ကချင်ပြည်နယ်၊မိုးမောက်နဲ့ဗန်းမောက်မြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်။ဖားကန်အနန့်ပါဖြစ်ရပ်မတိုင်ခင်ကတည်းကစစ်ကောင်စီကထိုမြို့နယ်တွေထဲကKIAတပ်စခန်းတွေကိုစစ်ကြောင်းထိုးနေတာပါ။တိုက်ပွဲတွေပြင်းထန်နေတာတစ်ပတ်လောက်ရှိနေပြီးအခုထိရည်မှန်းချက်အတိုင်းမရသေးလို့စစ်တပ်ဟာမိုးမောက်မြို့လူနေရပ်ကွက်တွေထဲကိုလက်နက်ကြီးတွေနဲ့ပါပစ်ခတ်သောင်းကျန်းနေတယ်။မြို့ထဲကပြည်သူတစ်ဦးသေဆုံးပြီးတချို့တွေဒဏ်ရာရကြတယ်။စစ်တပ်ဖက်ကနေ့စဥ်ထိခိုက်ကျဆုံးမှုတွေရှိနေလို့အင်အားထပ်ဖြည့်နေတယ်။တနိုင်ငံလုံးနေရာအနှံအပြားစစ်မျက်နှာပေါင်းစုံနဲ့ရင်ဆိုင်နေရချိန်မှာKIAလိုEAOမျိုးကိုတိုက်စစ်ဖွင့်နိုင်တဲ့စစ်တပ်ကိုအံသြမိတယ်။အခုနောက်ပိုင်းစစ်ကောင်စီဟာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုအင်အားအလုံးအရင်းနဲ့ထိုးစစ်မဆင်နိုင်တာအတော်ကြာနေပြီ။KIAဖက်ကလဲအနန့်ပါဖြစ်ရပ်ကြီးပူပူနွေးနွေးဖြစ်ထားတဲ့အတွက်စိတ်ဓာတ်အင်အားကောင်းကောင်းနဲ့တုန့်ပြန်မှာသေချာတယ်။ဒီတော့စစ်သူပုန်တွေအကျအဆုံးများလိမ့်မယ်။
Read moreDetailsအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမြန်မာအရေးအရေးပေါ်အစည်းအဝေးလုပ်ကြတယ်။လာမယ့်လမှာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာစစ်ကောင်စီကိုဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကိုအကြိုဆွေးနွေးကြတာပါ။ကြေငြာချက်တစ်စုံတရာတော့မထုတ်ပြန်သေးဘူး။စင်ကာပူဝန်ကြီးကတော့အာဆီယံအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ချဖို့အချိန်ကျလာပြီလို့ပြောသွားတယ်။လာမယ့်နှစ်မှာအင်ဒိုနီးရှားကအလှည့်ကျဥက္ကဌဖြစ်လာမှာပါ။ဘာပဲဖြစ်ဖြစ်အာဆီယံအနေနဲ့စစ်ကောင်စီအပေါ်အမြင့်ဆုံးအရေးယူနိုင်တာတစ်ခုကအာဆီယံကမြန်မာကိုထုတ်ပစ်လိုက်တာပဲ။အာဆီယံကမြန်မာကိုထုတ်ပစ်လိုက်လဲစစ်ကောင်စီကအရေးလုပ်နေမှာမဟုတ်ဘူး။သူ့အတွက်ဘာမှထိခိုက်နစ်နာမှုရှိမှာမဟုတ်ဘူး။မြန်မာ့အရေးကိုအာဆီယံလက်ထဲထည့်ထားသမျှတော့စစ်ကောင်စီစိတ်ကြိုက်ဖြစ်နေမှာပဲ။
Read moreDetailsစစ်ကိုင်းတိုင်းပုလဲမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံးလေကြောင်းကနေစီးနင်းတိုက်ခိုက်ခံလိုက်ရတယ်။ရဟတ်ယာဉ်တွေနဲ့စစ်သားတွေချပြီးပစ်ခတ်စီးနင်းသွားတာဖြစ်တယ်။ကြိုတင်သတင်းရတဲ့အတွက်PDFတွေဖက်ကထိခိုက်မှုတော့မရှိခဲ့ဘူး။ရုံးနဲ့ရုံးတွင်းပစ္စည်းတွေကိုတော့လက်လွှတ်လိုက်ရတယ်။ရုံးအတွင်းမှာဖမ်းထားတဲ့စစ်ကောင်စီသတင်းပေးတွေနဲ့ပစ်မှုကျူးလွန်ထားသူတွေကိုတော့စစ်တပ်ကခေါ်ဆောင်သွားတယ်။တချို့တွေကိုလဲနေရာမှာတင်သတ်ဖြတ်သွားတယ်။အနီးနားတဝိုက်ကိုစစ်သူပုန်တွေကဆက်လက်စစ်ကြောင်းထိုးရာမှာPDFတွေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားတယ်။ထိုစစ်ကြောင်းဟာရဟတ်ယာဉ်တွေနဲ့ပဲပြန်လည်ဆုတ်ခွာသွားတယ်။ မြောင်မြို့နယ်မှာလဲအလားတူလေကြောင်းကစီးနင်းခံရလို့PDFစခန်းတစ်ခုလက်လွှတ်လိုက်ရတယ်။လူတွေတော့ဘာမှထိခိုက်မှုမရှိပေမယ့်စခန်းသိမ်းခံရတာကြောင်းလက်နက်ခဲယမ်းပစ္စည်းရိက္ခာတွေဆုံးရှုံးကုန်တယ်။စစ်ကိုင်းနဲ့မကွေးမှာစစ်သူပုန်တွေမြေပြင်ကစစ်ကြောင်းမထိုးနိုင်တော့တာကြောင့်လေကြောင်းကနေပဲအလစ်ဝင်ရောက်တိုက်ခိုက်တဲ့ဗျူဟာကိုပြောင်းလဲကျင့်သုံးလာနေပြီ။ဒါကိုတန်ပြန်နိုင်ဖို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့နည်းလမ်းရှာဖို့လိုနေပြီ။
Read moreDetailsအနန့်ပါကျေးရွာဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်တစ်ရာနီးပါးဖြစ်လာပြီ။ဒဏ်ရာရသူတွေကိုဖားကန့်ဘက်ကဆေးရုံတွေကိုပို့ဆောင်နိုင်ဖို့စစ်ကောင်စီကလက်မခံပဲလမ်းတွေပိတ်ဆို့ထားတာကြောင့်လူနာတွေသွေးထွက်လွန်ပြီးသေဆုံးသူအရေအတွက်တိုးလာခြင်းဖြစ်တယ်။အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်ပြီးဒဏ်ရာရသူတွေကိုဆေးရုံတင်ခွင့်မပေးတာဟာတော်တော်ယုတ်မာရိုင်းစိုင်းတဲ့စစ်ကောင်စီရဲ့အပြုအမူပဲ။ KIAဖက်ကဒီဖြစ်ရပ်အပေါ်တန်ဖိုးကြီးတဲ့ရင်းနှီးမှုဟာတော်လှန်ရေးအတွက်အားဖြစ်စေမယ်လို့ပြောလိုက်တယ်။KIAဗိုလ်ချုပ်ဂွမ်မော်ကဆိုရှယ်မီဒီယာမှတဆင့်မင်းအောင်လှိုင်အပေါ်အိတ်ဖွင့်ပေးစာပို့တယ်။ဒီဖြစ်ရပ်မတိုင်ခင်အထိKIAဟာစစ်ကောင်စီကိုတိုက်စစ်မဖွင့်သေးပဲခုခံစစ်သာဆင်နွှဲနေတာပါ။အခုစစ်ကောင်စီရဲ့အဆင်အခြင်မဲ့လုပ်ရပ်ကြောင့်ကချင်ပြည်နယ်မှာတိုက်ပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့ခန့်မှန်းနေကြတယ်။ စစ်ကောင်စီဟာနွေဦးတော်လှန်ရေးမှာEAOအဖွဲ့တွေကိုမပါပါအောင်ဆွဲခေါ်နေသလိုပဲ။ပထမဆုံးKNUနယ်မြေထဲကလေးကေကော်ဒေသကိုစစ်ကြောင်းထိုးပြီးKNUကိုဆွဲခေါ်ခဲ့တယ်။ပြီးတော့အေအေစစ်စခန်းတစ်ခုကိုဗုံးကြဲတိုက်ခိုက်ပြီးငြိမ်သက်နေတဲ့ရခိုင်မှာအေအေနဲ့စစ်မျက်နှာအသစ်ဖွင့်ခဲ့တယ်။အခုလဲKIAကိုစစ်ကြေငြာလိုက်ပြီ။စစ်ကောင်စီဟာအိပ်နေတဲ့ကျားကိုသွားနိုးလိုက်တာပဲ။
Read moreDetailsဒီနွေဦးတော်လှန်ရေးကာလမှာအဆိုးရွားဆုံး၊ယုတ်မာအရိုင်းစိုင်းဆုံးလုပ်ရပ်တစ်ခုကိုစစ်ကောင်စီကကချင်ပြည်နယ်မှာကျူးလွန်ခဲ့တယ်။ကချင်ပြည်နယ်၊ဖားကန့်မြို့နားကအနန့်ပါကျေးရွာလေးမှာKIA/KIOနှစ်ပတ်လည်နေ့အကြိုအခမ်းအနားဖျော်ဖြေပွဲတစ်ခုမနေ့ညကပြုလုပ်ခဲ့တယ်။KIOကအရာရှိတွေ၊ကချင်အနုပညာရှင်တွေ၊ပြည်သူတွေအမြောက်အမြားရှိနေတဲ့ပွဲတစ်ခုကိုညကိုးနာရီလောက်မှာစစ်တပ်ကလေယာဥ်နဲ့ဗုံးကြဲသွားတယ်။ပွဲခင်းထဲမှာရှိနေတဲ့ပြည်သူ၅၀ခန့်ပွဲချင်းပြီးသေဆုံးပြီး၁၀၀ခန့်ဒဏ်ရာအပြင်းအထန်ရကုန်တယ်။သေဆုံးသူတွေထဲမှာKIO/KIAအရာရှိတွေနဲ့ကချင်နာမည်ကြီးအနုပညာရှင်တွေပါသွားတယ်လို့ကနဦးသိရတယ်။တိုက်ပွဲမဖြစ်ပဲ၊စစ်ပွဲဧရိယာတစ်ခုမဟုတ်ပဲအရပ်သားတွေအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာပါ။ ဒါဟာစစ်ကောင်စီကအစုလိုက်အပြုံလိုက်လူသတ်မှု၊စစ်ရာဇဝတ်မှုကြီးကိုကျူးလွန်လိုက်တာပဲ။ပြီးတော့ကချင်တိုင်းရင်းသားတစ်ရပ်လုံးနဲ့KIOကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်လိုက်တာပဲ။ဒီကိစ္စဟာလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး။နှစ်ဖက်လုံးမှာအကျိုးသက်ရောက်မှုတွေပြင်းထန်လာလိမ့်မယ်။
Read moreDetailsFATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်တက်သွားခဲ့တဲ့ဒေါ်လာဈေးတွေဟာဒီနေ့မှာပဲယခင်နှုန်းထားတွေကိုပြန်ရောက်လာခဲ့ပါြပီ။တကယ်ဆိုရင်ထိုသတင်းနဲ့ဒေါ်လာဈေးတက်တာနဲ့ဘာမှမဆိုင်ဘူး။မြန်မာပြည်မှာကတစ်ခုခုဆိုဈေးဆွဲတင်ဖို့ပဲဝိသမလောဘသားစီးပွားရေးသမားတွေကချောင်းနေကြတယ်။သတင်းထွက်လာချိန်မှာပိတ်ရက်တွေဖြစ်နေတာကလဲအနည်းငယ်ခံသာသွားတယ်။ ဒါပေမယ့်ထိုအမည်မဲစာရင်းကြောင့်အခုကတည်းကကောင်းမနေတဲ့မြန်မာပြည်ရဲ့စီးပွားရေးကိုရေရှည်မှာအကြီးအကျယ်ထိခိုက်စေလိမ့်မယ်။ငွေကြေးလွဲပြောင်းမှုတွေကိုအဆင့်ဆင့်စစ်ဆေးတော့မှာဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေအလုပ်တွေအများကြီးပိုရှုပ်သွားမယ်။ဒါကြောင့်ပြည်ပရင်းနှီးမြုပ်နှံမှုတွေလုံးဝလာမှာမဟုတ်တော့ဘူး။ပြည်တွင်းမှာကျန်နေသေးတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလဲထွက်ကုန်တော့မှာပဲ။မြန်မာကျပ်ငွေတန်ဖိုးဟာချက်ချင်းထိုးမကျသေးပေမယ့်ဒေါ်လာလိုအပ်ချက်ပိုများလာတာကြောင့်တဖြည်းဖြည်းချင်းကျလာလိမ့်မယ်။အခုလက်ရှိကျဆင်းနေတဲ့မြန်မာစီးပွားရေးကိုအဆင်းမှာဘီးတက်ပေးသလိုဖြစ်လာလိမ့်မယ်။FATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်စစ်ကောင်စီတစ်ခုထဲမဟုတ်ဘဲပြည်သူတစ်ရပ်လုံးကိုပါထိခိုက်စေလိမ့်မယ်။
Read moreDetailsကမ္ဘာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကမြန်မာနိုင်ငံကိုအမည်မဲစာရင်းထဲထည့်သွင်းလိုက်တယ်။ထိုစာရင်းမှာအီရန်နဲ့မြောက်ကိုရီးယားလိုနိုင်ငံတွေဟာရှိခဲ့တာပါ။အခုမြန်မာဟာတတိယမြောက်နိုင်ငံအဖြစ်စာရင်းဝင်သွားတယ်။အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံကိုနိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကသတိပေးထားခဲ့ပြီးစစ်ကောင်စီကမလိုက်နာခဲ့လို့ထိုစာရင်းထဲဝင်သွားခဲ့တယ်။ အကျိုးသက်ရောက်မှုကတော့ကြီးမားတယ်။နိုင်ငံတကာကပိတ်ဆို့မှုတွေမလာခင်မှာပဲပြည်တွင်းမှာနေ့ချင်းညချင်းဒေါ်လာဈေးတွေတက်ကုန်တယ်။ဈေးဝယ်စင်တာတွေမှာအလုအယက်ဝယ်ယူနေကြတယ်။စက်သုံးဆီဆိုင်တွေမှာကားတွေပြန်တန်းစီနေကြပြီ။ဘာမှန်းမသိပေမယ့်ပြည်သူတွေလန့်ဖြန့်ကုန်ကြပြီ။
Read moreDetailsတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတဲ့ကရင်ပြည်နယ်မှာဒီနေ့မနက်ပိုင်းမှာပဲအာရှလမ်းမကြီးပေါ်ရှိကော့ကရိတ်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေကြတယ်။ပြီးခဲ့တဲ့လကလဲကော့ကရိတ်ကစစ်ကောင်စီအခြေစိုက်ရုံးတွေတိုက်ခိုက်ခံရသေးတယ်။ဒီတကြိမ်ကတော့ပိုပြီးပြင်းထန်တယ်။မြို့ထဲကရုံးတွေအကုန်တပြိုင်နက်တိုက်ခိုက်ခံရတာဖြစ်တယ်။ရဲစခန်းကိုဝင်ရောက်စီးနင်းလိုက်ပြီးအချုပ်ထောင်ကိုဖွင့်ပေးလိုက်လို့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်သွားကြတယ်။စစ်ကောင်စီဖက်ကလဲလက်နက်ကြီးတွေလေယာဉ်တွေနဲ့ပစ်ခတ်နေလို့ပြည်သူတွေထိခိုက်သေဆုံးမှုတွေရှိလာတယ်။ကောကရိတ်အခြေစိုက်စစ်တပ်ခမရ၉၇အထိမသိမ်းပိုက်နိုင်ပေမယ့်စစ်ကောင်စီကိုကောင်းကောင်းခြိမ်းခြောက်လိုက်နိုင်တယ်။ကော့ကရိတ်နဲ့ကပ်နေတဲ့နယ်စပ်ကုန်သွယ်ရေးမြို့မြဝတီမှာလဲချက်ချင်းခြောက်ကပ်သွားပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတယ်။အာရှလမ်းမကြီးကတော့တိုက်ပွဲတွေကြောင့်အခုထိပိတ်ထားဆဲပဲ။ ဒီတိုက်ပွဲဟာစစ်ကောင်စီကိုအားစမ်းတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာအခုလိုမြို့သိမ်းတိုက်ပွဲပုံစံမျိုးမကြာမီဖြစ်လာတော့မယ်။ဒါပေမယ့်ဒေသတစ်ခုမှာတစ်မြို့ထဲကွက်ပီးသိမ်းဖို့ကြိုးစားရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ဒေသတိုင်းမှာအချိန်ကိုက်အကောင်အထည်ဖော်နိုင်မှအောင်မြင်နိုင်မယ်။
Read moreDetailsမနေ့ကအင်းစိန်ထောင်ကပေါက်ကွဲမှုကြောင့်တနိုင်ငံလုံးကထောင်တွေမှာထောင်ဝင်စာတွေ့ခွင့်ကိုစစ်ကောင်စီကပိတ်ပင်လိုက်တယ်။သေဆုံးသွားတဲ့သူတွေထဲမှာအကျဥ်းကျနေတဲ့ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ယောက်ရဲ့မိခင်လဲပါသွားတယ်။STAဆိုတဲ့မြေအောက်တော်လှန်ရေးအဖွဲ့တစ်ခုကတော့သူတို့လုပ်တာလို့ကြေငြာချက်ထုတ်ပြန်တယ်။ဒါပေမယ့်နီးစပ်သူတွေရဲ့အဆိုအရထိုအဖွဲ့ဟာဖမ်းဆီးခံရပြီးပျက်စီးသွားတာကြာပြီ။ထိုပေါက်ကွဲမှုကိုစစ်ကောင်စီကတော်လှန်ရေးအဖွဲ့တွေအပေါ်အပစ်ဖို့ပေမယ့်သိရတဲ့အချက်အလက်တွေအရသူတို့ကိုယ်တိုင်ထိုးကျွေးပြီးလုပ်တာလဲဖြစ်နိုင်တယ်။စစ်ကောင်စီကတော့ဘယ်တော့မှဝန်ခံမှာမဟုတ်ပဲလိမ်ညာနေဦးမှာပဲ။သူတို့အမှန်အတိုင်းပြောရင်တောင်ခုချိန်မှာဘယ်သူမှမယုံတော့ဘူးလေ။
Read moreDetailsမြန်မာပြည်မှာအကြီးဆုံးထောင်ဖြစ်တဲ့အင်းစိန်ထောင်မှာပေါက်ကွဲမှုဖြစ်ပွားတယ်။ထောင်အဝရှိထောင်ဝင်စာပို့တဲ့နေရာမှာပါဆယ်ဗုံးပုံစံပေါက်ကွဲတာဖြစ်တယ်။ပေါက်ကွဲမှုကြောင့်ထောင်ဝန်ထမ်းတွေနဲ့ထောင်ဝင်စာလာတွေ့တဲ့ပြည်သူတွေသေဆုံးကုန်တယ်။ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်တပ်ကရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်လမ်းသွားလမ်းလာပြည်သူတွေလဲဒဏ်ရာရကြတယ်။ဒီလုပ်ရပ်ကိုဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့မသိရသေးဘူး။လူတွေကတော့ထင်ကြေးအမျိုးမျိုးပေးနေကြတယ်။စစ်တပ်ကလုပ်တာဖြစ်နိုင်သလိုမြို့ပြပျောက်ကြားတွေလက်ချက်လဲဖြစ်နိုင်တယ်။ ကရင်ပြည်နယ်မှာလဲတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံနဲ့အဓိကုန်သွယ်မှုပြုလုပ်နေတဲ့အာရှလမ်းမကြီးကိုဒီနေ့ပိတ်လိုက်ပြန်တယ်။ခရီးသွားတွေ၊ကုန်တင်ကားတွေရှေ့တိုးမရနောက်ဆုတ်မရပဲရောက်တဲ့နေရာမှာရပ်ထားရတယ်။ဒီကာလကြီးမှာခရီးသွားရတာဘယ်နေရာမှစိတ်မချရတော့တဲ့ပုံစံဖြစ်လာပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.