NUGကသတင်းစာရှင်းလင်းပွဲထပ်လုပ်တယ်။စစ်ကောင်စီကိုနိုင်ငံရေး၊စီးပွားရေး၊စစ်ရေးစသဖြင့်စစ်မျက်နှာခြောက်ခုသတ်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊အဆုံးသတ်တိုက်ပွဲကာလကိုတစ်နှစ်လို့သတ်မှတ်ထားကြောင်း၊လေယာဉ်ပစ်လက်နက်တွေရှိနေပြီဖြစ်ကြောင်း၊တစ်နိုင်ငံလုံးကိုမဖြန့်ကျက်နိုင်သေးပေမယ့်ထိုလက်နက်တွေတပ်ဆင်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်လာပါကပစ်ချမည်ဖြစ်ကြောင်း၊မဟာမိတ်တွေနဲ့စစ်ရေး၊နိုင်ငံရေးသဘောတူညီချက်တွေရရှိထားပြီဖြစ်ကြောင်းစသဖြင့်အချက်အလက်စုံစုံလင်လင်နဲ့ပြောကြားသွားတယ်။ဒါပေမယ့်အခုသတင်းစာရှင်းလင်းပွဲမှာပြောသွားတာတွေကပီးခဲ့တဲ့လD DAY တနှစ်ပြည့်မှာယာယီသမ္မတနဲ့ကာဝန်တို့ပြောသွားတာတွေနဲ့သိပ်မကွာလှဘူး။လိုင်းပေါ်မှာတော့အားရစရာတွေပြောသွားပေမယ့်လဲမြေပြင်မှာတော့ထူးခြားမှုတွေသိပ်မရှိလှဘူး။ အခုနောက်ပိုင်းNUGပြောသမျှတွေကိုအများကြီးမမျှော်လင့်တော့ဘူး။ဗလောင်းဗလဲတွေပြောနေတာမျိုးမဟုတ်ပေမယ့်ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုလက်တွေ့မပါပဲဆွဲဆန့်နေတယ်လို့ပဲခံစားရတယ်။ဥပမာပြောရရင်လေယာဉ်ပစ်လက်နက်တွေစတင်တာဝန်ထမ်းဆောင်နေပြီလို့NUGပြောခဲ့တာနှစ်လခန့်ရှိနေပြီ။ဒီနှစ်လအတွင်းမှာစစ်တပ်ကတနိုင်ငံလုံးနီးပါးလေကြောင်းတိုက်ခိုက်မှုတွေကြိမ်ရေများစွာပြုလုပ်ခဲ့ပေမယ့်အထက်ပါလက်နက်တွေသုံးလိုက်တယ်ဆိုတာမျိုးတစ်ကြိမ်မှမတွေ့ခဲ့ရဘူး။ထိုကဲ့သို့NUGကပြောခဲ့သမျှမြေပြင်မှာသိသာထင်ရှားတဲ့ရလဒ်မျိုးမရှိတာတွေအများကြီးပဲ။ ရှေ့မှာပွင့်လင်းရာသီရောက်လာပြီ။စစ်တပ်ကမနှစ်ကလိုမျိုးအင်တိုက်အားတိုက်ထိုးစစ်မဆင်နိုင်တော့ဘူး။ဒီချိန်မှာNUG အနေနဲ့စစ်ရေးမှာတစ်ခုခုလုပ်ပြနိုင်ပါစေလို့ပဲဆုတောင်းမိတယ်။
Read moreDetailsအခုနှစ် ဖေဖေါ်ဝါရီလမှာ CDM လုပ်ခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီး နယ်မြေခံ စခန်းက ဗိုလ်မှူးမျိုးမင်းထွန်း ဟာ စစ်ကောင်စီ ထံပြန်လည် ဝင်ရောက် လာခဲ့ပြီ ဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ ကြေညာလိုက် ပါတယ်။ တပ်ရင်းမှူးဖြစ်သူ...
Read moreDetailsစစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လမ်းပိုင်းသုံးခုကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးသွားတယ်။မုံရွာတောင်နယ်နှင့်ချောင်းဦးမြို့နယ်နေပြည်သူများ အားထားနေရတဲ့ မုံရွာ-အမြင့်လမ်းကို အောက်တိုဘာလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် ရောက်လာပြီးထိုလမ်းပေါ်ရှိ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် ကျောက်ပေါက်ကွေ့မှာ ကားလမ်းကိုမြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးကော်ကာဖျက်ဆီးတော့တယ်။တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားလို့...
Read moreDetailsမြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက စက်သုံးဆီနှင့်လေယာဉ်ဆီ တင်သွင်းရောင်းချမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ရောင်းချပြီး အပြီးအပိုင် ထွက်ခွာပြီဟု ထုတ်ပြန်ကြေညာလိုက်တယ်။ မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့နေတဲ့ Puma စွမ်းအင်ကုမ္ပဏီက သူပိုင်အစုရှယ်ယာတွေ ကို...
Read moreDetailsစစ်တပ်လက်အောက်ခံပါတီကြီးဖြစ်တဲ့ကြံခိုင်ရေးပါတီညီလာခံပြုလုပ်လျက်ရှိတယ်။အခုညီလာခံမှာခေါင်းဆောင်တွေပြန်ရွှေးမှာဖြစ်ပြီးလက်ရှိဥက္ကဌဦးသန်းဌေးကဆက်မလုပ်တော့ဘူးလို့ကြေငြာထားတယ်။ညီလာခံဆုံးဖြတ်ချက်အရလဝကဝန်ကြီးဟောင်ဦးခင်ရီကဥက္ကဌဖြစ်လာတယ်။ ယခု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လိုလားသည့်အမာခံများဖြင့် ပြန်လည်အစားထိုးကာမိုးကျရွှေကိုယ်တပ်ပိုင်းအရာရှိများပါတီမှာပိုမိုနေရာယူပါဝင်လာတယ်။ခင်ရီကိုပါတီခေါင်းဆောင်အဖြစ်မင်းအောင်လှိုင်ပဲတင်ထားတာပါ။ လက်ရှိဥက္ကဌဖြစ်လာတဲ့ခင်ရီဟာအမျိုးသားရေးအစွန်းရောက်တစ်ဦးအဖြစ်နာမည်ကြီးသူဖြစ်ပြီးမင်းအောင်လှိုင်ကိုအပြည့်အဝသစ္စာခံထားတယ်။မင်းအောင်လှိုင်ဟာကြံခိုင်ရေးပါတီကိုသူ့စိတ်တိုင်းကျပုံသွင်းပြီးစစ်တပ်ရဲ့အရံအင်အားအဖြစ်အသုံးချလို့ရအောင်လုပ်ဆောင်နေတယ်။
Read moreDetailsNUGကရန်ပုံငွေရှာတဲ့နောက်ထပ်အစီအစဉ်ဖြစ်တဲ့နွေဦးမန္တလေးအစီအစဥ်အတွက်မြေကွက်တွေကိုဒီလကစပြီးစတင်ရောင်းချလျက်ရှိတယ်။နွေဦးမန္တလေးအစီအစဥ်ဆိုတာမန္တလေးမြို့ကစစ်တပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းချနေတာပါ။ထိုအစီအစဉ်မှာန္တလေးနန်းတွင်းကမြေတွေနဲ့မန္တလေးတောင်ခြေကစစ်တပ်ပိုင်မြေတွေပါဝင်နေတယ်။အခုဆိုသုံးရက်အတွင်းဒေါ်လာကိုးသန်းကျော်ဖိုးလောက်ရောင်းချပြီးပြီ။ NUGကထိုကဲ့သို့ရန်ပုံငွေရှာဖွေမှုမျိုးတွေခုနောက်ပိုင်းမှာဆက်တိုက်လုပ်နေတယ်။ပထမဆုံးအင်းလျားလမ်းကမင်းအောင်လှိုင်ရဲ့အိမ်တွေကိုအရင်ရောင်းချတယ်။ပြီးတော့ရန်ကုန်ကစစ်တပ်ပိုင်မြေတွေကိုတော်လှန်ရေးပြီးရင်အသုံးချနိုင်ဖို့အခုကတည်းကလျော့စျေးနဲ့ကြိုပွိုင့်သဘောမျိုးရောင်းချတယ်။အခုဆိုမန္တလေးမြို့ဘက်ကိုခြေဦးလှည့်လာပြီ။ထိုအစီအစဥ်တွေကတဆင့်NUGဟာဒီလပိုင်းအတွင်းဒေါ်လာသန်းဆယ်နဲ့ချီပြီးရန်ပုံငွေတွေရှိလျက်ရှိတယ်။
Read moreDetailsနိုင်ငံတဝန်းမှာတရားဥပဒေစိုးမိုးမှုမရှိတော့လောင်းကစားအလုပ်တွေပေါများလာတယ်။နယ်မြို့တွေမှာဆိုစစ်ကောင်စီလက်အောက်ခံရဲတွေကိုယ်တိုင်လောင်းကစားဝိုင်းတွေကိုတရားဝင်ပုံစံမျိုးခွင့်ပြုလာကြတယ်။သူ့တို့အတွက်လဲဆက်ကြေးသဘောမျိုးရတော့ဝင်ငွေရွှင်တယ်လေ။ကြက်ဝိုင်း၊ဖဲဝိုင်းစသဖြင့်မျိုးစုံပဲ။လူတွေကလဲဝင်ငွေမရှိတော့ထွက်ပေါက်တစ်ခုအနေနဲ့လောင်းကစားဘက်ကိုပိုအားသန်လာကြတယ်။ရပ်ကွက်ထဲမှာဆိုနေ့စဉ်နှစ်လုံးသုံးလုံးထိုးတဲ့သူတွေပိုများလာတယ်။အရေးယူရမယ့်ရဲတွေကိုယ်တိုင်ကလွတ်ပေးထားတော့ပျော်ပျော်ပါးပါးလောင်းကစားလုပ်နေကြတာပေါ့။ စစ်ကိုင်တိုင်း၊ချင်းတွင်းမြစ်ထဲမှာလဲမြစ်ကြောင်းတစ်လျှောက်ဓားမြတိုက်နေတဲ့အဖွဲ့ကိုPDFတွေဖမ်းဆီးလိုက်ရတယ်။ခေတ်မကောင်းတဲ့အချိန်မှာထလာတတ်တဲ့တချို့တောကြောင်တွေကိုနယ်မြေစိုးမိုးမှုရယူထားတဲ့PDFတွေပဲတာဝန်ယူဖြေရှင်းပေးနေရတယ်။စစ်ကိုင်းတိုင်းထဲကတချို့ဒေသတွေမှာတော့အာဏာလေဟာနယ်ဖြစ်ပေါ်နေတာကိုအခွင့်ကောင်းယူပြီးမသမာသူတွေကဒုစရိုက်မှုတွေကျူးလွန်နေကြတယ်။
Read moreDetailsပြည်ပမှာရောက်ရှိနေတဲ့မော်ဒယ်အလှမယ်ဟန်လေးကိုစစ်ကောင်စီကထိုင်းနိုင်ငံလေဆိပ်အထိလိုက်လံဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။ဟန်လေးဟာ၂၀၂၁နှစ်ကနိုင်ငံတကာမယ်ရွှေးပွဲတစ်ခုမှာစစ်အာဏာသိမ်းမှုအကြောင်းကမ္ဘာကသိအောင်ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တယ်။ထိုအချိန်ကတည်းကသူမဟာမြန်မာပြည်ကိုပြန်မလာခဲ့ဘူး။ဒါကြောင့်စစ်ကောင်စီကအငြိုးထားပြီးနိုင်ငံပြင်ပအထိလိုက်လံဖမ်းဆီးဖို့ကြိုးစားနေတာပါ။ အလှမယ်ဟန်လေးဟာဘန်ကောက်လေဆိပ်ကတဆင့်ကိုရီးယားကိုသွားမယ့်ခရီးစဉ်မှာထိုင်းလေဆိပ်ရဲတွေကထိန်းသိမ်းလိုက်ပြီးဗီယမ်နမ်ကိုပို့ဖို့ကြိုးစားတယ်။ဗီယမ်နမ်ကမှတဆင့်မြန်မာပြည်ကိုပြန်ခေါ်ဖို့စစစ်ကောင်စီကစီစဉ်ထားတာပါ။ဟန်လေးကဒါကိုလက်မခံပဲဘန်ကောက်လေဆိပ်မှာပဲUNHCRကိုအကူအညီတောင်းခံခဲ့တယ်။UNHCRကလဲချက်ချင်းကူညီပေးပြီးထိုင်းအာဏာပိုင်တွေကတဆင့်သူမကိုလွှဲပြောင်းယူခဲ့တယ်။ထိုင်းနိုင်ငံမှာလဲသူမဟာပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိတဲ့အတွက်အဆင်ပြေသွားတယ်။အခုတော့ကနေဒါနိုင်ငံမှာနိုင်ငံရေးခိုလှုံခွင့်ရသွားပါပြီ။ UNHCRကဒီနေရာမှာတော့အားကိုးရပါတယ်။ရှေ့မှာလဲမြန်မာပြည်မှာဆက်နေလို့အဆင်မပြေတော့တဲ့နိုင်ငံရေးသမားတွေကိုတတိယနိုင်ငံပို့ဆောင်ပေးခဲ့တယ်။ဒါပေမယ့်ထိုင်းမြန်မာနယ်စပ်မှာနိုင်ငံရေးခိုလှုံခွင့်တောင်းထားသူတွေအများကြီးကျန်သေးတယ်လို့သိရတယ်။စစ်ကောင်စီကတော့သူတို့လက်လှမ်းမှီသလောက်တော်လှန်ရေးသမားတွေကိုဖမ်းဆီးဖို့ကြိုးစားနေတယ်။
Read moreDetailsကယားပြည်နယ်မြို့တော်လွိုင်ကော်လေဆိပ်မှာဆင်းလာတဲ့ခရီးသယ်တင်လေယာဥ်တစ်စီးသေနတ်နဲ့အပစ်ခံလိုက်ရတယ်။လေယာဥ်ပေါ်ပါလာသူတစ်ကျည်ထိမှန်ဒဏ်ရာရသွားတယ်။ဘယ်အဖွဲ့အစည်းကပစ်တာလဲ၊လေပေါ်မှာရှိနေတုန်းအပစ်ခံရတာလား၊မြေပြင်ရောက်မှအပစ်ခံရတာလားရှင်းရှင်းလင်းလင်းမသိရဘူး။ကယားပြည်နယ်မှာKNDFတွေကနယ်မြေအတော်များများတွေကနယ်မြေအတော်များများကိုစိုးမိုးထားတော့စစ်ကောင်စီကသူပုန်တွေလုပ်တာပါလို့လွှဲချတယ်။ဒါပေမယ့်လွိုင်ကော်လေဆိပ်ပတ်ဝန်ကျင်တစ်ခုလုံးကိုစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတယ်။ယုတ္တိကျကျတွေးကြည့်ရင်လဲလေပေါ်မှာရှိနေတဲ့လေယာဥ်ကိုသေနတ်နဲ့ထိမှန်အောင်ပစ်နိုင်ဖို့လုံးဝမဖြစ်နိုင်ဘူး။မြေပြင်ရောက်မှအပစ်ခံရရင်တော့စစ်တပ်ကသူ့လေယာဥ်သူပစ်တာပဲဖြစ်မှာပဲ။ပီးရင်ခရီးသယ်တင်လေယာဥ်ကိုသူပုန်တွေပစ်ပါတယ်ဆိုပြီးဒေသခံကာကွယ်ရေးအဖွဲ့တွေကိုနာမည်ဖျက်ဖို့လုပ်ကြံတာပဲဖြစ်နိုင်တယ်။စစ်ကောင်စီဟာယုတ်မာရိုင်းစိုင်းတဲ့နည်းလမ်းပေါင်းစုံသုံးပြီးတော်လှန်ရေးကိုနာမည်ဖျက်မှေးမိန်သွားအောင်လုပ်ဖို့အမျိုးမျိုးကြိုးစားနေတယ်။
Read moreDetailsNLDအစိုးရလက်ထက်ကသြစတေးလျနိုင်ငံသားစီးပွားရေးအကြံပေးပါမောက္ခရှောင်တာနယ်ကိုစစ်ကောင်စီကဖမ်းဆီးအမှုဆင်ပြီးအခုထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်။မစ္စတာရှောင်တာနယ်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူတစ်ဦးဖြစ်ပြီးNDLအစိုးရလက်ထက်တလျောက်လုံးတန်ဖိုးရှိတဲ့စီးပွားရေးဆိုင်ရာအကြံဉာဏ်တွေအများကြီးပေးခဲ့တယ်။ဒါပေမယ့်သူ့ကြောင့်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတချို့အထိနာခဲ့လို့အခုချိန်မှာစစ်ကောင်စီကအငြိုးထားပြီးအပစ်မရှိပဲဖမ်းဆီးထောင်ချလိုက်တာပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးသြစတေးလျအစိုးရကသူ့ကိုပြန်လွတ်ပေးဖို့တောင်းဆိုနေတာကလွဲပြီးစစ်ကောင်စီကိုဘာမှမရေးမယူခဲ့ဘူး။သြစတေးလျအစိုးရရဲ့ပျော့ညံ့မှုကြောင့်စစ်ကောင်စီကလုပ်ချင်တိုင်းလုပ်နေတာဖြစ်တယ်။ဒါတောင်အခုချိန်ထိစစ်ကောင်စီကိုပိတ်ဆို့အရေးယူမှုတွေမပြုလုပ်သေးဘူး။စစ်ကောင်စီကတော့သူ့ကိုဆန့်ကျင်နေတဲ့နိုင်ငံတွေရဲ့နိုင်ငံသားတွေကိုလူမိုက်ဆန်ဆန်ပြန်ပေးဆွဲတဲ့သဘောနဲ့မတရားဖမ်းဆီးလျက်ရှိတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.