Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြန်မာ့အရေးကုလရဲ့သမိုင်းဝင်ဆုံးဖြတ်ချက်မှာတရုတ်နဲ့ရုရှားတို့ဘာကြောင့်မကန့်ကွက်ခဲ့တာလဲ (၂)

January 4, 2023
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

UN Resolution ကို ဗြိတိန်ကသွင်းတယ်။ ရီဗျူးလုပ်ကြပြီး ၁၂ က ထောက်ခံ ၃ က ကြားနေ အနေနဲ့ ရှိတယ်။

ကြားနေ (၃) က တရုတ်၊ ရုရှား၊ အိန္ဒိယ ဖြစ်တယ်။

သဘောတရားအရ ရုရှားက ကြားနေလုပ်စရာ အကြောင်းမရှိပါဘူး။ ရုရှားဆီကနေ သံတမန်ရေး ထောက်ခံမှုရဖို့ စစ်အုပ်စုအများကြီးရင်းနှီးမြုပ်နှံထားတယ်။ ဒီတော့ ရုရှားကကြားနေပေးတယ်ဆိုတာ သူ လေးစားမှုပေးရတဲ့ အင်အားကြီး နိုင်ငံတစ်ခုရဲ့ဆွေးနွေးမှုကြောင့်ဖြစ်မယ်။

တရုတ်ဟာ ဒီ ၂ နှစ်တာကာလမှာ ၂၀၂၂ နှစ်ဦးအထိ စစ်အုပ်စုနဲ့ မြွေမသေ တုတ်မကျိူးဆက်ဆံနေခဲ့တယ်။ ကိုဂျင်မီတို့ကို သတ်ဖြတ်မှုတွေ၊ ပြည်သူတွေကို ဗုံးကြဲမှုတွေ၊ သူ့တပည့်ကမ္ဘောဒီးယားက ဟွန်ဆန်ကို လွှတ်ပြီး ညှိခိုင်းပေမယ့် အကြိမ်ကြိမ်အိုးမည်ူသုတ်ခံရတာ၊ သူ့အိမ်နောက်နေရာမှာ နူကလီးယားကိစ္စဇွတ်လုပ်ချင်တာ အစရှိတာတွေက တရုတ်အနေနဲ့ ဦးမအလနဲ့အုပ်စုကို လက်လွှတ်ဖို့ အခြေအနေကို ပြနေတယ်။ ဒါ့အပြင် NUG နဲ့ ERO တွေက ယနေ့အထိတရုတ်ရဲ့အရေးကြီး လုပ်ကွက်တွေကို ကြီးကြီးမားမား တိုက်ခိုက်မှုတွေမလုပ်သေးဘဲ စောင့်နေပေးခဲ့တယ်။ ဒါပေမယ့် တရုတ်ဟာ ပြည်သူတွေကို အကြိမ်ကြိမ် စိတ်ပျက်စေခဲ့တယ်။

အမေရိကန်က NDAA တင်လိုက်တဲ့အခါမှာ ထိုင်းကဂျာနယ်လစ် တစ်ဦး ရေးတယ်။ မြန်မာဟာ Proxy War ဇုန်ဖြစ်လာနိုင်သတဲ့။ အဓိပ္ပာယ်က အမေရိကန်ဟာ NDAA နဲ့ မြန်မာ့ တော်လှန်ရေးတပ်သားတွေကို ပံ့ပိုးပေးလာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အမေရိကန်လို နိုင်ငံအနေနဲ့က မြန်မာ့ PDF တွေကို ပံ့ပိုးဖို့ဆိုတာဟာ ယူကရိန်းမှာသုံးခဲ့တာရဲ့ အစွန်းထွက်တောင်မသုံးရဘဲ တရုတ်စီမံကိန်းကြီးတွေကို ခြိမ်းခြောက်နိုင်တဲ့အခွင့်အရေးပါ။ လတ်တလောမှာ အမေရိကန်ကအဲ့လောက်အထိရည်ရွယ်ပုံမပေါ်ပါဘူး။

ဒီလိုအချိန်မှာ တရုတ်ဟာရွေးစရာအများကြီးမကျန်ပါဘူး။ သူနဲ့ ရင်းနှီးပြီးသား ERO တွေနဲ့ တီးခေါက်ကြည့်။ ပြီးရင်သူကအရင်ဦးအောင်ဝင်ပြီးInterveneလုပ်တာကသာသင့်လျော်တဲ့အခြေအနေမျိူးလို့ မြင်လို့ရပါတယ်။ ဝင်တယ်ဆိုတဲ့နေရာမှာ စကစအပေါ်မှာလဲ ချုပ်ကိုင်မှု (Leverage) ရှိ၊ ERO တွေနဲ့ NUG အပေါ်လဲ Leverage ရှိမယ့်နေရာက ကုလလုံခြုံရေးကောင်စီပါပဲ။ အကြောင်းရင်းက PDF တွေကိုလက်နက် အလုံးအရင်းထောက်ပံ့လိုက်ပြန်ရင်လဲ စစ်အုပ်စုက ကြောက်ကန်ကန်ပြီး ရုရှားခြေသားလုံး ပြေးဖက်မယ်။ ပြီးရင် တရုတ်စကား နားထောင်ဖို့ အခွင့်အလမ်းမရှိဘူးဖြစ်သွားမယ်။ ဒီတော့ စကစ၊ NUG နဲ့ ERO တွေအပေါ် Leverage ဆက်ရှိနေဖို့က UNSC မှာပွဲစားလုပ်၊ ကြားနေဆိုတဲ့အရာကသာ အကောင်းဆုံး အနေနဲ့ ကျန်ပါတယ်။ဒီလို ပွဲစားလုပ်တဲ့နေရာမှာ ဘေဂျင်းဟာ သူ့ရဲ့ Diplomatic Capital တချို့ကို သုံးခဲ့ရလိမ့်မယ်လို့ ယူဆမိတယ်။ အဓိကအကြောင်းရင်းက မြန်မာအတွက်ရုရှားဗီတိုမလုပ်ဖို့ ကရင်မလင်က စကစကို စွန့်လွှတ်ဖို့လိုအပ်လို့ပါပဲ။

အိန္ဒိယက မြန်မာ့အရေးမှာ သံအမတ်ကြီးစကော့မာစီရယ်လ်ပြောသလိုပါပဲ။ “အကျိူးအမြတ်နည်းနည်းလေးအတွက် အရှက်မဲ့သွားတဲ့ နိုင်ငံတွေ” ဆိုသလိုမျိူးပြောလို့ရပါတယ်။ တကယ်က အိန္ဒိယမိုဒီဟာ ဟင်ဒူမဘသ ဖြစ်ပြီး သူ့နိုင်ငံကို ဟင်ဒူ နဲ့ ဟင်ဒူမဟုတ်သူတွေအကြား သွေးခွဲနေတဲ့ အနေအထားမှာရှိတယ်။ အိန္ဒိယက ကြားနေနေခဲ့တာ အင်ဒိုနီးရှားရဲ့သတိပေးချက်ကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီ Resolution ကို မြန်မာကလိုက်နာဖို့တာဝန်ရှိတယ်။ မလိုက်နာရင် UN အဖွဲ့ဝင်နိုင်ငံတွေက Sanction လုပ်ဖို့ကနေတပ်တွေ လွှတ်ဖို့အထိ အာဏာရှိတယ်။ တကယ်လက်တွေ့မှာ ဒီလောက်အထိ သွားဖို့ မမြင်ဘူး။ တရုတ်က ကုလစားပွဲဝိုင်းမှာ မြန်မာ့ပြဿနာကို သူဖြေရှင်းဖို့ကြိုးစားမယ်ဆိုပြီး ညှိပုံပါပဲ။ အမေရိကန်ဝင်လာတာက သူ့အတွက်နောက်ကျောပိုမလုံဖြစ်မှာကိုး။

ဒါကတော့ စာရေးသူယူဆချက်တွေပါ။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English