ဖေဖော်ဝါရီ ၁၅
နံနက် ၁း၀၀
အင်တာနက် ဝန်ဆောင်မှုများ ပြတ်တောက်
နံနက် ၉း၀၀
အင်တာနက် ဝန်ဆောင်မှုများ ပြန်လည်ရရှိ
ညနေ ၄း၅၈
မန္တလေးတွင် ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နင်း
>>>>>
ဖေဖော်ဝါရီ ၁၆
နံနက် ၂း၁၅
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာပြည်သူတို့၏ ဒီမိုကရေစီတိုက်ပွဲကို ဆက်လက်အားပေးမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်
နံနက် ၇း၃၀
ဆန္ဒပြမှုများအား အကြမ်းဖက် နှိမ်နင်းမှုအတွက် ပြင်းထန်သော နောက်ဆက်တွဲအကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်ရမည် မြန်မာစစ်တပ်အား ကုလအထူးသံတမန် ခရစ္စတင်း သတိပေး
ညနေ ၃း၄၅
ရဲတပ်ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဒ်မများ တိုးမြှင့်ဟု သူမ၏ ရှေ့နေ ဦးခင်မောင်ဇော်ပြော
ညနေ ၄း၃၀
အာဏာသိမ်းစစ်တပ်၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကျင်းပ
ညနေ ၆း၂၀
လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် တရုတ်မြင်တွေ့လို့သည့် အခြေအနေမဟုတ် တရုတ်သံအမတ်ပြော
ည ၁၀း၃၀
ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို ယူကေ နိုင်ငံခြားရေးဝန်ကြီး ရှုံ့ချ
>>>>>
ဖေဖော်ဝါရီ ၁၇
နံနက် ၁း၂၀
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ဖုန်းဖြင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပေါ် များစွာစိုးရိမ်မကင်းဖြစ်ကြောင်းပြော
နေ့လယ် ၁၂း၀၀
ရန်ကုန်တွင် ကားပျက်သည် လှုပ်ရှားမှု ပြုလုပ်နေ
လူများ လမ်းအကြိမ်ကြိမ်ဖြတ်ကူးနေသည့် ဗွီဒီယိုများ ပျံ့နှံ့
>>>>>
ဖေဖော်ဝါရီ ၁၈
နံနက် ၁၀း၀၀
ထင်ရှားကျော်ကြားသူအချို့အား ဖမ်းဝရမ်းထုတ်
ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၄၆၀ ဦးအထိရှိသည်ဟု AAPP ပြော
ည ၉း၅၀
ယူကေမှ စစ်ဗိုလ်ချုပ် သုံးဦးကို ဆန်ရှင်ချမှတ်ကြောင်း၊ ဗြိတိန်လုပ်ငန်းများ စစ်တပ်နှင့် စီးပွားရေးမလုပ်ရန် တားမြစ်ကြောင်း ကြေငြာ
ည ၁၀း၀၀
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး နှင့် QUAD အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတေးလျ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေး
>>>>>
ဖေဖော်ဝါရီ ၁၉
နံနက် ၁၂း၅၀
ကမ္ဘာ့ဘဏ်အနေဖြင့် စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအား အကူအညီပေးမည့် ရှေ့လုပ်ငန်းစဉ်များအား အထူးတလည် စိစစ်သွားမည်ဟု တာဝန်ရှိသူပြော
နံနက် ၂း၀၀
ကနေဒါက စစ်ဗိုလ်ချုပ်ကိုးဦးအား အရေးယူပိတ်ဆို့မှုများ ပြုလုပ်ကြောင်း ကြေငြာ
နံနက် ၁၁း၀၀
ဆန္ဒပြမှုများအတွင် မြန်မာ့လက်ရွေးစဉ်ဘောလုံးသမားများ ပါဝင်လာ
နေ့လယ် ၁း၀၀
နေပြည်တော် ပစ်ခတ်မှုအတွင်း ဦးခေါင်းထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ပြီဟု မိသားစုဝင်ပြော
ညနေ ၅း၀၀
မြန်မာရဲတပ်ဖွဲ့အား ဒရုန်းများ ရောင်းချခဲသည့် စင်ကာပူကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ငန်းရပ်ဆိုင်းကြောင်း ကြေညာ
ည ၉း၃၀
G-7 အစည်းအဝေးတွင် သဘာပတိဖြစ်သည့် ယူကေဝန်ကြီးချုပ်က မြန်မာစစ်တပ်အာဏာသိမ်းမှုအပေါ် G-7အဖွဲ့ဝင်များအကြား တူညီသည့် သဘောထားကို ကိုင်စွဲထားကြောင်း ပြော
>>>>>
ဖေဖော်ဝါရီ ၂၀
နံနက် ၁၁း၀၀
အာဏာသိမ်းမှုအား ဆန့်ကျင့်ကြောင်း တိုင်းရင်သားများ ပူးပေါင်းပါဝင်ဆန္ဒပြ
နံနက် ၁၁း၃၅
မြန်မာ့မီးရထားအလုပ်သမားများ CDM လှုပ်ရှားမှုဆောင်ရွက်
နေ့လယ် ၁၂း၀၀
တရုတ်သံရုံးရှေ့တွင် ဆန္ဒပြနေသူများမှ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း တစ်မိနစ်ငြိမ်သက်
ညနေ ၆း၃၅
မန္တလေး ဂေါ်ဝိန်ဆိပ်တွင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်သဖြင့် ဆန္ဒပြသူ အနည်းဆုံး နှစ်ဦးသေဆုံး
ည ၈း၄၈
အရပ်သားများအပေါ် လူသေစေနိုင်သည့် လက်နက်အသုံးပြုခြင်းမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်
ည ၁၁း၅၅
ဆန္ဒပြသူနှစ်ဦး ထပ်မံအသတ်ခံရပြီးနောက် ယူကေအနေဖြင့် ထပ်မံအရေးယူမှုများ ပြုလုပ်ရန် စဉ်းစားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးပြော
>>>>>
ဖေဖော်ဝါရီ ၂၁
နံနက် ၅း၃၂
ဆန္ဒပြသူများအား ပစ်ခတ်လျှက်ရှိခြင်းအပေါ် များစွာ စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြော
နံနက် ၉း၃၄
တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့ပေ့ဂျ်အား facebook မှ ဖယ်ရှား
နံနက် ၉း၄၀
မင်းသားလူမင်းအား ဖမ်းဆီ
နေ့လယ် ၁း၀၀
နေပြည်တော်တွင် ပြုလုပ်သည့် မြသွဲ့သွဲ့ခိုင်၏ ဈာပနအား လူသိန်းချီတက်ရောက်
နေ့လယ် ၁း၃၀
စီတီးမတ်မှ တနင်္လာနေ့ (၂၂၂၂၂ နေ့)တွင် ပိတ်မည်ဖြစ်ကြောင်း ကြေငြာ
>>>>>
Sithu အမည်ရှိ Facebook အကောင့်ပိုင်ရှင် တင်ထားသည့် Post ကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ သည်။ ခရစ်ဒစ်ပေးအပ်ပါသည်။