အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၁၂၊ ၂၀၂၂။ (တနင်္ဂနွေ)

PDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူတွေ  လက်နက်အပ်နှံပါက လက်ခံမယ်လို့ စစ်ကောင်စီပြော လိုက်တဲ့သတင်းက အတော်လေးပွဲကျသွားတယ်။ ရယ်လိုက်ရတာ။ ဒီကောင်တွေ အဲဒီလောက်သောက် ရှက်ကင်းမဲ့လိမ့်မယ်လို့မထင်ထားဘူး။ အခုတော့ လက်နက်အပ်ခိုင်းပြီးတဲ့လား။ ပြည်သူတွေဖက်က တော့ သူတို့ကို စိတ်နာတာအပြင် ရွံရှာမုန်းတီးမှုက အဆုံးစွန်ထိရောက်ပြီးပြီမို့ လုံးဝနောက်ဆုတ်ဖို့...

Read moreDetails

ဇွန် ၁၁၊ ၂၀၂၂။ (စနေ)

ရခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတို့ရဲ့အခြေအနေတင်းမာမှုတွေ ဆက်တိုက်ကြားနေရပြန်တယ်။ ရခိုင်ပြည်နယ် ကျောက်တောင်၊ မင်းပြားတို့မှာ မကျေလည်မှုတွေဖြစ်နေတယ်။ စစ်ကောင်စီက စပြီးလုပ် တာပါပဲ။ မြန်မာနိုင်ငံအထက်ပိုင်းအညာဒေသတွေမှာလည်း ရွာတွေကို မီးရှို့တာတွေဆက်တိုက်လုပ်နေ ကြတယ်။ ဒါကြောင့် PDF တွေက ဝင်တိုက်ပေးနေကြရတယ်။ လက်နက်အင်အားမျှဖို့သာလိုတယ်။...

Read moreDetails

ဇွန် ၁၀၊ ၂၀၂၂။ (သောကြာ)

ထောင်တွင်းနှိပ်စက်မှုတွေ ဆက်တိုက်ကြားနေရတယ်။ ဒီနေ့လည်း ဘားအံထောင်သတင်းတစ်ပုဒ်ကို ဖတ်မိလိုက်တယ်။ ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မီးအမှောင်ချပြီး လေးခွမှာ ကုန်း သီးတွေ တပ်ဆင်ပြီးပစ်ခတ်ခဲ့တယ်။ လူ ၄၀ ခန့်သာ ဆန့်တဲ့အဆောင်ကို ၈၀ ထည့်ပြီး ထောင်ပုံစံ အိပ်စက်စေတယ်လို့သိရတယ်။...

Read moreDetails

ဇွန် ၉၊ ၂၀၂၂။ (ကြာသပတေး)

မန္တလေး၊ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတယ်လို့ မြန်မာနောင်း သတင်း မှာ ဖတ်လိုက်ရတယ်။ နှစ်ယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်တဲ့။ စစ်ကောင် စီက ပြည်သူလူထုအပြင် သူတို့ဖမ်းဆီးထားတဲ့သူတွေကိုလည်း မသေရုံတမယ် နှိပ်စက်နေတယ်။ စစ်ကောင် စီမကျေနပ်တဲ့သူတွေ...

Read moreDetails

ဇွန် ၈၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ချင်းပြည်နယ် ကန်ပက်လက်မြို့ဆီကို ဦးတည်ပြီးလာတဲ့ စစ်ကောင်စီစစ်ကြောင်းသတင်းကိုဖတ်လိုက်ရ တယ်။ သူတို့ဘာတွေလုပ်ဦးမလဲမသိ။ ကန်ပက်လက်လူငယ်အဖွဲ့ (CDF) က Non CDM နဲ့ပတ်သက်လို့ စာထုတ်လိုက်တာနဲ့ပတ်သက်တယ်လို့ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီအဖွဲ့တွေဟာ အခုလို နေ့စဉ်နဲ့အမျှ လှုပ်လှုပ်ရှားရှား သက်လုံကျအောင်လုပ်ဆောင်ဖို့လိုအပ်တယ်လို့မြင်တယ်။ ဒီကောင်တွေ...

Read moreDetails

ဇွန် ၇၊ ၂၀၂၂။ (အင်္ဂါ)

ပြည်သူ့ရဲတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးက ထုတ်ပြန်လိုက်တယ်။ NUG အနေနဲ့ကတော့ အခုလိုထုတ်ပြန်ချက်တွေ ထုတ်လိုက်၊ စစ် ကောင်စီဖက်ကို စိတ်ဓါတ်စစ်ဆင်ရေးတွေလုပ်လိုက်နဲ့ သူတာဝန်ကိုသူထမ်းဆောင်နေတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုမှာ ရဲတပ်ဖွဲ့ဝင် ခြောက်ထောင်ကျော်ပါဝင်ခဲ့တယ်လို့လည်းသိရတယ်။...

Read moreDetails

ဇွန် ၆၊ ၂၀၂၂။ (တနင်္လာ)

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ မိုင်းဆွဲခံရတယ်လို့ သတင်းတွေ တက် လာတယ်။ ဒီလိုသတင်းတွေဟာ ပြည်သူတွေအတွက် စိတ်တက်ကြွစေမယ့်သတင်းတွေဖြစ်လာတယ်။ တစ်ဖက်မှာ စစ်ကောင်စီက နေအိမ်တွေ ကျေးရွာတွေကို မီးလိုက်ရှို့နေတယ်။ သူတို့ရဲ့ယုတ်မာချက်က ကမ်းကုန်တာမို့ ရေးပြလို့မနိုင်လောက်အောင်ပါပဲ။ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ယုတ်မာမှုတွေက...

Read moreDetails

ဇွန် ၅၊ ၂၀၂၂။ (တနင်္ဂနွေ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့ အပါအဝင် သေဒဏ်စီရင်ချက်ချထားခံရသူတွေကို ကွပ်မျက်မယ်လို့ စစ်ကောင်စီက သတင်းလွှင့် တယ်။ စိတ်ဓါတ်စစ်ဆင်ရေးမှန်းအားလုံးက သိပေမယ့် သူတို့အတွက် စိုးရိမ်မိတာပေါ့။ လောကကြီးကတရားမျှ တမှုမရှိဘူး။ တစ်ချိန်လုံးမကောင်းတာချည်းလုပ်နေတဲ့ စစ်ကောင်စီဖက်ကို...

Read moreDetails

ဇွန် ၄၊ ၂၀၂၂။ (စနေ)

စစ်ကိုင်းတိုင်းတစ်ခွင်မှာ စစ်ကောင်စီက လူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့နေတာတွေ မရပ်နိုင်သေး ဘူး။ ဆက်တိုက်လုပ်နေတယ်။ စစ်ကောင်စီနဲ့ PDF တွေလည်း တိုက်ပွဲတွေ တစ်မျိုးပြီးတစ်မျိုးဖြစ်နေ တာကို ဒီတိုင်းကြည့်နေရတဲ့ဘဝ။ ကိုယ်တွေဖက်က တတ်နိုင်သမျှကူပေးချင်တယ်။ ပြည်သူတွေမှာ စိတ်ဓါတ်ပဲရှိတယ်။ လက်နက်မရှိတော့ အင်အားချင်းက...

Read moreDetails

ဇွန် ၃၊ ၂၀၂၂။ (သောကြာ)

ဆိုင်ကယ်စီးတဲ့သူတွေကို စစ်ကောင်စီက လိုက်ဖမ်းနေတာတွေ ဆက်တိုက်လုပ်နေတယ်။ ဒီလပိုင်းထဲမှာ လုပ်နေတာ။ ဆိုင်ကယ်တွေကိုဖမ်းပြီး ပိုက်ဆံတောင်းတာ။ ရဲစခန်းအထိ ဆိုင်ကယ်တွေကိုယူသွားပြီး ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးနေရာအနှံ့မှာပါပဲ။ မန္တလေးမှာဆိုရင်လည်း ဈေးချိုရှိဆိုင်ခန်းတွေကို ပြန်မဖွင့်ရင်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်။ တိုင်းပြည်တည်ငြိမ်ပြီး သူတို့အုပ်ချုပ်နိုင်ပြီဆိုတာကို စစ်ကောင်စီကအရမ်းတွေပြချင်နေတယ်။...

Read moreDetails
Page 128 of 178 1 127 128 129 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist