ကချင်ပြည်နယ်မိုးမောက်မှာစစ်ကောင်စီတပ်တွေနဲ့KIAတို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်။မိုးမောက်မြို့အရှေ့ဖက်ကလုံဂျာတောင်ကြောမှာရှိတဲ့KIAတပ်စခန်းတွေကိုစစ်တပ်ကသိမ်းပိုက်ဖို့ကြိုးစားနေတာပါ။ထိုKIAစခန်းတွေဟာြမစ်ကြီးနား-ဗန်းမော်လမ်းကိုကောင်းစွာြခိမ်းခြောက်နိုင်တယ်။ထိုလမ်းတလျောက်ရှိစစ်တပ်စခန်းတွေလဲလုံခြုံမှုမရှိလို့အင်အားငါးရာကျော်သုံးပြီးအသည်းအသန်တိုက်ခိုက်နေတယ်။တပတ်ကျော်ကြာနေပြီဖြစ်တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဖက်ကတစ်ရာကျော်သေဆုံးသွားပြီလို့သိရတယ်။
တနိုင်ငံလုံးကထောင်တွေမှာပိတ်ထားတဲ့ထောင်ဝင်စာတွေကိုစစ်ကောင်စီကပြန်လည်ခွင့်ပြုလိုက်ပြီ။ဒါပေမယ့်အစစ်အဆေးတွေကတော့အများကြီးပိုပြီးတင်းကျပ်လာတယ်။အခုလိုထောင်ဝင်စာတွေကိုတင်းကျပ်ချင်လို့အင်းစိန်ထောင်ဗုံးခွဲမှုကိုစစ်ကောင်စီကစီစဉ်တာလဲဖြစ်နိုင်တာပဲ။