Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

NUGသမ္မတကြီးရဲ့ Ddayတစ်နှစ်ပြည့်မိန့်ခွန်းကောက်နုတ်ချက်

October 12, 2022
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter

#စစ်ရေး

– PDF တပ်ရင်း သုံးရာကျော်ဖွဲ့စည်းပြီး

– ပကဖ အဖွဲ့ 250 ကျော်ဖွဲ့စည်းပြီး

– တရားရေးဌာန 24ခု ဖွဲ့စည်းပြီး

– စိုးမိုးနယ်မြေ 24 မြို့ရရှိ

– တိုင်းပြည်ရဲ့ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီဟုဆို

– တစ်နှစ်အတွင်း စခ(သေဆုံး+ဒဏ်ရာရ) သုံးသောင်းဝန်းကျင် ချေမှုန်းနိုင်ခဲ့

#မိမိရဲ့သုံးသပ်ချက်

လနမရှိတာ အသာထား၊ စာရင်းအရ ရင်း 300ကျော်ဆိုတာ စစ်ပုံကျတဲ့/စစ်တိုက်ရန်အသင့်ဖြစ်တဲ့ တပ်ရင်းတွေ ဟုတ်၊မဟုတ် မေးခွန်းထုတ်လို၊

စစ်တိုက်နိုင်တဲ့တပ်ရင်းများဆိုတာ အခြေစိုက်စခန်းမှာ စုဖွဲ့ထားပြီး၊ မပြတ်လေ့ကျင့်၊ပုံသွင်းနေရတာဖြစ်ကြောင်း EROsအဖွဲ့များမှာ လေ့လာတွေ့ရှိရတယ်။

ရှေ့တန်းအစွန်ဖျားက ပွန်းလေးတွေထက် command center တွေကိုဖြိုနိုင်ဖို့ ဗျူဟာမြောက်စစ်ဆင်ရေးလုပ်ဆောင်နိုင်ပြီလား သိရှိလို၊

တရားရေးဌာနများဆိုရာမှာ အရပ်သားအမှုခင်းတွေအသာထား၊ လနကိုင်တွေကျူးလွန်တဲ့အမှုတွေကို ဖြေရှင်းဖို့ အရင်ဆောင်ရွက်နေပြီလား သိရှိလို၊

ရန်သူ့တပ်အင်အား သုံးသိန်းမှာ တစ်နှစ်အတွင်း သုံးသောင်းဝန်းကျင်(ဆယ်ပုံတစ်ပုံ) ချေမှုန်းထားတယ်‌ဆိုတော့ ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ်ဆယ်နှစ်ကြာမယ်။

စိတ်ပျက်၊ကဲ့ရဲ့လိုစိတ်နဲ့ပြောတာမဟုတ်၊ အချက်အလက်အမှန်ကို နားလည်လက်ခံထားမှ အားနည်းချက်တွေပြင်နိုင်ပြီး ပိုအလုပ်ဖြစ်မယ့်နည်းလမ်းတွေကို ရှာတွေ့နိုင်မယ်ဆိုတာ ထောက်ပြတာ။

#နိုင်ငံရေး

ဖက်ဒရယ်ဒီမိုကရေစီပြည်သစ်တည်ရေး road map ကို တင်ပြသွား၊

အဆင့် 1

ကြားကာလ(လက်ရှိတလရကာလ)မှာ စစ်အာဏာရှင်ကို အမြစ်ဖြတ်‌ချေမှုန်းမယ်။

အဆင့် 2

ကြားကာလအတွင်း နုစီရဲ့ဦးဆောင်မှုနဲ့ အသွင်ကူးပြောင်းရေးကာလခြေဥ(Transitional Constitution-TC)ကို ရေးဆွဲမယ်။

အဆင့် 3

တလရအောင်ပြီးချိန်ကျရင် TCအရ အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့(Transitional Gov-TG)ကို ဖွဲ့စည်းမယ်။

အဆင့် 4

TG လက်ထက်မှာ ဖက်ဒရယ်ဒီမိုကရေစီခြေဥ(မူကြမ်း)ကိုဆွဲ၊ လူထုဆန္ဒခံယူ၊အတည်ပြုမယ်။

အဆင့် 5

ပြီးတာနဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်၊ အနိုင်ရသူက ဖက်ဒရယ်ဒီမိုကရေစီအစိုးရသစ်ကို ဖွဲ့စည်းမယ်။

#မိမိရဲ့သုံးသပ်ချက်

နိုင်ငံရေးလမ်း‌ကြောင်း ဝေဝါးနေတာထက်စာရင် ခုလိုပေါ်ပေါက်လာတာ အားရကျေနပ်တယ်။

road map မှာ ဘယ်နှစ်နှစ်အတွင်းပြီးဖို့လျာထားတယ်ဆိုတဲ့အချိန်သတ်မှတ်ချက်(time frame) အကြမ်းဖျဥ်းကို မပါဘူး။

LocalPDF‌တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဘယ်လိုချိတ်ဆက်လုပ်ဆောင်နေတယ်ဆိုတဲ့အပေါ် ယေဘုယျဆန်ဆန်ပဲ ပြောသွားတယ်။

ချပြလို့မရလို့လား၊ ထိထိရောက်ရောက်ဆောင်ရွက်နေတာ မရှိသေးလို့လား ဘာရယ်တော့မသိ၊

အချုပ်ကတော့(ထုံးစံအတိုင်း)

မြန်မြန်အောင်ချင် ငွေပိုထည့်ကြ၊ ဒါပဲ။ ။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English