“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ ဆွဲပြီးကာပြီးတော့ ဒီလိုပဲထိုးပြီးနေကြရတာပေ့ါ။ အဖီတဲလေးတွေနဲ့။ အခုလက်ရှိ ရွာတွေကျတော့လည်း စစ်ကြောင်းဝင်ရင်ကျတော့အရမ်းနီးတဲ့အခါကျတော့ ရွာတွေကိုပဲအဓိကထားတာဆိုတော့ တောထဲက တဲလေးတွေမှာပဲသွားနေကြရတာပေါ့။ မီးလောင်ပြင်နဲ့ ရွာပျက်ပုံစံတွေပဲ များသာအားဖြင့် ကျန်နေခဲ့တာပေ့ါ။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကစလို့ နေ့စဉ်ဆိုသလို ကျေးရွာတွေနေအိမ်တွေ မီးရှို့ခံရပါတယ်။
တစ်လကျော်အတွင်း ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၂ ခုမှာ အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြေပြင်စစ်ရှောင်ကူညီပေးသူတွေ စစ်တမ်းအရသိရပါတယ်။
ဇန်နဝါရီလဆန်းကနေ ၁၇ ရက်နေ့ထိ ထီးချိုင့် မြို့နယ်တွင်းနဲ့ ဒေသအစပ်ကြား ကျေးရွာတချို့ ထပ်မံမီးရှို့ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ ဆွဲပြီးကာပြီးတော့ ဒီလိုပဲထိုးပြီးနေကြရတာပေ့ါ။ အဖီတဲလေးတွေနဲ့။ အခုလက်ရှိ ရွာတွေကျတော့လည်း စစ်ကြောင်းဝင်ရင်ကျတော့အရမ်းနီးတဲ့အခါကျတော့ ရွာတွေကိုပဲအဓိကထားတာဆိုတော့ တောထဲက တဲလေးတွေမှာပဲသွားနေကြရတာပေါ့။ မီးလောင်ပြင်နဲ့ ရွာပျက်ပုံစံတွေပဲ များသာအားဖြင့် ကျန်နေခဲ့တာပေ့ါ။ ရွာထဲမှာ နေတဲ့သူတွေကျတော့လည်း အရင်ကလို အသုံးအဆောင်ပစ္စည်းတွေဘာညာမထားတော့ဘူး။ လာရင်ပြေးရလွယ်အောင်လို့။ ကျွန်တော်တို့တွက်ထားသလောက်တော့ ရွာပေါင်း ၂၂ ရွာလောက်ရှိပါပြီ။ အိမ်ခြေပေါင်းကတော့ ၁၄၀၀ ကျော်သွားပါပြီ”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
Source: BBC Burmese