မြန်မာပြည်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စိုးဝင်းနဲ့သူ့တို့အောက် ဗိုလ်ချုပ်ကြီးတွေနဲ့
ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားတွေရဲ့စုစုပေါင်း ချမ်းသာမူတွေက ဒေါ်လာဘီလျံဆယ်ချီပြီးတော့ ရှိနိုင်ပါတယ်။
စစ်တပ် ဦးပိုင် MEC တို့ပိုင်ဆိုင်မူဒေါ်လာ ဘီလျံနဲ့ချီ ကြွယ်ဝပိုင်ဆိုင်တယ်။ဒါအပြင် မြန်မာပြည်ထဲ အရင်ခေတ်ခိုနီကြီးတွေနဲ့လက်ရှိခိုနီကြီးတွေရဲ့စုစုပေါင်းချမ်းသာမူကလည်းဒေါ်လာဘီလျံဆယ်နဲ့ချီပြီးတော့ ရှိနိုင်ပါတယ်။နာမည်မထွက်ပဲ တိုးတိုးတိတ်တိတ်ချမ်းသာကြွယ်ဝနေကြတဲ့ ဘလက်ခိုနီငွေမည်းနဲ့ ချမ်းသာနေကြသူတွေရဲ့စုစုပေါင်းချမ်းသာမူ ဒေါ်လာဘီလျံချီတယ်။ဥပမာ ဦးဇော်ဇော်တောင် သူ့ဆရာ
သီဟသူရတင်အောင်မြင့်ဦးထံကနေဒေါ်လာသန်းရာနဲ့ချီ ချေးထားရတယ်။NLD အစိုးရနဲ့ ဦးဇော်ဇော် အဆင်ပြေတော့ ဗိုလ်ချုပ်ကြီးတွေ ကြည့်မရဖြစ်လာလို့သူ့ဆရာ သီဟသူရတင်အောင်မြင့်ဦးက
ဦးဇော်ဇော်ထံ သူရဖို့ရှိတဲ့ ဒေါ်လာတွေပြန်တောင်းသေးသံ ကြားဖူးသေးတယ်။မြန်မာပြည်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်းဗိုလ်ချုပ်မှူးကြီးတွေရဲ့ ချမ်းသာမူတွေခိုနီ ခိုနက်ထက် သာတဲ့သူတွေချည်းပါ။
စစ်ကောင်စီက ဒေါ်လာအကြီးအကျယ်လိုနေတယ်ဆိုတဲ့ အခင်းအကျင်းကိုတော့နည်းနည်းတော့ သံသယရှိလာမိတယ်။ဒေါ်လာလိုချင် သိပ်လည်းမခက်ခဲပါဘူး။ခိုနီတွေရဲ့ ဒေါ်လာပိုင်ဆိုင်မူကို ကျပ်ငွေနဲ့
ဘာလို့ ဖိအားပေး မလဲယူတာလဲ။ဥပမာ ခင်ရွှေနဲ့ ချစ်ခိုင်တို့ ဖမ်းထားတယ်။ဒေါ်လာ ဆယ်ဂဏန်း ရာဂဏန်းလောက်ငွေညှစ်လို့ရင်ရတာပဲလေ မပေးဘူးဆိုပုဒ်မအမျိုးမျိုးတပ် ပိုင်ဆိုင်မူသိမ်းနေတာပဲ။
ပြောလိုတာဒီလိုငွေညှစ်တဲ့အဆင့်မဟုတ်။ဗဟိုဘဏ်ထံဗိုလ်ချုပ်ဟောင်းကြီးတွေနဲ့ခိုနီတွေလက်ထဲမှာရှိနေတဲ့ ဒေါ်လာတွေကိုဒေါ်လာပေါက်စျေးအတိုင်း ရောင်းခိုင်းပေါ့။မရောင်းရင် ဖိအားပေး ခြိမ်းခြောက်ပေါ့။
ဆိုလိုတာ ဒေါ်လာတကယ်လိုနေတယ်ဆိုရင်ဒီနည်းလမ်းမဟုတ်လည်းတခြားသောနည်းလမ်းတွေအများကြီး ရှိနိုင်ပါတယ်။
ပြောလိုတာ ဒေါ်လာလိုချင်တာလောက်နဲ့တိုင်းပြည်ရဲ့ ပြည်တွင်းပြည်ပ စီးပွားရေးဘာလို့ဖြိုချနေတာလဲ။ တိုင်းပြည်စီးပွားရေးဖြိုချစရာမလိုပဲ ဒေါ်လာရနိုင်တဲ့နည်းလမ်းမသုံးပဲ ဘာလို့ တိုင်းပြည်စီးပွားရေး ဖြိုချနေတာလဲ။ဒါဟာ နည်းနည်းလေး ထူးဆန်းတယ်လို့တဖြည်းဖြည်းနဲ့ သံသယဝင်လာနေမိတယ်။
သူတို့ ဘာလိုချင်လို့ တိုင်းပြည်စီးပွားကိုဖြိုချနေတာလဲ ဒါက တွေးကိုတွေးရမယ်။ဆိုလိုတာ စစ်ကောင်စီ ယန္တရားအတွက်ဒေါ်လာလိုအပ်ချက် ရှိတယ်ဆိုတာအမှန်ပါ။ဒါပေမယ့် ဒေါ်လာလိုအပ်ချက်တခုတည်းနဲ့
ပြည်တွင်းစီးပွားရေးတွေလည်း လည်ပတ်လို့ မရတော့အောင် ရည်ရွယ်ချက်ရှိရှိလုပ်တယ်။တဖြည်းဖြည်းနဲ့ သူတို့လိုချင်တဲ့ပုံစံတခုကိုရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ယူနေတယ်ပုံစံဖြစ်လာနေတယ်ဆိုတာ သံသယဖြစ်တယ်။
ဆိုလိုတာ ဒါတွေလုပ်လိုက်ရင် တိုင်းပြည်စီးပွားရေးတွေ ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။အဲလိုဖြစ်လာရင် သူတို့အတွက်ဘာရမလဲ။အဲဒါရဖို့အတွက်ဒီတိုင်းပြည်စီးပွားရေးကိုရည်ရွယ်ချက်ရှိရှိနဲ့ဖြိုချနေတယ်လို့မြင်တယ်။ဥပမာ ဒေါ်လာ တဘီလျံလောက်လိုချင်ရင်ခိုနီတွေခေါ်ပြီး တယောက်ကို သန်း ၁၀၀ကျပ်ငွေနဲ့ ပေါက်စျေးအတိုင်း ဗဟိုဘဏ်ကိုရောင်းပေးရမယ်လို့ ဖိအားပေးရင်တောင်ရနိုင်တာပဲ ဒါဆိုရင် ဒေါ်လာတဘီလျံလောက်လိုချင်တာနဲ့ တိုင်းပြည်စီးပွား ဖြိုဖို့လိုလို့လား။
တိုင်းပြည်စီးပွားရေးကိုဖြိုချ၊ လစ်လပ်သွားတဲ့ စီးပွားရေးလုပ်ကွက်ကိုစစ်အုပ်စုအပေါင်းအပါတွေက အစားထိုးဝင်ယူ၊ တိုင်းပြည်ရဲ့ အဓိကကျတဲ့ သွင်းကုန်တွေပို့ကုန်တွေအားလုံး စစ်အုပ်စုက ထိန်းချုပ်၊
တိုင်းပြည်လိုအပ်ချက်အားလုံး စစ်အုပ်စုကသာချုပ်ကိုင်ထားမှာဖြစ်လို့ တိုင်းပြည်ထဲလူမူ
စီးပွားရေးတွေလည်ပတ်လေ စစ်အုပ်စုကပိုပိုချမ်းသာလေ ဖြစ်လာတော့မယ်လေ။ ဥပမာ လောင်စာဆီကေ့စ်ကို ကြည့်ပါ။လောင်စာဆီကေ့စ်မှာ စစ်အုပ်စုကတော့သူတို့ဗျူဟာအောင်မြင်သွားတယ်လို့
ယုံကြည်နေကြတယ်။ ဆီတင်သွင်းလို့မရတော့အောင် ဒေါ်လာကိုကြပ်တယ်။စစ်အုပ်စုအပေါင်းအပါတွေကပဲ လောင်စာဆီတင်သွင်းဖို့လုပ်လာတယ် ပြည်တွင်းထဲလောင်စာဆီလိုအပ်ချက်တွေ စစ်အုပ်စုသွင်းလာတာကိုပဲ ဝယ်နေရတော့တယ်။ပြည်တွင်းထဲ လောင်စာဆီ သုံးစွဲနေသမျှစစ်အုပ်စုက ပိုပြီးတော့ ချမ်းသာလာမယ်။
ပြီးတော့ အော်ပရေတာကေ့စ်ကို ကြည့်ကြည့်ပါ။ပြည်ပအော်ပရေတာတွေကို ပြည်တွင်းထဲ ဆက်လက်ပြီး မလုပ်ချင်လာအောင်လို့ဖိအားအမျိုးမျိုးပေးတယ်။ ထွက်သွားရင်စစ်အုပ်စုအပေါင်းအပါတွေက ပိုင်ဆိုင်မူ
အစားထိုးပြီး အောက်စျေးနဲ့ယူလိုက်တယ်။ဒါတွေကို တွေးမိလေလေစစ်ကောင်စီကဒေါ်လာအကြပ်အတည်း ဗန်းပြပြီးတော့တိုင်းပြည်စီးပွားရေးကို ဘာလို့ဖြိုချနေလဲ။သူတို့ဘာလိုချင်နေလဲဆိုတာ မျက်လုံးထဲ
ကွက်ကွက်ကွင်းကွင်း ပေါ်လာတော့တာပဲ။
တကယ်ကတိုင်းပြည်စီးပွားကိုဖြိုချပြီးလစ်လပ်သွားတဲ့စီးပွားရေးလုပ်ကွက်တွေစစ်အုပ်စုပိုင်လုပ်ဖို့အတွက်ကို ဒေါ်လာအကြပ်အတည်း ဖန်တီးတာလို့မြင်မိတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။