သေနတ်သံတွေနဲ့ ဖြတ်သန်းရတဲ့နေ့ပါပဲ။ ကျွန်တော်အိမ်ဘေးမှာသေနတ်သံတွေဆူညံနေခဲ့တယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို သပိတ်လာရောက်ဖြိုခွင်းခဲ့တယ်။ ကျည်အစစ်တွေလား၊ အသံဗုံးတွေလား သေသေချာချာမသိပေမယ့် သေနတ်သံတွေဆူညံနေခဲ့တယ်။ စစ်သူပုန်တွေဟာ သပိတ် ဖြိုခွင်းရုံတစ်ခုတည်းမဟုတ်ဘူး။ ရပ်ကွက်ထဲကိုဝင်ပြီး အော်ဟစ်ဆဲဆိုသွားကြသေးတယ်။ သတ္တိရှိတဲ့ကောင်ထွက်ခဲ့၊
လီးကိုဆန္ဒပြ စတဲ့ အမနာပစကားတွေနဲ့ ဆဲဆိုသွားကြသေးတယ်။ ဘယ်လိုပုံစံမျိုးနဲ့ မွေးဖွားလာကြသလဲ နားမလည်နိုင်လောက်အောင်ပါပဲ။