စစ်ကောင်စီဟာမနေ့ကကဆုန်လပြည့်နေ့မှာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကိုပြန်လွှတ်ပေးခဲ့တယ်။ဒါပေမယ့်ထိုပြန်လွှတ်ပေးမှုဟာမြန်မာပြည်ကိုတရုတ်၊ရုရှားအပါအဝင်နိုင်ငံတကာကလာရောက်ချိန်နှင့် ချိန်ကိုက်လွှတ်ပေးခြင်းသာဖြစ်တယ်။ ဖမ်းဆီးထားတဲ့လူတွေကိုပြန်လွှတ်ပြီးသူ့ရဲ့လမ်းစဉ်ကိုလက်ခံအောင်လုပ်တာကဟိုအရင်တွေကတည်းကလည်း လုပ်နေကျပဲ။ အခုတော့ စကစနဲ့ တွေ့ဆုံမှုတွေ လုပ်လာနေကြတာနဲ့အချိန်ကိုက် စီစဉ်ထားတဲ့ အတိုင်းလျော့ပေးနေတယ်။လက်ရှိမှာစစ်ကောင်စီ၏ဖိတ်ကြားချက်ဖြင့်မြန်မာနိုင်ငံကိုတရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း၊ ရုရှားအစိုးရကိုယ်စားလှယ်အဖွဲ့တို့အပြင် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ(ASEAN-BAC) ဥက္ကဋ္ဌတို့ရောက်ရှိနေတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အခါကြီးရက်ကြီးတွေမှာအကျဉ်းသားတွေလွှတ်ပေးလေ့ရှိပေမယ့်နိုင်ငံအကျဉ်းသားတွေအများဆုံးလွှတ်ပေးတာဟာဒီတကြိမ်ပထမဦးဆုံးပဲ။ဒါပေမယ့်လဲဒါဟာဖိအားတွေများနေတဲ့စစ်ကောင်စီရဲ့လှည့်ကွက်တစ်ခုပဲ။
Read moreDetailsမြန်မာစစ်တပ်ဟာအင်အားချိနဲ့လာပြီးတပ်ဖွဲ့ဝင်အင်အားလျော့နည်းလာတယ်လို့နိုင်ငံတကာစစ်တမ်းတစ်ခုကဆိုပါတယ်။အာဏာမသိမ်းခင်ကမြန်မာစစ်တပ်ဟာတပ်ဖွဲ့ဝင်အင်အားသုံးသိန်းမှလေးသိန်းအထိရှိမယ်လို့ခန့်မှန်းခဲ့ပေမယ့်အခုအချိန်မှာထက်ဝက်ခန့်သာကျန်တော့တယ်။တကယ်တမ်းအင်အားတစ်သိန်းခွဲခန့်သာရှိပြီးအာဏာသိမ်းပြီးနောက်ပိုင်းCDMနဲ့တိုက်ပွဲမှာသေဆုံးမှုတွေကြောင့်နှစ်သောင်းကျော်ဆုံးရှုံးခဲ့တယ်။ဒါ့ကြောင့်အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို နှိမ်နင်းဖို့နဲ့ အာဏာ ချုပ်ကိုင်မှု ခိုင်မာကျစ်လစ်အောင် မလုပ်ဆောင်နိုင်တော့ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်တပ်ကထိခိုက်သေဆုံးတဲ့အချက်အလက်တွေကိုအဆင့်အသီးသီးမှာလိမ်လည်ထားတာကြောင့်သူတို့ရဲ့အင်အားအမှန်ကိုစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေတောင်အသေအချာမသိနိုင်တော့တဲ့အခြေအနေဖြစ်နေပါပြီ။ဒီအချက်ဟာတော်လှန်ရေးအင်အားစုတွေကောင်းကောင်းအသုံးချရမယ့်အချက်တစ်ခုဖြစ်လာလိမ့်မယ်။
Read moreDetailsစစ်ကိုင်းတိုင်းရှိ စစ်ရှောင် ပြည်သူများအဖို့ စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ ကြုံတွေ့နေရသည့်အပြင် ပူပြင်းခြောက်သွေ့လှသောဧပြီလက စတင်ကာ တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ ရေရှားပါးမှုပြဿနာပဲ။စစ်ကိုင်းတိုင်းမှာ မိုးခေါင်ရေရှားမှုကြောင့် ချိုးရေအသာထား၊ သောက်သုံးရေပင် ရရှိရန်ခက်ခဲနေတယ်။ရေဆိုတစ်ရက်ခြားလောက်ပဲချိုးနေရတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဝင်ရောက်ခဲ့တဲ့ ကျေးရွာများတွင်လည်း လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကို...
Read moreDetailsတရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်ကိုရောက်လာပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဒါဟာအာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံတဲ့ပထမဆုံးတရုတ်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပဲ။တရုတ်ဟာအခုနောက်ပိုင်းမှာစစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံမှုတွေခပ်စိပ်စိပ်ပြုလုပ်လာတယ်။ ဒီတခေါက်တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်မှာထူးခြားမှုတစ်ခုကအာဏာရှင်ဟောင်းဦးသန်းရွှေကိုသွားရောက်တွေ့ဆုံခဲ့တာပဲ။တရုတ်ဟာမင်းအောင်လှိုင်ကိုထိန်းချုပ်ပြောဆိုလို့မရတော့တဲ့နောက်မှာအရင်အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့အကူအညီကိုရယူလိုနေတယ်လို့သုံးသပ်ကြတယ်။တချို့ကတော့အနားယူနေတဲ့ဦးသန်းရွှေပြန်ပါလာရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းမှာအပြောင်းအလဲတွေဖြစ်နိုင်မယ်လို့ယူဆကြတယ်။ဒါပေမယ့်ဘယ်လိုပဲပြောင်းလဲပါစေပြည်သူတွေအတွက်တော့ထူးမယ်မထင်ဘူး။သူတို့အချင်းချင်ကပုလင်းတူဗူးဆို့တွေပဲလေ။တရုတ်ကဘာလိုချင်တာလဲ၊စစ်ကောင်စီဘာဆက်လုပ်မှာလဲဆိုတာကိုတော့သတိထားစောင့်ကြည့်ရမယ်။
Read moreDetailsမန္တလေးမြို့မှာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ကြုံနေရတယ်။မန္တလေးမြို့မှာစည်ပင်သာယာရေးကော်မတီနယ်နမိတ်မြို့ပေါ်ရပ်ကွက်နေသူများကစည်ပင်ပေးသည့် ရေကို အသုံးများပြီး အခု အချိန်ကန့်ချက်ဖြင့် ရေပေးနေသလို အဝီစိတွင်းရေကို အားထားနေသည့် မြို့သစ်ပိုင်း နေသူများမှာလည်း မီးပျက်ချိန်များလို့ ရေတင်မရသည့် အခက်အခဲနှင့် ကြုံနေရတယ်။ ရေကို မီးလာတဲ့အချိန်လေး...
Read moreDetailsစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေကိုရန်ပုံငွေရှာဖွေပေးနေတဲ့တော်လှန်ရေးထောက်ပို့YouTubeချန်နယ်တွေဖြစ်တဲ့ပဒေသာပင်ချန်နယ်များကိုဒီလကုန်မှာရပ်နားတော့မယ်တဲ့။အဓိကကတော့လူဝင်နှုန်းကျနေတာပဲ။အရင်ကတသိန်းလောက်ဝင်ခဲ့ရာကနေအခုနေ့တိုင်း၁၅၀၀၀လောက်ပဲဝင်တယ်။တခြားချန်နယ်တွေဆိုဒီထက်ပိုဆိုးသေးတယ်။ဒါ့ကြောင့်တလကိုဝင်ငွေသိန်း၃၀ကျော်သာရရှိတော့လို့ရပ်နားဖို့ဆုံးဖြတ်လိုက်ရတာပဲ။ အခုလိုချန်နယ်တွေ၊ကလစ်အပ်ပလီကေးရှင်းတွေအားနည်းလာနေတာတော့ကြာပါပြီ။အဓိကတော့လူတွေငြီးငွေ့လာကြတာပဲ။ပီးတော့အခုနောက်ပိုင်းမီးတွေတအားပြတ်တော့အဲ့ဒီအတွက်ကိုအချိန်မပေးနိုင်ကြတော့ဘူး။တော်လှန်ရေးကာလနှစ်နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာထို့ကဲ့သို့အင်တာနက်အားပြုထောက်ပို့လုပ်ငန်းတွေပျောက်ကွယ်သွားတော့မယ်။
Read moreDetailsဓာတ်အားပြတ်တောက်မှုဆိုးရွားစွာဖြစ်ပေါ်နေမှုကိုဖြေရှင်းဖို့ရှော့ပင်းစင်တာတွေ၊စက်ရုံတွေမှာတပ်ထားတဲ့တနိုင်တပိုင်ဆိုလာစနစ်ကနေပိုလျှံဓာတ်အားတွေဝယ်ယူမယ်လို့စစ်ကောင်စီကစာထုတ်လိုက်တယ်။ ရှော့ပင်းစင်တာကြီးတွေနဲ့စက်ရုံတွေဟာဓာတ်အားအလုံအလောက်မရလို့အဆောက်အအုံခေါင်မိုးတွေပေါ်မှာဆိုလာပြားတွေတပ်ပြီးအဆင်ပြေသလိုဖြေရှင်းနေရတာပါ။မီးစက်ကြီးတွေရှိပေမယ့်မိုးထိုးနေတဲ့ဆီစျေးကြောင့်၂၄နာရီမီးစက်မသုံးနိုင်ကြဘူးလေ။ထိုကဲ့သို့သောကိုယ်ထူကိုယ်ထဓာတ်အားပေးစနစ်ကနေပြန်လည်ဝယ်ယူမယ်ဆိုတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာတကယ့်ကိုရီစရာဖြစ်နေတယ်။တသက်နဲ့တကိုယ်ဒါမျိုးတစ်ခါမှမကြားဖူးပါဘူး။စစ်ကောင်စီဟာနွေရာသီမှာပြတ်လတ်လေ့ရှိတဲ့ဓာတ်အားပေးစနစ်အတွက်ဘာမှကြိုတင်စီစဉ်ထားတာမရှိမှန်းသိသာစေတယ်။နောက်နှစ်နွေအတွက်တော့မတွေးရဲစရာပဲ။
Read moreDetailsစစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များ မြေပွေးကိုက်ခံရသောကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေတယ်။ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံများသည် စစ်ကောင်စီဘေးရန်အပြင် မြွေပွေးအန္တရာယ်ကိုပါ ရင်ဆိုင်နေရတယ်။ဟိုတလောက ရှစ်နှစ်သားကျောင်းသားလေးတစ်ယောက် မြွေကိုက်ခံရတဲ့အတွက် အချိန်မှီမကုနိုင်လို့ အသက်ဆုံးရှုံးသွားတယ်။ အပူပိုင်းဒေသဖြစ်တဲ့ ကန့်ဘလူမြို့နယ်မှာ အဆိပ်ပြင်းမြွေပွေးအမျိုးအစား ပေါများသည့်အပြင်...
Read moreDetailsရှမ်းကယားနယ်စပ်၊ဖယ်ခုံမြို့နယ်ထဲကစစ်ဘေးရှောင်အရပ်သားတွေအားထားနေရတဲ့ဆေးပေးခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ထိုဆေးခန်းဟာကိုယ်ထူကိုယ်ထဆေးခန်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား၃ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်။ဆေးပေးခန်းအဆောက်အဦးနဲ့ဆေးပစ္စည်းတွေလဲလုံးဝပျက်စီးသွားတယ်။ အကြမ်းဖက်စစ်အုပ်စုဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုပါရန်သူသဖွယ်သတ်မှတ်ကာဗုံးကြဲတိုက်ခိုက်ပြီးတော့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်။
Read moreDetailsကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ဟောင်းဘန်ကီမွန်ဟာကြိုတင်ကြေငြာခြင်းမရှိပဲမြန်မာနိုင်ငံကိုရုတ်တရက်ရောက်လာတယ်။စစ်ကောင်စီကဖိတ်ကြားထားလို့တော့ပြောတာပဲ။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံသွားတယ်။ဘာရည်ရွယ်ချက်နဲ့လာလဲတော့သေချာမသိသေးဘူး။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုနိုင်ငံတကာကပုဂ္ဂိုလ်တွေခပ်စိတ်စိတ်လာရောက်တွေ့ဆုံနေတယ်။အထူးသဖြင့်တရုတ်နဲ့ထိုင်းကပေါ့။ဘန်ကီမွန်ရဲ့ခရီးစဉ်ကတော့ဟိုနိုင်ငံတွေလိုမင်းအောင်လှိုင်လိမ်ညာပြောသမျှနားထောင်ပြီးပြန်သွားမယ့်သူတော့မဟုတ်လောက်ဘူး။ဆက်လက်စောင်ကြည့်ရဦးမယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.