ရှမ်းပြည်နယ်မှာရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်SSPPနဲ့စစ်တပ်တို့စစ်ရေးတင်းမာလျက်ရှိတယ်။ရှမ်းပြည်နယ်အလည်ပိုင်းကSSPPတပ်စခန်းသုံးခုကိုစစ်တပ်ကရွှေ့ခိုင်းပေမယ့်SSPPကမရွှေ့ပေးနိုင်ကြောင်းအကြောင်းပြန်လိုက်တာကြောင့်စစ်တပ်ကထိုဒေသမှာစစ်အင်အားတိုးချဲ့နေတယ်။SSPPဘက်ကလဲသူတို့မဟာမိတ် ဝ တပ်ဖွဲ့ဝင်တွေအပါအဝင်စစ်ရေးအရပြင်ဆင်လျက်ရှိတယ်။ ရှမ်းပြည်နယ်ဟာနယ်မြေကျယ်ပေမယ့်အခုကာလမှာပြည်နယ်မြောက်ပိုင်းကလွဲရင်တိုက်ပွဲတွေမရှိသလောက်ပဲ။အခုစစ်ရေးတင်းမာမှုကပေါက်ကွဲထွက်လာရင်စစ်ကောင်စီကိုပိုမိုအကျပ်ရိုက်စေလိမ့်မယ်။ရခိုင်ပြည်နယ်မှာလဲထိုနည်းတူစစ်တပ်နဲ့အေအေတို့စစ်ရေးတင်းမာလျက်ရှိတယ်။အခုလောလောဆယ်ငြိမ်သက်နေတဲ့ထိုပြည်နယ်နှစ်ခုမှာစစ်မျက်နှာသစ်တွေဖွင့်နိုင်ရင်တော်လှန်ရေးအတွက်ကြီးမားတဲ့အထောက်အပံဖြစ်စေလိမ့်မယ်။
Read moreDetailsရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့ နေ့ရောညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင်လေးဦးကို စစ်ကောင်စီက...
Read moreDetailsရန်ကုန်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မိသားစုတွေနေထိုင်တဲ့နေအိမ်တွေရှေ့ကိုမနေ့ကလူတစုရောက်လာပြီးအော်ဟစ်ဆဲဆိုကာခဲတွေနဲ့ပစ်ပေါက်ကြတယ်။နာရေးဖြစ်နေတဲ့အိမ်ကိုအခုလိုလုပ်တာဟာအတော်ရိုင်းစိုင်းပြီးလူမဆန်တဲ့အပြုအမူပဲ။ဒီလုပ်ရပ်ကိုစစ်ကောင်စီကလူမိုက်တွေငှားပြီးပြုလုပ်ခိုင်းတာအသေအချာပဲ။အရင်ကလဲဒီလိုလုပ်ရပ်မျိုးကိုသူတို့ပဲကျူးလွန်နေကြလေ။ ဒီနေ့မှာလဲရန်ကုန်မြို့တော်ခန်းမရှေ့မှာစစ်တပ်ထောက်ခံတယ်လို့အမည်ခံတဲ့လူအုပ်ကြီးကသေဒဏ်ပေးတာကိုထောက်ခံပွဲပြုလုပ်ကြတယ်။ထိုထောက်ခံပွဲကိုစစ်တပ်ကလုံခြုံရေးယူပေးတယ်။သေဒဏ်ပေးတာထောက်ခံတယ်ဆိုတာမျိုးအရင်ကတစ်ခါမှမကြာဖူးဘူး။စစ်ကောင်စီဟာဟိုးအရင်သုံးနေကျနည်းလမ်းဟောင်းတွေကိုပဲပြန်သုံးနေတယ်။ဒါပေမယ့်လျော့တွက်လို့မရဘူး။ထိုအမည်ခံထောက်ခံပွဲတွေပြုလုပ်ပြီးထောင်ထဲမှာကျန်နေသေးတဲ့သေမိန့်ကျနိုင်ငံရေးအကျဉ်းသားလေးဆယ်ခန့်ကိုဆက်လက်စီရင်ဖို့ပြင်ဆင်နေတယ်။ထိရောက်တဲ့တုန့်ပြန်မှုတစ်စုံတရာကိုအချိန်မီမလုပ်ရင်တော့ကျန်တဲ့သူတွေလဲဆက်လက်စီရင်ခံရမှာအသေအချာပဲ။
Read moreDetailsNUG CRPH NLD KNU KNPP CNF ABSDF စတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါပေါင်းပြီးစစ်ကောင်စီကိုအမြစ်ဖြတ်တိုက်ခိုက်သွားမယ်လို့စုပေါင်းကြေငြာလိုက်ပြီ။ဒါဟာဒီတော်လှန်ရေးအတွက်တိုက်ပွဲခရာတွပ်သံလို့ကြေငြာချက်ထဲမှာထည့်သွင်းသွားတယ်။ကိုဂျင်မီနဲ့ကိုဇေယျာသော်တို့ကိုစစ်ကောင်စီကသေဒဏ်စီရင်ပြီးနောက်ပိုင်းပြည်တွင်းအဖွဲ့အစည်းတွေရဲ့အပြင်းထန်ဆုံးတိုက်ပွဲခေါ်သံပဲ။ဒီနေရာမှာNLDပါတီပါဝင်လာတာဟာထူးခြားမှုတစ်ခုပဲ။NLDဟာပုံမှန်အားဖြင့်အကြမ်းမဖက်ရေးလမ်းစဉ်ကိုသာတောက်လျောက်ကိုင်စွဲလာခဲ့တယ်။အခုလက်နက်ကိုင်တော်လှန်ရေးပြင်းထန်လာချိန်မှာလဲပါတီခေါင်းဆောင်တွေထောင်ထဲရောက်နေတာကိုအကြောင်းပြပြီးသူတို့ရဲ့လက်ရှိတော်လှန်ရေးမူဝါဒကိုတိတိကျကျမထုတ်ပြန်ခဲ့ဘူး။NUCCထဲကတောင်မှထွက်သွားသေးတယ်။အခုဒီကြေငြာချက်ထဲမှာပါလာတယ်ဆိုတော့လက်နက်ကိုင်တော်လှန်ရေးကိုလက်ခံလိုက်ပြီးဆိုတဲ့သဘောပေါ့။ နိုင်ငံတကာဖက်ကတုံပြန်မှုတွေကတော့ထူးမခြားနားပါပဲ။မလေးရှားကတော့အာဆီယံဘုံသဘောတူညီမှုငါးချက်အတွက်အချိန်သတ်မှတ်ဖို့ပြောတယ်။ဒါပေမယ့်ဒါဟာဖြစ်မလာသေးဘူး။ဖြစ်လာခဲ့ရင်လဲတိုးတက်မှုလို့မပြောနိုင်ဘူး။သူတို့ကိုအားကိုးလို့မရတဲ့အတွက်ကိုယ်ဘာသာကိုယ်လုပ်စရာရှိတာလုပ်မှရမယ်။
Read moreDetailsမနေ့ကသေဒဏ်စီရင်မှုအတွက်ဒီနေ့ဘန်ကောက်၊ဂျပန်၊လန်ဒန်ကမြန်မာတွေစုရုံးဆန္ဒပြကြတယ်။ပြည်တွင်းမှာတော့လက်ရှိအခြေအနေအရဆန္ဒပြလို့မရဘူး။လမ်းပေါ်ထွက်တာနဲ့စစ်တပ်ကအကုန်ပစ်သတ်မှာလေ။တော်လှန်ရေးအဖွဲ့တွေရဲ့တုန့်ပြန်မှုတွေကတော့ချက်ချင်းလက်ငင်းမတွေ့ရသေးဘူး။ဒါပေမယ့်အားလုံးဟာဖက်ဆစ်စစ်တပ်ကိုအမြစ်ဖြတ်ဖို့အသီးသီးပြင်ဆင်နေကြတယ်။ ယူအန်၊အာဆီယံအပါအဝင်ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ကန့်ကွက်ရှုတ်ချစာတွေကတော့ထုံးစံအတိုင်းပလူပျံနေတာပါပဲ။လေပဲလာပြီးလက်မပါလို့ကတော့စစ်တပ်ကဒီထက်ပိုပြီးဆိုးသွမ်းနေဦးမှာပဲ။နောက်တဆင့်တက်ပြီးလောလောဆယ်အမှုတွေရင်ဆိုင်နေရတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်သေဒဏ်မချမှတ်ဘူးလို့မပြောနိုင်ဘူး။
Read moreDetailsဒီနေ့ဟာမြန်မာပြည်သူတရပ်လုံးရှော့ရသွားတဲ့နေ့တစ်နေ့ပဲ။စစ်ကောင်စီဟာသေဒဏ်ချမှတ်ခံထားရတဲ့ကိုဂျင်မီနဲ့ကိုဇေယျာသော်အပါအဝင်နိုင်ငံရေးအကျဉ်းသားလေးဦးကိုတကယ်သေဒဏ်စီရင်လိုက်ကြောင်းဒီမနက်စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေထဲမှာပါလာတယ်။သက်ဆိုင်သူတွေရဲ့မိသားစုဝင်တွေအင်းစိန်ထောင်ကိုချက်ချင်းသွားမေးမြန်းတော့နေ့လည်ပိုင်းလောက်မှာထောင်ပိုင်ကအတည်ပြုလိုက်တယ်။သတင်းကသေချာသွားပြီးပေါ့။ ပြည်သူတရပ်လုံးပေါက်ကွဲကုန်ကြတယ်။ပြည်တွင်းရောပြည်ပကပါအတန်တန်တားဆီးနေတဲ့ကြားကအခုလိုတကယ်လုပ်လိမ့်မယ်လို့ဘယ်သူမှထင်မထားဘူးလေ။စစ်ကောင်စီဟာဥပဒေကြောင်းအရသေဒဏ်ကိုစီရင်ပိုင်ခွင့်မရှိဘူး။ပြီးတော့အခုဖြစ်ရပ်မှာဘယ်နေ့ကစီရင်လိုက်တယ်ဆိုတာကိုလဲသေသေချာချာမပြောသလိုအလောင်းလဲမထုတ်ပေးဘူး။ကြိုးမိန့်နဲ့စီရင်တာတောင်ဖြစ်ချင်မှဖြစ်မယ်။ဘာမှမသိရဘူး။ ဒါဟာအားလုံးကိုအတိအလင်းစိန်ခေါ်လိုက်တာပဲ။ဘယ်သူမှဂရုမစိုက်ပဲသူတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့သဘောပဲ။အကျိုးဆက်ကိုတော့သူတို့ပဲကောင်းကောင်းခံရလိမ့်မယ်။ပြည်သူကရန်ငါပြတ်သွားပြီ။ဒီဖြစ်ရပ်ကြောင့်တော်လှန်ရေးဟာအဆများစွာပိုမိုပြင်းထန်လာလိမ့်မယ်။
Read moreDetailsစစ်ကိုင်းတိုင်းထဲကတချို့စိုးမိုးနယ်မြေတွေမှာပြည်သူ့အုပ်ချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့တွေပေါင်းပြီးအခွန်တွေကောက်နေပြီ။အခွန်ဖြတ်ပိုင်းပုံစံတွေကိုလဲNUGကထုတ်ပြန်ပေးထားတယ်။အရင်ထဲကထိုဒေသတွေမှာကာကွယ်ရေးအဖွဲ့တွေကလမ်းပိုင်းတွေကိုပုံမှန်စစ်ဆေးလေ့ရှိတယ်။အခုတော့နောက်တဆင့်တက်လာပြီပေါ့။တကယ်သာဖိဖိစီးစီးကောက်နိုင်မယ်ဆိုရင်တော်လှန်ရေးအတွက်အများကြီးအထောက်အပံ့ဖြစ်နိုင်တယ်။ ကယားပြည်နယ်မှာလဲစစ်ကောင်စီကနေပြည်တော်နဲ့နီးတဲ့မိုးဗြဲမြို့ကိုအပြည့်အဝထိန်းချုပ်ဖို့စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်။မြို့ပေါ်ရပ်ကွက်တွေထိပါလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့မြို့ခံတွေထွက်ပြေးနေရတယ်။KNDFဖက်ကပြန်တိုက်ထုတ်လိုက်လို့ပထမအကြိမ်မှာပြန်လည်ဆုတ်ခွာသွားပေမယ့်အခုဒုတိယအကြိမ်အင်အားလေးရာခန့်သံချပ်ကာကားတွေအပါအဝင်နဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ မိုးဗြဲမြို့ဟာကယားပြည်နယ်အဝင်ဝမှာရှိပြီးသူ့ကိုစစ်တပ်ကထိန်းချုပ်နိုင်ရင်တစ်ပြည်နယ်လုံးကိုလက်နက်ရိက္ခာတွေကပို့ဖို့လွယ်ကူသွားမှာမို့တိုက်ခိုက်နေတာဖြစ်တယ်။တဖက်ကတွေးကြည့်ရင်တော့မိုးဗြဲမြို့ကိုတောင်စစ်ကောင်စီကအခုထိအပြည့်အဝမထိန်းချုပ်နိုင်သေးဘူးဆိုရင်ပြည်နယ်ထဲကကျန်တဲ့ဒေသတွေဟာတော်လှန်ရေးအဖွဲ့တွေလက်အောက်မှာရှိနေတာအသေအချာပဲ။
Read moreDetailsICJကမြန်မာနိုင်ငံကိုတရားစွဲခွင့်ရှိတယ်လို့ဒီနေ့မှာအမိန့်ချမှတ်လိုက်တယ်။စစ်ကောင်စီကခုခံချေပခဲ့ပေမယ့်လဲအရာမထင်ခဲ့ဘူး။ ဒါပေမယ့်လဲဒီအမှုကကြာဦးမှာပါ။တရားစွဲဆိုခွင့် ရှိတယ်လို့ ICJ ကအမိန့်ချမှတ်ခဲ့မယ်ဆို ဂမ်ဘီယာကတရားစွဲထားတဲ့လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဆက်ပြီးတရားဆိုင်ရမယ်။NLDအစိုးရလက်ထက်နဲ့စစ်ကောင်စီလက်ထက် ၂ ဆက်လုံးဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိလို့ ICJ ကို ကန့်ကွက်ခဲ့ကြတယ်။ဂမ်ဘီယာကစွဲဆိုထားတဲ့စစ်တပ်ကနေလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့အမူတခုလုံးပြီးဖို့ကလအတော်ကြာအုံးမှာပါ။အခန့်မသင့်ရင် နှစ်ပေါက်အုံးမယ်ထင်မိတယ်။အခုတောင် နှစ်နဲ့ချီကြာနေပြီမဟုတ်လား။နှစ်လတွေကြာပြီးလို့ အမူတခုလုံးကိုICJ က အဆုံးသတ်အမိန့် ချမှတ်ပြီးလို့စစ်ကောင်စီက ရှိနေသေးရင်လက်မခံဘူးလို့...
Read moreDetailsမနက်ပိုင်းရုံးသွားဖို့အိမ်ကထွက်တော့မိုးတွေကသဲသဲမဲမဲရွာနေတယ်။ကားမှတ်တိုင်ရောက်တော့အရင်သုံးမိနစ်တစ်စီးလောက်လာနေကြYBSကားတွေတစ်စီးမှမတွေ့ဘူး။စိတ်ထဲထင်မိတာကမိုးတွေသဲနေလို့ကားကြောတွေပြတ်နေတယ်ပေါ့။ရောက်လာတဲ့လိုင်းကားတွေကလဲကြပ်ညပ်နေတာပဲ။အဆင်ပြေတဲ့ကားတစ်စီးပေါ်အဆင်ပြေသလိုသာလိုက်သွားလိုက်တယ်။ရုံးရောက်မှသိရတာကYBSလိုင်းကားတွေဂတ်မရလို့မထွက်နိုင်ဘူးတဲ့။ညနေအပြန်တော့ဒုက္ခရောက်ပီပဲ။ရုံးဆင်းချိန်အိမ်အပြန်မှာထင်တဲ့အတိုင်းလိုင်းကားတွေတစ်စီးမှရောက်မလာဘူး။ကားမှတ်တိုင်မှာလဲကားစောင့်နေတဲ့လူအုပ်ကြီးကနည်းတာမဟုတ်ဘူး။နာရီဝက်ကျော်ကြာစောင့်တဲ့အထိအရိပ်အယောင်တောင်မတွေ့ရတဲ့အတွက်တက္ကစီပဲငှားပြန်လိုက်တော့တယ်။ဒါတောင်တက္ကစီကလွယ်လွယ်ငှားမရတဲ့အတွက်အိမ်ပြန်နောက်ကျသေးတယ်။ ဒီနေ့ညနေရန်ကုန်မှာရုံးဆင်းတဲ့ဝန်ထမ်းတွေတော်တော်ဒုက္ခရောက်ကြတယ်။ခါတိုင်းရုံးဆင်းချိန်မှာပျားပန်းခတ်မျှပို့ဆောင်နေတဲ့တွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။လာတဲ့YBSကားတွေကလဲလူအပြည့်မို့တက်မရဘူး။ကားမှတ်တိုင်ကလူအုပ်ကြီးကဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ဝန်ထမ်းတိုင်းလဲတက္ကစီငှားမပြန်နိုင်ကြဘူးလေ။တချို့တွေဆိုကားစောင့်ရင်းမိုးချုပ်ကုန်ကြတယ်။ညနေစောင်းမှာတော့လူမှုကူညီရေးအသင်တွေကကားတွေထွက်လာကြပြီးကူညီကြလို့တော်တော်များများအဆင်ပြေသွားကြတယ်။ဒီပြဿနာဟာတပတ်လောက်ကြာဦးမယ်လို့လဲကြားတယ်။ဒီတပတ်အတွင်းဝန်ထမ်းတွေဘယ်လိုရုံးသွားရမှာလဲ။ပြီးခဲ့တဲ့ရက်တွေကမီးဖိုချောင်သုံးဂတ်တွေပျက်တောက်ပြီးနောက်အခုမော်တော်ယာဉ်သုံးဂတ်တွေပါပြတ်တောက်လာပြီ။အခြေအနေတွေဟာတစ်နေ့တခြားပိုမိုဆိုးရွားလာနေတယ်။
Read moreDetailsဒေါ်လာဈေးမြင့်တက်မှုရဲ့နောက်ဆက်တွဲဂယက်တွေကတော့ဆက်တိုက်ပါပဲ။အခုဆိုလူနေမှုအတွက်မရှိမဖြစ်တဲ့ဆေးဝါးတွေပါပြတ်လတ်လာပြီ။ဆေးကုမ္မဏီကြီးတွေကဒေါ်လာရှာမရတာကြောင့်ဆေးတင်သွင်းမှုတွေရပ်နားလိုက်ကြတယ်။ဆေးဆိုင်တွေမှာခွဲတမ်းနဲ့ရောင်းနေရတဲ့အခြေအနေတွေဖြစ်လာပြီးဈေးတွေတက်လာတယ်။မနှစ်ကဒီလိုအချိန်ပဲကိုဗစ်ဖြစ်လို့ဆေးဝါးတွေဝယ်မရတာကိုသတိရမိတယ်။အဲ့ဒီတုန်းကစစ်ကောင်စီအသုံးမကျလို့ဖြစ်ပြီးအခုလဲစစ်ကောင်စီကတလွဲတွေချည်းလုပ်နေလို့ဒီလိုဖြစ်လာရတာပဲ။ပြည်တွင်းမှာသုံးစွဲနေရတဲ့ဆေးဝါးတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကပြည်ပကတင်သွင်းရတာမို့အခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။ နယ်စပ်ကုန်သွယ်ရေးတွေလဲရပ်ဆိုင်းကုန်ပြီ။ထိုင်းနယ်စပ်မှာလဲဘတ်ငွေဈေးတအားတက်နေတာကြောင့်ကုန်သည်တွေဘာမှမလုပ်ရဲပဲရပ်ထားရတယ်။တရုတ်နယ်စပ်မှာလဲထိုနည်းလည်းကောင်းပဲ။ဒီနေ့ဆိုဒေါ်လာဈေးဟာ၂၅၀၀ဝန်းကျင်ရှိနေပြီးမနှစ်ကရောက်ရှိခဲ့တဲ့စံချိန်တင်အမြင့်ဆုံးဈေး၂၇၀၀ရောက်ဖို့အနည်းငယ်သာလိုတော့တယ်။ နိုင်ငံဟာ Fail State အဆင့်ကိုဦးတည်နေပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.