မြဝတီကို စစ်ကူလွတ်လိုက်တဲ့စစ်ကြောင်းကို ဒုတိယစစ်ခေါင်းဆောင်စိုးဝင်း ကိုယ်တိုင်ကွပ်ကဲနေတယ် လို့သိရတယ်။ ဖြစ်ချင်တော့စိုးဝင်းရောက်ရှိနေတဲ့ မွန်ပြည်နယ်မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့တွေက ဧပြီလ၉ရက်နေ့မှာ ကာမီကာဇိုင်းဒရုန်းတွေနဲ့ တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃၀ ကျော်ထိခိုက်သေဆုံးမှုရှိခဲ့တယ်။ စိုးဝင်းနှင့် အပေါင်းအပါတွေ အစည်းအဝေးလုပ်နေသည့် အားကစားခန်းမကို ထိမှန်ခဲ့တာကြောင့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းလဲ ဒဏ်ရာရသွားတယ်လို့ သိရတယ်။ ဒါ့အပြင်ရဟတ်ယာဉ်ကွင်းက ရဟတ်ယာဉ်တွေကိုလဲ ထိမှန် ခဲ့သေးတယ်။ စိုးဝင်းရဲ့သတင်းကတော့ အဲ့ဒီရက်ကတည်းက အခုချိန်ထိစုန်းစုန်းမြုပ်နေတယ်။ စစ်ကောင်စီပြန်ကြားရေးက ဇော်မင်းထွန်းကတော့ ဘာမှမဖြစ်ဘူးလို့ငြင်းနေပေမယ့် သူပြောတဲ့စကား တိုင်းက အလိမ်အညာတွေချည်းပဲလေ။ တကယ်တမ်းဘာမှမဖြစ်ဘူးဆိုရင် ဒီအချိန်မှာ လူလုံးထွက်ပြ ရမှာပေါ့။ ဒါ့ကြောင့်ဒုတိယစစ်ခေါင်းဆောင်စိုးဝင်းဟာ မသေသေးဘူးဆိုရင်တောင် ဒဏ်ရာကြီးကြီးမားမား ရသွားတာတော့သေချာတယ်။မြဝတီဘက်မှာတော့ ထိုင်းဘက်ကိုထွက်ပြေးဖို့ ကြိုးစားနေတဲ့စစ်သူပုန် ၂၀၀ ခန့်ကိုထိုင်းအစိုးရက လက်မခံတဲ့အတွက် နယ်စပ်မြစ်ဘေးကတံတားအောက်မှာပဲ သောင်တင်နေပါတယ်။ ထိုင်းဘက်က လက်မခံတဲ့အပြင်ထို င်းစစ်တပ်ကိုယ်တိုင်နယ်စပ်မှာ လုံခြုံရေးအပြည့်နဲ့ စောင့်ကြပ်လျက်ရှိ တယ်။ ထိုင်းနိုင်ငံဟာအရင်က စစ်ကောင်စီရဲ့တပ်ပြေးတွေကို မသိမသာလက်ခံလေ့ရှိပေမယ့် ဒီတခေါက်ကတော့ ထိုင်းမီဒီယာတွေအထိ လူသိရှင်ကြားဖြစ်သွားတဲ့အတွက် ထိုတပ်ပြေးတွေကို လက်ခံလို့ အဆင်မပြေတော့ပါဘူး။ ထိုစစ်သူပုန်၂၀၀ ကျော်ကတော့သောင်ပြင်မှာ လွတ်နေတဲ့ခွေးတွေလိုပါပဲ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...