Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မကြာခင် ပြည်သူတွေ ကြုံရတော့မယ့်အကျပ်အတည်း တစ်ခု

မကြာခင်ပြည်သူတွေ ကြုံရတော့မယ့်အကျပ်အတည်း တစ်ခုကို Report လုပ်ပါမယ်..

March 15, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

အခြေအနေပေါင်းစုံ ထည့်တွက်ထားတာမို့စာရှည်ပါတယ်။လာမဲ့ ၂ပတ် ကနေ ၂လ အတွင်းမှာ

ဆိုးဆိုးရွားရွား အခြေအနေ တစ်ခုနဲ့ ပြည်သူတွေ ရင်ဆိုင်ရနိုင်တယ်။ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမဲ့ပြဿနာပါ။အခြေခံ စားသောက်ကုန်တွေ ပြတ်တောက်ရှားပါးလာနိုင်တာ ၊ ရှိတဲ့ ကုန်ပစ္စည်းတွေလည်း မကြုံစဖူး အဆမတန်ဖြစ်တာ ကြုံရဖွယ်ရှိပါတယ်။

 

စစ်ကိုင်း နဲ့ မကွေးမှာ တိုက်ပွဲတွေ ဖြစ်တဲ့ကိစ္စကနေစပြောပါမယ်။ မနှစ် နှစ်ကုန်ပိုင်းလောက်က

စစ်ကိုင်းတိုင်း နေရာ ဒေသ အနှံမှာတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောင်သူတွေ ဆန်စပါး ၊ အသီးအနှံသစ် မစိုက်ကြတော့ပါဘူး။ ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်။အဲ့ဒီတုန်းက လက်ကျန် ကျန်နေတဲ့ မရိတ်ရသေးတဲ့ စပါးခင်းတွေအကုန်ရိတ်ပြီးမှ တိုက်ပွဲဖော်ပေးပါလို့ PDF ကလေးတွေကို မေတ္တာရပ်ခံတဲ့အတွက် ကလေးတွေကပါ စပါးကူရိတ်ပေးနေတဲ့ ပုံတွေ သတင်းတွေ တွေ့ရမှာပါ။

အဲဒီအကျိုးဆက်က ဒီနှစ်ထဲမှာ ဆန်စပါး ဈေးနှုန်း တက်လာနိုင်ချေရှိပါတယ်။စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းမှာ

တိုက်ပွဲတွေ ဖြစ်ပေမဲ့ရခိုင်ပြည်နယ် နဲ့ ဧရာ၀တီတိုင်းမှာ စပါးစိုက်ပျိုးတဲ့ဧရိယာ အများကြီး ကျန်သေးတာမို့

တစ်ပြည်လုံးရဲ့ ဆန်စပါးလိုအပ်ချက် Coverage ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ တွက်ထားခဲ့ပါတယ်။

လက်ရှိဖြစ်နေတဲ့ အဓိက ပြဿနာနှစ်ခုဖြစ်တဲ့ မီးပြတ်မှုတွေ နဲ့ ဆီဈေးအဆမတန် မြင့်တက်တာတွေက

ကုန်ဈေးနှုန်းတက်မှာ အရှိန်တင်လိုက်သလို ဖြစ်သွားတယ်။နဂိုကတည်းက ဈေးတက်ဖို့ တာဆူနေတဲ့

စားသောက်ကုန် နဲ့ ကုန်ကြမ်း ထုတ်လုပ်တဲ့ ကဏ္ဏကို ဆိုးဆိုးရွားရွား ထိခိုက်လာပါတယ်။

နဂိုမှန်းထားတဲ့ ကာလမတိုင်ခင်မကြာခင်မှာ ကြီးကြီးမားမားရိုက်ခတ်လာတော့မှာပါ။

မီးမလာလို့ စက်ရုံတွေက မီးစက်နဲ့လည်ပတ်တယ်။ဆီဈေးက ဆတိုးတက်လာတော့ စက်ရုံ ၊

အလုပ်ရုံတွေ မလည်ပတ်နိုင်တော့ဘူး။တစ်ဖက်မှာလည်း ပြည်သူတွေက မီးရေးထင်းရေးအတွက် အပိုဗာရီယပစ္စည်းတွေ အများကြီး၀ယ်ထည့်ရတယ်။ ၀င်ငွေက တိုးမလာပဲ ရှိတဲ့ပိုက်ဆံတွေ ထုတ်သုံးရတယ်..

၀ယ်သုံးရတယ်။ လုပ်ငန်းကြီးတွေက စလို့တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေအဆုံး နှောင့်နှေး ပျက်စီးကုန်တယ်။

စီးပွားရေးကဏ္ဏ အကုန်လုံး ထိခိုက်မှာပါ။အလယ်အလတ်လွှာက ပြည်သူတွေနဲ့ အခြေခံ လူတန်းစား ပြည်သူတွေ မွဲသထက် မွဲသွားပါမယ်။

 

ဘောမတွေကတော့ ” ပြည်သူတွေ ဒုက္ခရောက်နေမှ PDF နဲ့ NUG ကို မကူနိုင် ၊ မလှူနိုင်မှာ ..

အဲဒီအခါကျ တလရ ကျဆုံးမှာ ” ဆိုပြီး ကြိတ်ပျော်နေတဲ့ ဘောမ ကောင်တွေရှိပါတယ်။ခမသ HNO တင်တဲ့ post မှာ ပေါ်တင် ၀မ်းသာနေတာ တွေ့ရတယ်။ပြည်သူတွေကို ဖိနင်း ဆင်းရဲ ဒုက္ခတွေ နဲ့ ဗျာများစေမှ ရုန်းမထွက်နိုင်မှာကို သူတို့ကောင်းကောင်း သိထားကြပါတယ်။ဘောမတွေ ဉာဏ်မမှီတာက အခု အကျပ်အတည်းဖြစ်လာခဲ့ရင်စကစ ကို ပြုတ်ကျသွားစေနိုင်တဲ့ အခြေအနေမျိုးထိ ဖြစ်သွားနိုင်ပါတာ မသိကြဘူး။ ဒီအခြေအနေကို ဘောမတွေ လုံး၀မကြိုက်တော့ပါဘူး။အသံပေါင်းစုံ ထွက်နေတာလည်း ကြားနိုင်တယ်။ဒီအကျပ်အတည်းက တလရ နဲ့ ဆိုင်သလိုလို မဆိုင်သလိုလို နေနိုင်ကြတဲ့ မြို့ကြီးပြကြီးက

လူတန်းစားတိုင်း ကို ဖရိုဖရဲ အခြေအနေ ရောက်သွားစေနိုင်ပါတယ်။မီးမလာလို့ ဗြုတ်ခသုတ်ခ အခြေအနေတွေ မြို့လည်ခေါင် ၊ လှိုင်သာယာ ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ မှာ စဖြစ်နေပြီ။ရေကား နဲ့ ရေ၀ယ်သုံးရတာ ၊ ရေစက်အငှားတင်တာ စတာတွေက ၉၀ – ၉၅ ခုနှစ် ကာလတွေအတိုင်း ဖြစ်နေပါတယ်။

မြို့လည်ခေါင်က ရန်ကုန်ပြည်သူ ဆေးရုံကြီးလိုအရေးပေါ်နေရာကို မီးမပေးနိုင်တာက အတော်ဆိုးပါတယ်။

မြို့နေလူတန်းစားဟာ အင်တာနက်မရှိရင် နေနိုင်ကြပေမဲ့မီးမရှိရင် ပြဿနာအကြီးကြီးပါပဲ။ နောက်ဆက်တွဲ

ပြဿနာတွေ အများကြီးဖြစ်ပါမယ်။သောက်ရေသုံးရေကစလို့ အိမ်သာ ရေမရှိတဲ့အပေါ် မခံမရပ်နိုင် ပေါက်ထွက်ကုန်တဲ့အဆုံး လူထုအုံကြွမှုဖြစ်လာနိုင်တာ ဘောမတွေ တွက်ဆမိပုံမရဘူး။သူတို့အဘတွေ မထိန်းနိုင်တော့ဘူးဆိုတာလည်းဘောမ တချို့ ကောင်းကောင်း မြင်နေပါတယ်။

 

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးက စက်သုံးဆီ ဈေးတက်မှုက စတာပါ။အခု တလရ ကာလထဲမှာမှ

လျှပ်စစ်မီးပြတ်တောက်တာနဲ့ စက်သုံးဆီဈေး အဆမတန် တက်တာ နှစ်ခုပေါင်းဖြစ်ပါမယ်။

လျှပ်စစ်မီးက ကြံဖန်ပြီး အဆင်ပြေသွားရင်တောင်ရုရှား-ယူကရိန်း အကျိုးဆက်ကြောင့် ဆီစျေးက

နိုင်ငံတကာမှာလည်း တက်နေတာပါ။ပြည်တွင်းမှာ နဂိုကတည်းက စက်သုံးဆီပြတ်ချင်သလိုလို မပြတ်ချင်သလိုလို အနေ အထားဖြစ်နေတာမို့ဒီမှာ ဆီစျေး ပိုတက်ပါမယ်။ဆီစျေးမတက်ဖို့

စကစ ထိန်းထားနိုင်စွမ်း မရှိပါဘူး။အချိန်အခါသင့် မြေနိမ့်ရာ လှံစိုက်တဲ့ကိစ္စက လျှပ်စစ်မီးပါ။

မြန်မာပြည်ဆိုတာ နဂိုကတည်းက စွမ်းအင်ငတ်နေတဲ့ နိုင်ငံပါ။ ဂြိုလ်တုဓာတ်ပုံတွေမှာ

အမှောင်ထုကြားထဲ မီးပြပြလေးပဲ လင်းတဲ့နိုင်ငံပါ။မရှိရှိမဲ့ လျှပ်စစ်မီးပြတ်တာက နူရာ ဝဲဆွဲဆိုသလိုပါပဲ။

မြန်မာပြည်မှာ မိုးလှိုင်လှိုင်မရွာတော့တဲ့ ဒီဇင်ဘာလကုန်က စလို့ ၆လပိုင်း လလည် အထိ မီးပြတ်ပါတယ်။

ဒါက ရာသီ အချိန်မှန်ပါပဲ. ဘပြောင်လက်ထက်မှာ လျှပ်စစ်မီးပြတ်လို့ ဖယောင်းတိုင် လှုပ်ရှားမှုတွေရှိခဲ့တယ်။

သူလည်း ကြံဖန်ပြီး ဖြေရှင်းလိုက်တဲ့ အခြေအနေမှာရှိပါတယ်။သူဆင်းခါနီးမှာ မီးမှန်အောင် မရရတဲ့နည်း နဲ့

လုပ်ခဲ့တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရဖို့ မီးရရေး အားကုန်ညစ်ခဲ့တဲ့ပုံပါပဲ။ ၂၀၁၅ အပြီး၂၀၁၆ နှစ်စမှာ မီးပြန်ပြတ်ပါတယ်။ အမေစုလက်ထက်မှာ နိုင်ငံခြားက လာကူတဲ့LNG သုံးလျှပ်စစ်ဓာတ်အားပေးသင်္ဘော ကြီး နဲ့ လျှပ်စစ်မီး လိုအပ်ချက်ကို ကျားကန်ထားတယ်။မီးမပြတ်ခဲ့ဘူး အဲ့ဒီသင်္ဘောကြီးဟာ၂၀၂၅ နောက်အစိုးရ သက်တမ်းကုန်တဲ့အထိ ရှိနေဖို့အမေစုအစိုးရက စီစဉ်ခဲ့တာပါ။အာဏာသိမ်းပြီးနောက် အဲ့သင်္ဘောကြီးလည်း မရှိတော့ဘူး။ လျှပ်စစ်ဓာတ်အားကို ဘယ်ပုံဘယ်နည်း ဖြေရှင်းရမလဲ

မအလတွေလည်း မသိတော့ပါဘူး ဖြေရှင်းနိုင်လောက်တဲ့ အရည်အချင်းလည်းမရှိမှန်း သိသာပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်တဲ့ ဓာတ်ငွေ့စက်ရုံတွေလည်း ဝယ်ရတဲ့ဓာတ်ငွေ့စျေးတက်လို့

မလည်ပတ်နိုင်တော့ဘူးလို့ သူတို့ကိုယ်တိုင် ထုတ်ပြောတာပါ။EPC အတွက်လည်း မီးစက် တင်ဒါခေါ်နေရတယ်။မီးပွိုင့်တွေအတွက် မီးစက်တွေ သုံးနေရတယ်။ဆိုတော့ လျှပ်စစ်မီးနဲ့ ဆီစျေး ပြဿနာ နှစ်ခုကိုမထိန်းနိုင်တော့မှန်း မကြာခင် တဖြည်းဖြည်း ပုံပေါ်လာမဲ့အနေအထားရှိပါတယ်။

မတ်လလဆန်း လလယ် ဆိုတာ အရင့် စစ်အစိုးရ လက်ထက်မှာတောင် EPC ကို မီးမပြတ်ဖို့

ကောင်းကောင်းကျပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဆယ်တန်းစာမေးပွဲ ကာလမို့ မီးပျက်ခဲ့ရင် ပြည်သူတွေ ဆူပူမှာမို့ပါ။မအလကတော့ဟန်ပြဆယ်တန်းစာမေးပွဲအတွက်တောင်မြင်တဲ့အတိုင်းပါပဲ။ဒီလိုအခြေအနေမျိုးဟာစကစနဲ့PDFတို့မြို့ကြီးမှာတိုက်ပွဲဖြစ်ကြမှပဲမီးပြတ်၊ရေပြတ်၊အင်တာနက်ပြတ်စားသောက်ကုန်ပြတ်မှာမျိုးဖြစ်လာနိုင်ရာကနေ အခုတော့ မြို့ပြကြီးမှာ တိုက်ပွဲမဖြစ်ရပါပဲ စကစ ရဲ့ မထိန်းနိုင် မသိမ်းနိုင်

အရည်အချင်းမရှိမှုတွေ ကြောင့် ဖရိုဖရဲ ကစဉ်ကလျားဖြစ်လာပါတော့မယ်။ မြို့ကြီးတွေမှာ ဖရိုဖရဲ ဘရုတ်သုတ်ခ အခြေအနေကို ကြုံလာရနိူင်တယ်။ရန်ကုန်မြို့အထပ်မြင့်နေတဲ့လူထုအတွက်

​‌သောက်ရေသုံးရေမရှိတာထက် တစ်မနက်စာအိမ်သာတက်ဖို့ ရေမရှိရင်ပဲ အတော်တိုင်ပတ်

ခံစားရခက်ပါတယ်။

 

ရှေ့လက နယ်မြို့တစ်မြို့မှာ လျှပ်စစ်မီးမရလို့ကိုယ်ကိုကိုယ်မီးရှို့သတ်သေ ဆန္ဒပြတာဖြစ်ခဲ့တယ်။

ရန်ကုန်လိုနေရာမှာ လျှပ်စစ်မီးမရလို့ ဆန္ဒပြရင်းကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့ကိစ္စမျိုး ၊

ဆူဆိုက်လုပ်တဲ့အဖြစ်မျိုး တွေ ရှိလာခဲ့ရင် ဒီCrisis ရဲ့ရေဆူမှတ်ကို ရောက်ပြီလို့ တွက်ရပါလိမ့်မယ်။

ဒါက အဆိုးဆုံးဆက်သွားနိုင်တဲ့အခြေအနေတစ်ခုပါ။ဒီထက် မဆိုးပဲ တခြားအခြေအနေတစ်ခု

ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။

ပြည်သူတွေ ပန်းနေပေမဲ့ တောင့်ခံထားကြပါ။ပြည်သူတွေ လာမဲ့ ၂ပတ်နဲ့ ၂လအတွင်းမှာ

ဒီအခြေအနေကို ဖြတ်ကျော်ရပါမယ်။တဖက်ကလည်း NUG ကို ဒီအတွက် အဖြေရှာထားဖို့

အကြံပြုချင်ပါတယ်။ NUG အနေနဲ့ လုပ်နိုင်လား မလုပ်နိုင်လား မသိပေမဲ့ ပြည်သူတစ်ယောက်အနေနဲ့ ရိုးသားစွာ အကြံပြုတာပါ။

ရယ်ရမလို ငိုရမလို ကိစ္စတစ်ခုကို ပြောရရင် ပြည်သူတွေဘက်က တချို့က တလရ မအောင်တော့ဘူးလို့ စိတ်ဓာတ်ကျ ညည်းတွား ၀မ်းနည်းသလို ဖြစ်နေကြပေမဲ့တစ်ပြိုင်တည်းမှာပဲ ဘောမတွေဘက်က

သူတို့အဘတွေမနိုင်တော့ဘူးယူဆပြီးစိတ်ပျက်ဒေါသထွက်ငိုနေကြတဲ့သူတွေရှိပါတယ်။ညအိပ်မပျော်တဲ့သူတွေတောင် ရှိပါတယ်။ ကိုယ်တွေဘက်မှာ အဲလိုဖြစ်နေတာမဟုတ်ဘူး။ သူတို့ဘက်မှာလည်း အဲလိုတွေ ဖြစ်နေတယ်ဆိုတာ သိစေချင်တာပါ။သတင်းမီဒီယာခေတ် အင်တာနက်ခေတ်ဖြစ်နေပြီမို့အရင်ခေတ်ကလို အဘတွေ လှိမ့်တိုင်း ယုံလို့မရတော့တာ သက်ရင့် ဘောမ တချို့လည်း ကောင်းကောင်းသိနေပြီ။

သက်ရင့်ဘောမတွေရဲ့ မီတာခ ၊ လျှပ်စစ်မီး ၊ ဆီဈေး နဲ့ပတ်သက်လို့ ပေါက်ကွဲသံတွေ ခပ်စိတ်စိတ် ကြားလာရပါတယ်။အခု လျှပ်စစ်မီးကိစ္စမှာ ခင်ဗျားတို့ အဘမလုပ်နိုင်ပေမဲ့ပြည်သူအစိုးရက လုပ်နိုင်တယ်ဆိုတာ ခင်ဗျားတို့ ပါးစပ်က ထွက်လာတာ မြင်ပါတယ်။ဒီစာကို သက်ရင့် ဘောမတွေ ဖတ်မိခဲ့မယ်ဆိုရင် တစ်ခုပြောချင်တာ ခင်ဗျားတို့အဘက တိုင်းပြည်ကို မထိန်းနိုင် ၊ ထိန်းနိုင်တဲ့

အရည်အချင်းမရှိဘူးဆိုတာ ရိပ်မိနေပြီဆိုရင် အချိန်နောက်မကျခင် ရပ်တည်ချက် ပြောင်းဖို့ ပြောချင်တယ်။

အချိန်လွန် နောက်ကျသွားမယ်ဆိုရင် သိတဲ့အတိုင်းခင်ဗျားတို့ ပိုင်ဆိုင်ကြိုးစားခဲ့သမျှ အရာအားလုံး

ဆုံးရှုံးရမယ်ဆိုတာ မြင်စေချင်တယ်။

အခုက အချိန်နောက်မကျသေးပါဘူး။ပြည်သူတွေအနေနဲ့ စားသောက်ကုန်ရှားပါး ဈေးကြီးလာတာ ၊ လျှပ်စစ်မီးပြတ်တောက်တာ ၊ ဆီဈေးတက်တာ စတာတွေကို Panic မဖြစ်ပဲ ရင်ဆိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်ဆိုတာReport လုပ်ပါတယ်။

 

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

 

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English