေဖြစ်နေတယ်။ပမာဏအားဖြင့်လဲNUGအတွက်ဆင့်ပါးစပ်နှမ်းပက်သလောက်ပဲဖြစ်နေတယ်။ရေရှည်ပုံမှန်ငွေရမယ့်နည်းလမ်းကတော့အခွန်ကောက်တာပဲ။တော်လှန်ရေးကရေရှည်သွားရမှာကိုး။ LocalPDFတွေအတွက်ကတော့ပြည်သူတွေလှူဒါန်းတဲ့အလှူငွေကိုပဲအားပြုနေရတယ်။ဘက်ဂျက်လုံလုံလောက်လောက်မရှိတာမို့ရင်ဆိုင်တိုက်ပွဲတွေမဆင်နွဲနိုင်သေးပဲပျောက်ကျားစနစ်နဲ့သာသွားနေရတယ်။တသက်လုံးပျောက်ကျားတိုက်နေလို့မရတဲ့အတွက်ရေရှည်မှာဘယ်လိုဖြစ်လာမလဲဆိုတာတော့စဥ်းစားရခက်တယ်။

Read more

အောက်တိုဘာ ၁၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ခုတလောတော်လှန်ရေးအဖွဲ့တွေအတွက်အလှူငွေကောက်ခံတဲ့ကိစ္စမှာအငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်နေတယ်။တနိုင်ငံလုံးကPDF  တွေရှင်သန်လှုပ်ရှားနိုင်ဖို့ကပြည်တွင်းပြည်ပကမြန်မာတွေရဲ့အလှူငွေတွေအပေါ်မှာတိုက်ရိုက်မူတည်နေတာပါ။အထူးသဖြင့် NUG နဲ့ချိတ်ဆက်မထားတဲ့ Local PDF တွေအတွက်အတော်အရေးပါတယ်။နိုင်ငံတကာအကူအညီဆိုတာကလဲခုချိန်ထိဘာမှဖြစ်မလာသေးပါဘူး။ ဒီအခြေအနေမှာအလှူခံတဲ့သူရဲ့ပုံရိပ်ပေါ်မူတည်ပြီးယုံကြည်မှုတည်ဆောက်ကြရတယ်။တချို့ကလဲအကွက်ကျကျအယုံသွင်းပြီးအလှူငွေတွေကိုလိမ်သွားတဲ့ကိစ္စတွေပေါ်ပေါက်လာတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဖို့အတွက်တချို့တွေကပြန်လည်ဖြေရှင်းနေကြတယ်။ဘာပဲလုပ်လုပ်ယုံကြည်မှုကအရေးကြီးတယ်လေ။ဒီပြသာနာဟာလဲသိပ်ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူး။ပြည်သူတွေရဲ့အသိဥာဏ်ကဒီခေတ်မှာမြင့်မားနေပြီလေ။

Read more

အဆုံးအဖြတ်ကာလလား..

စကစဟာ မိုးကုန်တာနဲ့ စစ်ဆင်ရေး တွေ အမြဲစတင်လေ့ရှိပါတယ်။ အခုလည်း အားလုံး ကြားထားတဲ့အတိုင်း ချင်း+စစ်ကိုင်းစစ်ရေးနယ်မြေ (ချင်း၊ စစ်ကိုင်း၊ မကွေး) ကို စစ်ဆင်ရေး စဖို့ ပြင်ဆင်မှု အကြီးကြီး လုပ်နေပြီ ဖြစ်ပါတယ်။ ကစထမှူးနှစ်ယောက်...

Read more
Page 157 of 202 1 156 157 158 202

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist