Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

Question & Answer (2)

February 4, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မေး။ ။ မြန်မာ့တော်လှန်ရေးမှာ အမေရိကန်က ဘာလို့ မကူတာလဲ

ဖြေ။ ။ ကူပါတယ်။ အရေးကြီးတဲ့ Sanction တွေ လုပ်ထားတယ်။ ဒါကြောင့် အာဆီယံတို့ဖက်က ဒီလောက်အသံထွက်လာတာ။

 

မေး။ ။ အဓိက မေးချင်တာက အမေရိကန်က လက်နက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကူရင် ပိုမမြန်ဘူးလား။

ဖြေ။ ။ အမေရိကန်အစိုးရက ဒီမိုကရေစီအစိုးရပါ။ ဒီအရင် အာဖဂန်၊ အီရတ်စစ်တွေ ဖြစ်ထားတော့ စစ်ရေးကို ရှောင်ချင်ပုံရပါတယ်။ ဒါ့အပြင် တရုတ်-ထိုင်ဝမ်ပြဿနာလဲရှိနေတော့ သေချာဂရုစိုက်ရလိမ့်မယ်။ ဒါက ပထမ အချက်။

ဒုတိယ အချက်က အာဏာသိမ်းမှု မဖြစ်ခင်မှာ ဒေါ်စုက ရိုဟင်ဂျာကိစ္စ ဖြစ်တဲ့ အချိန် တရုတ်နဲ့ နီးကပ်ခဲ့တယ်။ အခု NUG က NLD ကနေ ဆင်းသက်တော့ သူတို့ သေချာလေ့လာဖို့လိုမယ်။ လက်နက်ထောက်ပံ့ပေးပြီး သူတို့စကားလဲနားမထောင်၊နိုင်ငံတကာမှာလူ့အခွင့်အရေးကျုးလွန်တာတွေဖြစ်လာခဲ့ရင်မျက်နှာပျက်စရာဖြစ်မယ်။ ဒါတွေသူတို့ စဉ်းစားရမှာပဲ။

တတိယ အချက်က NUG နဲ့ PDF တွေရဲ့ ဖြစ်တည်ပုံကို သူတို့ လေ့လာရမယ်။ အခု NUG ဟာ ချောမွေ့တဲ့ စီမံခန့်ခွဲပုံ၊ တည်ဆောက်ပုံမရှိသေးဘူး။ သူတို့မှာ တောင့်တင်းခိုင်မာတဲ့ အခြေခံမရှိသေးဘူး။ သူတို့ အနေနဲ့ တခြား EAO တွေမပြောနဲ့ သူတို့ရဲ့ လက်အောက်ခံ ဖြစ်နေတဲ့ PDF တွေ၊ တခြား LDF တွေကို ငြိမ်နေအောင် စည်းရုံးသိမ်းသွင်းနိုင်တဲ့ အခြေအနေမှာ ရှိမနေသလို သူတို့ ပြောပြောနေတဲ့ Command Chain လဲ ရှိမနေသေးဘူး။ ဒါတွေမရှိထားဘဲ လက်နက်တပ်ပေးလိုက်ရင် သူတလူငါတမင်း ဖြစ်လာမယ့် အခြေအနေက ပိုများမယ်။

ဒီတော့

-Stable Structure of A Government ရှိရမယ်

-Armed Forces တွေအားလုံးနဲ့ Agreement ရှိထားပြီး Command Chain ရှိထားရမယ်

-Political Framework ပေါ်နေရမယ်

ဒီ ၃ ချက်မရှိထားရင် ကူညီချင်ဦးတောင် ကူညီလို့မရဘူး။ အကြောင်းရင်းက Loose Coalition တွေကို လက်နက်တပ်လိုက်ရက် ဆီးရီးယားလို ထပ်ဖြစ်နိုင်လို့ပဲ။

 

မေး။ ။ မြန်မာကို ကူရင် သူတို့ အကျိုးရနိုင်တယ် မဟုတ်လား။

ဖြေ။ ။ မြန်မာကို ကူရင် အရှေ့တောင်အာရှမှာ ဩဇာဖြန့်ကျက်နိုင်စွမ်းများလာမှာတော့မှန်တယ်။ ဒါပေမယ့် မြန်မာကသူတို့ရဲ့မဟာမိတ်မဟုတ်ဘူး။ဒါ့အပြင်သူတို့ရဲ့QUADမဟာမိတ်အရအိန္ဒိယမျက်နှာကြည့်ရသေးတယ်။

 

မေး။ ။ အိန္ဒိက မြန်မာကို ဘာလို့ မကူလဲ။

ဖြေ။။ မိုဒီအစိုးရက ဟင်ဒီမဘသ ဆန်တယ်။ နယူးဒေလီအုပ်စုရဲ့ တွက်ချက်ပုံအရ PDF တွေ LDF တွေက အင်အားများလာတာမှန်ပေမယ့် တကယ်တမ်း State Control အဆင့်မှာ မအလ အုပ်စုကသာ တတ်နိုင်တယ်လို့ တွက်ပုံရပါတယ်။

 

မေး။ ။ဒီတော့ နိုင်ငံကြီးတခုခု အကူအညီလဲရ၊ တော်လှန်ရေးလဲ အောင်မြင်အောင် ဘယ်လို လုပ်သင့်လဲ။

ဖြေ။ ။ အတိုချုပ်ပြောရရင် ကိုယ့်မှာရှိတာနဲ့ အရင်ဖြစ်အောင် ကိုယ်ထူကိုယ်ထစိတ်နဲ့လုပ်၊ အခြေခံပိုင်ပိုင် တဆင့်ချင်းသွားရင် ကူချင်သူတွေပေါ်လာလိမ့်မယ်။အဓိပ္ပာယ်က NUG လို ဦးဆောင်နေရာက သူတွေက အဖွဲ့ထဲ စည်းစည်းလုံးလုံးနဲ့ ထိထိမိမိဖြစ်အောင်အလုပ်လုပ်ကြဖို့လိုတယ်။ PDFတွေ LDF တွေက NUG နဲ့ ခေါင်းဆောင်တွေကို လေးစားကြည်ညိုနေဖို့ လိုတယ်။ အတွင်းထဲက EAO တွေ၊ LDF တွေ PDF တွေရဲ့ ကြည်ညိုလေးစားမှုကို ရအောင် အရင်ကြိုးစားရမယ်။

ဒီအဆင့်အောင်မြင်ရင် စည်းလုံးမှုဆိုတာ ဖြစ်လာပြီ။ ဒီစည်းလုံးမှုပေါ်လာရင် Command Chain တို့၊ အခြေခံဥပဒေသစ်တို့ဆိုတာ ခဏနဲ့ ရတယ်။ ဒီလို စည်းလုံးပြီးအင်အားတောင့်လာရင် ကူညီလိုသူ နိုင်ငံတွေ အလျှိုလျှိုပင်လျှင်ပေါ်လာနိုင်တယ်။ဒီတော့ ဘယ်နေရာက အရင်စရမလဲဆို ဒီ ရှေးရိုးလမ်းအို အတိုင်း စံပြနေထိုင်ကြိုးစားပြခြင်းနဲ့ အရင်စသင့်တယ်။ အခုက NUG ဟာ ခဏခဏ အပြောခံရ အဆဲခံရ ဖြစ်နေတယ်။ ဒါ ပြောသူ ဆဲသူတွေ အပြစ်သက်သက်မဟုတ်ဘူး။ NUG ရဲ့ လုပ်ပုံ၊ ကိုင်ပုံ တွေကြောင့် အဓိက အပြောခံရတာ ဖြစ်တယ်။ ဒါဟာ NUG အတွက် ရေရှည်မှာ မကောင်းဘူး။ NUG ဟာ NLD ရဲ့ အမွေရထားလို့သာ Legitimate ဖြစ်နေပြီး တကယ်တမ်း အသုံးမကျဘူးဆိုတဲ့ အမြင်ကို ဖြစ်စေနိုင်တယ်။ ခက်တာက ဒီလို ဟာကို မဖြစ်အောင်ထားဖို့ လူတွေပါးစပ်လိုက်ပိတ်လို့မရဘူး။ NUG ကိုယ်တိုင်က ဒါကို သိနားလည်ပြီး ကြိုးစားဖို့ လိုအပ်တယ်။ NUG ရဲ့ အတွင်းပိုင်းဖောင်ဒေးရှင်းကို ကျစ်လျစ်သိပ်သည်းနေအောင် ကိုင်ပြီး ပညာကျော်တွေရဲ့ ဉာဏ်ပညာနဲ့ ချွန်းအုပ်လိုက်ရင် အဖက်ဖက်က လေးစားရတဲ့ အစိုးရဆိုတဲ့ ပုံပေါ်လာလိမ့်မယ်။ ဖောင်ဒေးရှင်းကို ကျစ်လျစ်သိပ်သည်းအောင် ဆောက်တယ်ဆိုတာ ဘယ်သူသွေးခွဲခွဲ မကွဲပြားတဲ့ စည်းလုံးညီညွတ်မှုကို ဆိုလိုတယ်။ ပညာကျော်တွေရဲ့ ဉာဏ်ဆိုတာ NUG နဲ့ အခြားခေါင်းဆောင်တွေရဲ့ အစီအမံတွေကို ထိပ်တန်းဖြစ်နေအောင် ပညာကြီးသူတွေရဲ့ အမြော်အမြင်ကို ရယူခြင်းဖြစ်တယ်။

 

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English