အာဏာသိမ်း ဒိုင်ယာရီ

ဇူလိုင် ၀၂၊ ၂၀၂၂။ (စနေ)

ကရင်ပြည်နယ်မှာစခန်းသိမ်းတိုက်ပွဲဆင်နွဲနေတုန်းမှာပဲခူးကရင်နယ်စပ်ကျောက်ကြီးမြို့နားကစစ်ကောင်စီစခန်းလေးခုကိုKNUကတစ်ရက်ထဲမှာတိုက်ခိုက်သိမ်းပိုက်ရာစစ်သူပုန်တွေဘက်ကတပ်ရင်းမှုးအပါအဝင်အမြောက်အမြားကျဆုံးထွက်ပြေးကုန်ကြတယ်။စစ်တပ်ဘက်ကစစ်ကူအမြောက်အမြားနဲ့စစ်ကြောင်းထိုးလက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်နေလို့ဒေသခံပြည်သူလေးသောင်းကျော်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်။ ဥကရစ်ထတိုက်ပွဲကတော့ဒီနေ့နဲ့ဆိုတပတ်ကျော်ကြာနေပြီ။စစ်ကောင်စီကစခန်းမကျရေးအပြင်းအထန်ခုခံနေလို့ခက်ခဲနေဆဲပဲ။ဒီတိုက်ပွဲကကြာလာရင်ကိုယ့်ဘက်ကအခြေအနေကောင်းမှာမဟုတ်ဘူး။အခုတောင်အကျအဆုံးတွေရှိနေပြီလေ။ဘာပဲဖြစ်ဖြစ်စခန်းကိုမရလဲစစ်သူပုန်အင်အားများစွာကိုငရဲပို့နိုင်လိုက်တာအမြတ်ပဲ။

Read moreDetails

ဇူလိုင် ၀၁၊ ၂၀၂၂။ (သောကြာ)

မနေ့ညကရန်ကုန်မြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့လှည်းတန်းပျံကြဈေးကိုစစ်ကောင်စီတပ်သားတွေဝင်ရောက်ဖျက်စီးသွားတယ်။ည၈နာရီလောက်ဖောကားသုံးစီးနဲ့စစ်သူပုန်လေးဆယ်ခန့်ရောက်ချလာပြီးဈေးသည်တွေရဲ့ပစ္စည်းတွေကိုမြင်သမျှဖျက်စီးပြီးမီးရှို့ကြတယ်။ဈေးသည်တွေလဲဝရုန်းသုံးကားဖြစ်ပြီးထွက်ပြေးကြတာပေါ့။မပြေးနိုင်တဲ့ဈေးသည်တွေကိုတော့ထုထောင်းရိုက်နှက်ကြတယ်။မြေညီထပ်တွေကအိမ်ဆိုင်တွေရဲ့တံခါးတွေကိုပါအတင်ဖွင့်ဖို့ကြိုးစားကြတယ်။စစ်သူပုန်တွေဟာအကြောင်းပြချက်မရှိပဲဈေးကိုဖျက်စီးသွားတာပါ။ပြီးခဲ့တဲ့ရက်ကအဲ့ဒီဈေးထဲမှာလူငယ်တွေလျပ်တပြက်သပိတ်တစ်ခုလုပ်သွားပြီးထိုသပိတ်ကိုဈေးသူဈေးသားတွေကလက်သုံးချောင်းထောင်ထောက်ခံကြလို့စစ်တပ်ကအခုဝင်ရောက်ဖျက်စီးတာလို့လဲတချို့တွေကမှတ်ချက်ပေးကြတယ်။ ဥကရစ်ထမှာတော့စစ်ကူလာတဲ့စစ်တပ်ရဲ့အထူးကွန်မန်ဒိုစစ်ကြောင်းကိုKNDOကဖြတ်တိုက်လို့အနည်းဆုံးစစ်သူပုန်နှစ်ဆယ်ခန့်သေဆုံးပြီးလမ်းမှာတင်တပ်ပျက်ထွက်ပြေးကုန်ကြတယ်။လက်နက်ခဲယမ်းအမြောက်အမြားလဲရလိုက်တယ်။NUGနဲ့ပြည်သူတွေတော်လှန်ရေးအဖွဲ့တွေကိုလှူသလိုမျိုးစစ်တပ်ကလဲလက်နက်ခဲယမ်းတွေလာရောက်လှူတန်းသွားတာလားမပြောတတ်ဘူး။

Read moreDetails

ဇွန် ၃၀၊ ၂၀၂၂။ (ကြာသပတေး)

ဥကရစ်ထစခန်းကိုတိုက်ခိုက်နေတဲ့ပူးပေါင်းအဖွဲ့တွေကိုလာရောက်ဗုံးကြဲတဲ့စစ်ကောင်စီတိုက်လေယာဉ်ဟာနယ်မြေကျော်ပြန်သန်းမိပြီးထိုင်းနိုင်ငံထဲရောက်သွားလို့ထိုင်းဘက်အခြမ်းမှာရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တယ်။နယ်စပ်မျဉ်းနားကထိုင်းပြည်သူတွေအလန့်တကြားဖြစ်ကုန်ပြီးမူလတန်းကျောင်းနှစ်ခုအရေးပေါ်ပိတ်လိုက်ရတယ်။ကားတစ်စီးနဲ့လူတချို့လဲထိမှန်သွားတယ်လို့သိရတယ်။ထိုင်းစစ်တပ်ကတိုက်လေယာဉ်နှစ်စင်းလဲအရေးပေါ်ပျံတက်ခဲ့ရတယ်။ အဲ့ဒီအတွက်စစ်ကောင်စီကထိုင်းအစိုးရကိုချက်ချင်းတောင်းပန်လိုက်ရတယ်။ ထိုင်းစစ်တပ်ကလဲသိပ်ကောင်းလှတာမဟုတ်ဘူး။စစ်သူပုန်စခန်းအတွက်စစ်ကူတွေကိုနယ်စပ်မျဉ်းကိုကျော်ပြီးပေးပို့နေတာကိုထိုင်းစစ်တပ်ကခွင့်ပြုပေးထားတယ်လို့လဲသတင်းတွေထွက်နေတယ်။တိုက်ပွဲကကြာနေလို့C2Dအဖွဲ့သုံးဖွဲ့ပေါင်းပြီးရှေ့တန်းကပူးပေါင်းအဖွဲ့တွေကိုဘတ်ငွေတစ်သန်းဒီနေ့ထပ်လှူတယ်။ပြည်ပကဆိုကိုရီးယားကအဖွဲ့တွေနဲ့USကအဖွဲ့တွေလဲလှူဖို့ပြင်ဆင်နေကြတယ်။

Read moreDetails

ဇွန် ၂၉၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့ဥကရစ်ကခြေကုတ်စခန်းကိုသိမ်းမယ့်တိုက်ပွဲဟာငါးရက်မြောက်နေ့အဖြစ်ဆက်လက်ပြင်းထန်နေတယ်။အရင်သိမ်းခဲ့တဲ့စခန်းတွေလိုမဟုတ်ပဲစစ်တပ်ကလေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူလှိုင်သုံးခုခံနေလို့အခုလောက်ကြာနေတာဖြစ်တယ်။မနေ့ညကစခန်းသိမ်းလိုက်ပြီလို့သတင်းတွေထွက်လာပေမယ့်လက်နက်ကြီးကုန်းနဲ့အခြားဘန်ကာတွေကိုသာရလိုက်တာဖြစ်ပီးအပြီးသတ်သိမ်းနိုင်တာမဟုတ်သေးပဲနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကနေဆက်လက်ခုခံနေတယ်။တိုက်ပွဲကြာလာတာနဲ့အမျှနှစ်ဖက်လုံးမှာအကျအဆုံးတွေရှိလာပြီးKNUပူးပေါင်းအဖွဲ့ဘက်ကလက်ရှိအချိန်ထိ၁၃ယောက်ခန့်ကျဆုံးသွားပြီ။စစ်တပ်ကနေ့ရောညပါလေယာဉ်တွေနဲ့ဗုံးကြဲနေလို့အခုလောက်ကျဆုံးမှုများလာတာပါ။လက်နက်ခဲယမ်းတွေလဲအတော်သုံးထားရတာမို့မနေ့ကတင်NUGကထိုင်းဘတ်ငွေတစ်သန်းခန့်လှူထားသေးတယ်။လက်ရှိအချိန်မှာလေးကေကော်ကနာမည်ကြီးကော်ဘရာစစ်ကြောင်းပါပူးပေါင်းပါဝင်တိုက်ခိုက်နေပြီးနောက်ဆုံးကျန်နေတဲ့စနိုက်ပါကုန်းကိုရရှိဖို့ကြိုးစားနေတယ်။ လက်ရှိတိုက်ပွဲဟာနွေဦးတော်လှန်ရေးကာလKNUနယ်မြေမှာအပြင်းထန်ဆုံးတိုက်ပွဲဖြစ်လာပြီးထိုစခန်းကုန်းဟာနှစ်ဖက်လုံးရဲ့ဂုဏ်သိက္ခာအတွက်အလွန်အရေးပါနေတယ်။

Read moreDetails

ဇွန် ၂၈၊ ၂၀၂၂။ (အင်္ဂါ)

တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးတဝိုက်ဒေသမှာစစ်သူပုန်တွေသောင်းကျန်းနေလို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်လာကြတယ်။ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ ကင်းငယ်စခန်းတစ်ခုအား လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဒေသတွင်းPDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီစီမံကိန်းသို့သွယ်တန်းထားသည့် ပင်မဓာတ်အားလိုင်းကို ဒေသတွင်း PDF အဖွဲ့များကဖောက်ခွဲ ဖြိုချခဲ့တယ်။ အခုကျမှတရုတ်ကုမ္မဏီကဒေသတွင်းအကျပ်အတည်းမှာမပါဝင်လိုကြောင်း၊တိုက်ခိုက်မှုတွေကစီမံကိန်းကိုထိခိုက်ကြောင်းအသံထွက်လာတယ်။စီမံကိန်းအနီးရှိ​ကျေးရွာများကို စစ်​ကောင်စီတပ်က လူသတ်ခြင်း၊​ဖမ်းဆီးခြင်း၊ပစ္စည်းများလူယုဖျက်ဆီးခြင်း၊​နေအိမ်များ မီးရှို့ခြင်း တို့ကိုတော့တလုံးမှထည့်မပြောထားဘူး။ အစောကတည်းကစီမံကိန်းကိုမလည်ပတ်ဖို့သတိပေးထားပေမယ့်စစ်တပ်လုံခြုံရေးယူပြီးလည်ပတ်တယ်။ထိုစီမံကိန်းထဲကစစ်တပ်ကပြည်သူတွေကိုဒုက္ခပေးနေလို့PDFအဖွဲ့တွေကစီမံကိန်းကိုတိုက်ခိုက်ခြင်းဖြစ်တယ်။တရုတ်စီမံကိန်းတွေဟာစစ်တပ်ကိုကူညီ၊စစ်ကောင်စီကိုထောက်ခံပြီးပြည်သူတွေကိုဒုက္ခပေးနေသမျှပစ်မှတ်ထားတိုက်ခိုက်ခံရမှာပဲ။  

Read moreDetails

ဇွန် ၂၇၊ ၂၀၂၂။ (တနင်္လာ)

ရန်ကုန်ယုဇနဥယျာဉ်မြို့တော်ကတိုက်ခန်းတစ်ခုမှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားတယ်။အဲ့ဒီမှာခိုလှုံနေတဲ့မြို့ပြပျောက်ကျားအဖွဲ့ဝင်ကလေးနှစ်ဦးမိုင်းစမ်းရင်းမတော်တဆပေါက်ကွဲခဲ့တာပါ။ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တစ်ယောက်ကတိုက်ခန်းပေါ်ကခုန်ချလို့သေဆုံးသွားတယ်။အပြင်ကိုဒဏ်ရာတွေနဲ့ထွက်ပြေးလာတဲ့တယောက်ကိုရပ်ကွက်ထဲကလူတွေဝိုင်းဖမ်းလို့စစ်ခွေးတွေလက်ထဲပါသွားခဲ့တယ်။မြို့ပြပျောက်ကျားလေးတွေကိုရပ်ကွက်နေပြည်သူတွေကဝိုင်းဖမ်းပေးတယ်ဆိုပြီးထိုရပ်ကွက်ကိုဝေဖန်မှုတွေမြင့်တက်နေတယ်။ဒီနေရာမှာဒလန်တွေရဲ့ပယောဂမကင်းလောက်ဘူး။ထွက်ပြေးလာတဲ့ကလေးကိုသူခိုးဂျပိုးလို့နှပ်ကြောင်းပေးပြီးအော်ဟစ်ဖမ်းခိုင်းလို့ရပ်ကွက်ကအခြေအနေမှန်ကိုမသိပဲဝိုင်းဖမ်းပေးတာဖြစ်လောက်တယ်။ဖမ်းမိသွားတဲ့ကလေးကတော့သနားစရာပဲ။ဒဏ်ရာတွေနဲ့သူ့ကိုသတ်လိုက်ကြပါတော့လို့ပြောသွားသေးတယ်။UGအဖွဲ့တွေကတော့ထိုရပ်ကွက်ကနှပ်ကြောင်းပေးခဲ့တဲ့ဒလန်တွေကိုလက်စားချေမယ်လို့ ပြောထားတယ်။ ကရင်ပြည်နယ်ထိုင်းနယ်စပ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုKNUပူးပေါင်းတပ်ဖွဲ့တွေဇွန်၂၅ကတည်းက တိုက်ခိုက်နေလို့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတယ်။အရင်ကစစ်တပ်စခန်းတစ်ခုကိုသိမ်းဖို့တရက်လောက်သာကြာပြီးအခုစခန်းကတော့အသည်းအသန်ပြန်လည်ခုခံနေတယ်။KNUပူးပေါင်းအဖွဲ့တွေကတော့စခန်းကိုရအောင်သိမ်းမယ်လို့ပြောထားတယ်။

Read moreDetails

ဇွန် ၂၆၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီဟာတရုတ်ကြေးနီစီမံကိန်းတွေရှိတဲ့လက်ပတောင်းတောင်ဝန်းကျင်ကကျေးရွာတွေကိုစစ်ကြောင်းထိုးမီးရှို့လျက်ရှိတယ်။ထိုနယ်မြေကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကစီမံကိန်းကိုဆက်မလုပ်ဖို့ပြောထားပေမယ့်မလိုက်နာပဲတရုတ်ကုမ္မဏီကပြန်လည်ပတ်ဖို့ကြိုးစားနေတယ်။စစ်တပ်ကလဲစီမံကိန်းကိုအကာအကွယ်ပေးတဲ့အနေနဲ့အနီးအနားကကျေးရွာတွေကိုနယ်မြေရှင်းလင်းနေတယ်။ စစ်​ကောင်စီတပ်ဟာဆားလင်းကြီးမြို့နယ်မိုးကြိုးပြင်(မြောက်)ကျေးရွာကို ဇွန်လ၂၁ရက်မှစ၍ ဝင်​ရောက်စီးနင်းကာ ပြည်သူ၂ ဦးကိုဖမ်းဆီးပြီး လည်လှီးခြင်း၊ ဓါးဖြင်ဝမ်းဗိုက်အားထိုးခြင်း၊ ခြေလက်များကိုခုတ်ထစ်သတ်ဖြတ်ခဲ့​တယ်။ မိုးကြိုးပြင်​မြောက်ရွာကိုစစ်​ကောင်စီတပ်က တစ်​နေကုန်အကြမ်းဖက်ခဲ့ပြီးရွာလုံးကျွတ်မီးရှို့ခဲ့တယ်။ အကြမ်းဖက်စစ်​ကောင်စီတပ်က ​ကြေးနီစီမံကိန်းအနီးရှိ ​ကျေးရွာများကို ဖမ်းဆီးလူသတ်အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်​သောကြောင့် ဝမ်ပေါင်​ကြေးနီစီမံကိန်းဝန်းကျင်ရှိ ကျေးရွာ ခြောက်ရွာမှဒေသခံပြည်သူ​သောင်းနှင့်ချီထွက်ပြေးတိမ်းရှောင်​နေကြရတယ်။

Read moreDetails

ဇွန် ၂၅၊ ၂၀၂၂။ (စနေ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကမဟုတ်တဲ့ပုဒ်မတွေနဲ့မတရားအမှုတွေဆင်ပြီးအမိန့်တွေချမှတ်လျက်ရှိတယ်။အခုဆိုရင်နေအိမ်အကျယ်ချုပ်ကနေနေပြည်တော်အကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်တယ်။မင်းအောင်လှိုင်ဟာ‌ဒေါ်အောင်ဆန်းစုကြည်အပေါ်အငြိုးတကြီးနဲ့ဒုက္ခပေးလျက်ရှိတယ်။သူ့ဆရာဗိုလ်သန်းရွှေတောင်သူမကိုထောင်ထဲမထည့်ရဲဘူး။သူမကိုထားတဲ့အဆောက်အအုံဟာ၁၅ပေပတ်လည်ခန့်သာကျယ်ပြီးသူမတယောက်ထဲနေထိုင်ရမှာဖြစ်တယ်။အရင်လိုဝေယျာဝစ္စကူညီပေးမယ့်သူလဲမရှိတော့ဘူး။တကယ့်ထောင်အတိုင်းသူမကိုထားမှာဖြစ်တယ်။မင်းအောင်လှိုင်ဟာသူမကိုမသေမချင်းအနုနည်းနဲ့ဒုက္ခပေးမယ့်ပုံပဲ။အာဆီယံကိုယ်စားလှယ်နဲ့နိုင်ငံတကာကသူမကိုပြန်လွတ်ပေးဖို့တောက်လျောက်တောင်းဆိုနေပေမယ့်စစ်အုပ်စုကိုဘာအရေးယူမှုမှမလုပ်တဲ့အတွက်စစ်အုပ်စုကလဲသူတို့ကိုဂရုစိုက်မနေဘူး။မတရားဖမ်းဆီးသတ်ဖြတ်မှုတွေကိုထင်တိုင်းကြဲလုပ်ဆောင်နေတယ်။

Read moreDetails

ဇွန် ၂၄၊ ၂၀၂၂။ (သောကြာ)

ပီးခဲ့တဲ့လကသန်လျင်မှာဆိုင်ကယ်စီးခွင့်ပိတ်ပင်ပြီးနောက်အခုရန်ကုန်တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့တွံတေး၊ကော့မှုး၊ကွမ်းခြံကုန်းစတဲ့မြို့နယ်တွေမှာပါဆက်တိုက်ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ။ထိုဒေသတွေမှာစစ်ကောင်စီဒေါက်တိုင်တွေဆိုင်ကယ်နဲ့တိုက်ခိုက်ခံနေရလို့ပိတ်ပင်လိုက်တာဖြစ်တယ်။သယ်ယူပို့ဆောင်ရေးအတွက်ဆိုင်ကယ်ကိုသာအဓိကအားပြုနေရတဲ့ဒေသခံတွေအတော်ဒုက္ခရောက်နေကြတယ်။အခုတော့ထိုမြို့နယ်တွေမှာစက်ဘီးလေးတွေကိုယ်စီနဲ့သွားလာနေကြရပြီ။စစ်အာဏာရှင်လက်အောက်မှာအရာအားလုံးဟာနှစ်နှစ်ဆယ်လောက်နောက်ပြန်ဆွဲနေတယ်။ရန်ကုန်ကလှိုင်သာယာ၊ရွှေပြည်သာမြို့နယ်တွေမှာလဲစစ်သားတွေကလမ်းပေါ်တက်သမျှဆိုင်ကယ်တွေကိုနေ့စဉ်ရက်ဆက်မတရားဖမ်းဆီးလျက်ရှိတယ်။

Read moreDetails

ဇွန် ၂၃၊ ၂၀၂၂။ (ကြာသပတေးနေ့)

ရခိုင်မှာအေအေနဲ့စစ်တပ်တို့အပြိုင်အဆိုင်လူဖမ်းပွဲတွေကျင်းပနေကြတယ်။စစ်တပ်ကအရင်ထဲကရခိုင်မှာအစစ်အဆေးတွေတင်းကြပ်ထားတာပါ။အေအေနဲ့သက်ဆိုင်တယ်လို့ထင်တဲ့သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးလေ့ရှိတယ်။ဒါကိုလက်တုန့်ပြန်တဲ့အနေနဲ့အေအေကလဲစစ်ကောင်စီဖက်တော်သားတွေကိုဆက်တိုက်ဖမ်းဆီးလာတယ်။မောင်တော၊ကျောက်တော်၊စစ်တွေ၊မြောက်ဦးစတဲ့မြို့တွေမှာရဲတွေ၊စစ်သားတွေ၊စရဖတွေ၊အုပ်ချုပ်ရေးမှုးတွေကိုဖမ်းဆီးသွားတာကြောင့်စစ်တပ်ကမဆိုင်တဲ့အရပ်သားတစ်ရာကျော်ကိုနေရာပေါင်းစုံမှာဖမ်းဆီးထားတယ်။ ရခိုင်မှာကစစ်ရေးတင်းမာနေတာကြာပြီ။ဒါပေမယ့်အခုချိန်ထိရင်ဆိုင်တိုက်ခိုက်မှုတွေမလုပ်ပဲလူဖမ်းပွဲတွေပဲလုပ်နေတော့ကြားထဲကပြည်သူတွေကျီးလန့်စာစားနေနေရတယ်။    

Read moreDetails
Page 126 of 178 1 125 126 127 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist