Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

၂၀၂၁ မှသည် ၂၀၂၂ သို့

January 24, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

International Crisis Group ရဲ့ ၂၀၂၂ ခုနှစ်ရဲ့စောင့်ကြည့်ရမယ့် ပဋိပက္ခတွေ စာရင်းထဲမှာ မြန်မာ ပါလာတယ်။ မြန်မာ နိုင်ငံရဲ့ပဋိပက္ခဟာ လာမယ့်နှစ်မှာ ပိုသည်းထန်လာဖို့ရှိတယ်။

အန်တိုနီဒေးဗစ်ကတော့မြန်မာ့ပဋိပက္ခအတွက်လာမယ့် ၆လ က အခရာကျတယ်လို့ဆိုတယ်။ ကြားရတဲ့သတင်းတွေအရတော့ စကစက တနိုင်ငံလုံး ထိန်းချုပ်နိုင်ရေးကို အဆင့် ၃ ဆင့်ခွဲထားပုံပဲ။

ပထမအဆင့် – အာဏာသိမ်းနှစ်ပတ်လည်ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်ခင် PDF တွေကို ထိန်းချုပ်ဖို့၊

ဒုတိယအဆင့် – မုတ်သုံအဝင်ဖြစ်တဲ့ ဇွန်မတိုင်မီထိန်းချုပ်ထားတဲ့ PDF တွေကို အပြတ်ချေမှုန်းဖို့၊

တတိယအဆင့် – ၂၀၂၂ ရဲ့ ဒုတိယ ၆ လတာကာလမှာ တနိုင်ငံလုံး ပုံမှန်လည်ပတ်ရေးကိုဆောင်ရွက်ဖို့ဆိုပြီး ၃ ဆင့်ခွဲ ထားတယ်လို့ ကြားရတဲ့သတင်းတွေအရ သိရတယ်။

 

ဒီလိုဆောင်ရွက်ရာမှာ မြို့ကြီးပြကြီးတွေကို ကွပ်ကွပ်ညပ် ညပ်ထိန်းချုပ်(control)၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ခွေထား(contain)ပြီး PDF တွေကို ဝိုင်းပတ်ချေမှုန်း(crush)ဆိုတဲ့(C)၃လုံးပုံစံနဲ့သွားနေတာတွေ့ရတယ်။လက်ရှိအချိန်အထိတော့မြို့ကြီးပြကြီးတွေကိုထိန်းချုပ်ထား နိုင်ပေမယ့် လူမျိုးစုလက်နက်ကိုင်တွေကို ခွေထားဖို့နဲ့ PDF တွေကို ဝိုင်းပတ်ချေမှုန်းဖို့ကတော့အတော့်ကိုခက်ခဲမယ့်အနေအထားဖြစ်နေတယ်။တိုင်းရင်းသားလက်နက်ကိုင်တွေကိုခွေထားဖို့ဗျူဟာချထားပေမယ့် ကေအန်ယူနဲ့ သေနတ်သံ ပြန်ပေါက်တာကြောင့် အတော်ခက်သွားတယ်။ ဒီနေရာမှာ မေးစရာတခုရှိတာက တိုင်း ရင်းသားလက်နက်ကိုင်တွေကို ခွေထားဖို့ စဉ်းစားပြီး ဘာလို့ လေကေ့ကော်ကို ဝင်ပြီး ကေအန်ယူနဲ့ ထိပ်တိုက်တွေ့ရသလဲဆိုတာပါပဲ။

ကျနော့်အမြင် စကစက စဉ်းစားတာက PDF တွေ ရှင်သန်နေတာ အဓိက နောက်ခံ ၃ ခုကြောင့်ပဲ။ ၁၊ လူထုရဲ့ ထောက်ခံမှု၊ ၂၊ ကေအိုင်ကေရဲ့ ထောက်ပံ့မှုနဲ့ ၃၊ ကေအန်ယူနယ်မြေထဲကနေ PDF တွေပေါက်ဖွားနေမှုဆိုတဲ့ ၃ ခုပေါ့။

ဒီတော့ PDF တွေကို ချေမှုန်းဖို့ဆိုရင် PDF တွေရဲ့ ရှင်သန်ရာရေသောက်မြစ်ကို ရှင်းရမယ်။ ရှင်းဖို့အတွက် လူထုဘက်က ငွေကြေး ထောက်ပံ့မှု မလုပ်နိုင်အောင် ပိတ်ပင်တာတွေကိုတင်းတင်းကြပ်ကြပ်လုပ်တယ်။ PDF အမာခံလို့သတ်မှတ် ထားတဲ့ရွာတွေကို စီးနင်းတာ၊ ရှင်းလင်းတာတွေလုပ်တယ်။ အဲ့ဒီလိုပဲ အညာတကြောက PDF တွေရဲ့ အဓိကနောက်ခံက ကေအိုင်အေအထောက်အပံ့လို့မြင်တော့ အဲ့ဒီလမ်းကြောင်းကိုပိတ်ဖို့ ကြိုးစားတာတွေ့ရတယ်။ အထူးသဖြင့် ကျွန်းလှ၊ ကန့်ဘလူကနေ တပ်တွေ ချပြီး အဲ့လမ်းကြောင်းကို ပိတ်နေတယ်။ ‌ကေအန်ယူနယ်မြေထဲက PDF တွေကိုရှင်းဖို့အတွက် လေးကေ့ကော်ကို ဝင်ရှင်းတယ်။ဒီနေရာမှာ လေးကေ့ကော်ထဲက PDF တွေကို ရှင်းရာမှာ တဖက်ကကေအန်ယူနဲ့ ငြိမ်းချမ်းရေး စကားပြောရင်းနဲ့ ထိန်း ပြီးရှင်းသွားဖို့ရည်ရွယ်ပုံရတယ်။ တကယ်လို့ ပစ်ကြခတ်ကြရင်တောင် NCA နဲ့ ထိန်းရင်း ဖြေရှင်းမယ်လို့ စဉ်းစားထားပုံပါပဲ။ ဒါဆို PDF ကိုလဲ ရှင်းနိုင်၊ ကေအန်ယူကိုလဲ ခွေထားနိုင် မယ့်သဘောပေါ့။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ ဒီဇင်ဘာ၂၃ရက်နေ့နေ့စွဲနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၊ အတွင်းရေးမှူး ဒဗခကမင်းနောင်က PPST ကို ပို့တဲ့ “KNU မှ တွေ့ဆုံဆွေးနွေးရန်ဆန္ဒရှိပါက အချိန်/နေရာမရွေး တွေ့ဆုံဆွေးနွေးသွား မည်”ဆိုတဲ့စာကို ကြည့်ရင် သိနိုင်ပါတယ်။

ဒါပေမဲ့ ကေအန်ယူနယ်ထဲမှာ သေနတ်သံ ပေါက်သွားတယ်။ လက်ရှိအနေအထားအရတော့ စကစရည်မှန်းထားသလိုဖြစ် နိုင်မယ့်အနေအထားမရှိဘူး။ တဖက်မှာလဲ မိုင်းလားမှာ တရုတ်ရဲ့ စီစဉ်ပေးမှုအရ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့်တိကျတဲ့ရလဒ်မထွက်ခဲ့ဘူးလို့သိရတယ်။ မြောက်ပိုင်းအဖွဲ့တွေက ပထမ RCSS ကို ရွှေလီမြစ်ဝှမ်းကနေ အောက်ကိုတွန်းထုတ်ခဲ့တယ်။ အခုနောက်ပိုင်း ကိုးကန့်နဲ့တပ်နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ကိုးကန့်ရဲ့ပစ်အား၊လက်နက်ခဲယမ်းသုံးစွဲနိုင်မှုကအံ့အားသင့်စရာကောင်း တယ်။ ကျနော့်အမြင် မြောက်ပိုင်းအဖွဲ့တွေမှာ ဝ၊ မိုင်းလား၊ SSPP၊TNLAနဲ့ကိုးကန့်ကတော့ သူတို့ရည်မှန်းချက်နဲ့ သူတို့ရှိထားပုံရတယ်။

အဲ့လိုပဲ အခုအခြေအနေမှာ ကယားနဲ့ချင်းမှာလဲတပ်က ထိန်းနိုင်ဖို့မဖြစ်နိုင်ဘူး။ ရခိုင်မှာလဲ AA က သူ့ရည်မှန်းချက်ကိုသူ ဖော်ဆောင်နေတယ်။ ဆိုတော့ လက်ရှိအနေအထားမှာ EAO တွေအနေနဲ့က အကုန်လုံးထမတိုက်ကြပေမယ့် တပ်ခွေ ထားလို့ရမယ့်အနေအထားတော့ မရှိဘူး။

 

PDF တွေကို ချေမှုန်းဖို့ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင်လဲ

PDF တွေကို ချေမှုန်းဖို့အတွက် မြို့ပြပြောက်ကြားအဖွဲ့တွေကို ထိန်းချုပ်ချေမှုန်းရေးနဲ့ PDF အဓိက အခြေစိုက်‌ဒေသတွေကိုချေမှုန်းရေးဆိုပြီးနှစ်ပိုင်းစဉ်းစားကြည့်တာပေါ့။မြို့ပြပြောက်ကြားတွေကို ထိန်းချုပ်ချေမှုန်းရေးအတွက် မြို့ နယ်တိုင်းမှာ လုံခြုံရေးအစီအမံတွေ လုပ်ထားတယ်လို့သိရတယ်။ အဓိက မြို့နယ်တွေမှာ လုံခြုံရေးကို ထောက်တိုင် ၃ခု နဲ့စီစဉ်ထားတာကိုလုံခြုံရေးအစီအမံအချို့ကိုလေ့လာကြည့် ရင်း သတိပြုမိတယ်။

ပထမ‌ထောက်တိုင်က တပ်+ရဲအဖွဲ့အစည်းများပါ။ သိရသလောက်ကတော့ တမြို့နယ်မှာ တပ်+ရဲအင်အားက ၅၀ကနေ၉၀အထိရှိကြတယ်။ခရိုင်မြို့တွေမှာတော့ဒုဗိုလ်မှူးကြီးအဆင့်ထိထိုင်ပြီးဗိုလ်မှူး၊ဗိုလ်ကြီးအဆင့်တွေလဲ ထိုင်ကြတာရှိတယ်။ဒုတိယ‌ထောက်တိုင်က မြို့နယ်တွေက သူ့ရဲ့အမာခံ‌တွေနဲ့သတင်းပေးတွေပေါ့။

တတိယ‌ထောက်တိုင်ကတော့ ရပ်ကွက်၊ကျေးရွာတွေမှာအုပ်ချုပ်ရေးနဲ့လုံခြုံရေးအထောက်အကူပြုတွေဆိုပြီး တွေ့ရတယ်။ ဒီအဖွဲ့တွေကလည်း ရပ်ကွက်၊ ကျေးရွာအလိုက် ၂၀၊ ၃၀ စသဖြင့် ရှိကြတယ်။ တချို့ခရိုင်တွေဆို စာရင်းအရ ၂ သောင်းကျော်လောက်အထိရှိတာတွေ့ရတယ်။

ဒီ‌ထောက်တိုင်(၃)ခုနဲ့ မြို့ကြီးတွေမှာတော့ကွပ်ကွပ်ညပ်ညပ်ထိန်းချုပ်ထားဖို့စီစဉ်ထားတယ်။

PDF အမာခံနယ်တွေမှာတော့ အခုလို‌ထောက်တိုင် ၃ ခုမတွေ့ရဘူး။ တပ်+ရဲ နဲ့ အမာခံ ပျူစောထီးတွေကို အဓိကစုဖွဲ့ထားတာတွေ့ရတယ်။PDFအမာခံနယ်တွေမှာအညာစစ်နယ်ဝှမ်းလို့ခေါ်နိုင်တဲ့မကွေးတိုင်းအထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းကို စကစအနေနဲ့ အတော့်ကို စိုးရိမ်စရာအနေအထားလို့မြင်ထားပုံရတယ်။

အခုလတ်တလောအနေ အထားတွေအရတွေဆိုရင်တော့ ရွှေ ဘိုလွင်ပြင်ကို မုံရွာ၊ ဒီပဲယင်းနဲ့ အပေါ်ဘက်က ကျွန်းလှ၊ကန့် ဘလူတို့ဘက်ကနေ အထိုင်ချပိတ်ပြီး PDF အားကောင်းရာနယ်မြေတွေကို လူအင်အားနဲ့ ထိုးစစ်‌ဆင်နေတာတွေ၊ လေ ကြောင်းနဲ့ပစ်ခတ်တာတွေ၊ ရွာတွေကို ဖိတာတွေကို လုပ်နေတာတွေ့ရတယ်။

အဓိကကတော့ အညာစစ်နယ်ဝှမ်းမှာ အဓိကပွိုင့်တခုဖြစ်တဲ့ ဒီပဲယင်းတကြောကို အတော်လေး ပစ်မှတ်ထားဖိနေတာတွေ့ ရတယ်။ သိပ်မကြာသေးခင်ကဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ရွှေ ဘိုကိုလာအစည်းအဝေးလုပ်တော့ ရွှေဘိုလွင်ပြင်ကို ထိန်းဖို့ အစီအစဉ်တွေချတယ်ဆိုပြီး မြေပြင်သတင်းတွေကဆိုကြ တယ်။ အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရတော့မြို့တွေကို တပ်နဲ့ရဲကထိန်းပြီး ရွာတွေကို ပျူစောထီးတွေနဲ့ထိန်း ဖို့၊ တရွာကို လက်နက် ၃၀တပ်ဆင်ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာတယ်။

အညာစစ်နယ်ဝှန်းတခွင်လုံးက PDF တွေ အားကောင်းပြီး တော်လှန်ရေးအရှိန်မြင့်နေတော့ PDF စခန်းတခု၊ နှစ်ခုဝင်သိမ်းတာ၊ရွာတွေကိုဝင်ရှင်းတာလောက်နဲ့ကတော့PDFချေမှုန်းရေးစီမံချက်အကောင်အထည်ဖော်နိုင်ဖို့မလွယ်ဘူး။တကယ်လို့နယ်တကြောလုံးကိုပိတ်ဆို့စစ်ဆင်ရေးလုပ်မယ်ဆိုရင်အင်အားအမြောက်အများသုံးရမယ်။လက်ရှိအနေအထားအရတော့စကစအနေနဲ့ဖွင့်ထားတဲ့စစ်မျက်နှာတွေများနေပြီးလူအရင်းအမြစ်ကလည်း အကန့်အသတ်ရှိနေတဲ့အ တွက် တနေရာတည်းမှာ အင်အားအလုံးအရင်းမသုံးနိုင်ဘူး၊

ဒီတော့ နယ်မြေအမာခံကအဓိကအားထားရာဖြစ်လာတယ်။ ညောင်ကွင်းလိုနေရာမျိုးမှာ ပျူစောထီးသင်တန်းနေရာတွေ ဘာတွေ စီစဉ်နေတယ်လို့လဲ မြေပြင်သတင်းတွေအရသိရပါ တယ်။ တဆက်တည်းမှာပဲ စီစဉ်လာနိုင်တာက ရွာတွေကို မီတာခကောက်တာ၊ စပါးရိတ်ချိန်မှာ စပါးဖိုးပေးရမယ်ဆိုပြီး ငွေကြေးကောက်ခံတာတွေလုပ်(အတည်မပြုနိုင်တဲ့သတင်း တွေအရ တချို့ရွာတွေမှာ ကိုယ့်စပါးကိုယ်ရိတ်တာကို တဧ က ကို ၂ သိန်းပေးရမယ်ဆိုပြီးကောက်တာတွေလုပ်နေတယ် လို့သိရ) ပျူစောထီးနဲ့ ထိန်းပြီး တစတစ အုပ်ချုပ်ရေး ထူ ထောင်တာတွေလည်း လုပ်လာနိုင်ပါတယ်။

ကျနော့်အမြင်အရတော့ စကစအနေနဲ့ အညာစစ်နယ်ဝှမ်းကို တခါတည်းအင်အားသုံးပိတ်ဆို့တာပြီး PDF တွေကိုရှင်းတာ မျိုးတော့လုပ်နိုင်တဲ့အနေအထားမရှိသေးဘူး။ ဒါပေမဲ့ အဓိ က အထိုင်နေရာတွေ တည်၊ အမာခံတွေ တည်ဆောက်၊ ထိုး ဖောက်ဝင်ရောက်တာတွေလုပ်၊ PDF အမာခံနေရာတွေကိုဖြိုရင်း တစတစစိုးမိုးသွားနိုင်ဖို့ရည်ရွယ်ထားတယ်လို့ သုံးသပ် မိတယ်။ ရေရှည်တိုက်ရမယ့်အနေအထားဆိုရင်တော့ ဒီပုံစံပဲသွားမှာ ပဲ။

တပ်ဟာတလျှောက်လုံးစစ်တိုက်လာတဲ့အတွက်မြေပြင်မှာအပြည့်အဝအကောင်အထည်‌မဖော်နိုင်ရင်တောင်မှစီမံချက်ကိုတော့ ဗျူဟာကျကျနဲ့ စနစ်တကျ လုပ်‌တယ်။ လုပ်လည်းလုပ်နိုင်တာတွေ့ရတယ်။ သူဘာကိုထိန်းရမယ်၊ သူဘာလုပ်ရမယ်ဆိုတာကိုတော့ သူသေသေချာချာ သိ‌တယ်။ ဒီအချက်က သူပိုင်နိုင်ကျွမ်းကျင်တဲ့ အပိုင်းပဲ။ နောက်ပြီးကျည်နဲ့ ဆီကိုလည်း ကောင်းကောင်း သုံးနိုင်သေးတယ်။ လက်နက်ကြီးပစ်အား၊ လေကြောင်းပစ်အားကိုအင်ပြည့်အားပြည့်သုံးနိုင်သေးတာတွေ့ရတယ်။

ဒါပေမဲ့ တပ်ရဲ့ ပြသနာက လက်ရှိစစ်မျက်နှာ အတော်များနေတယ်။ ကချင်၊ ရှမ်းမြောက်၊ ကယား၊ ချင်းနဲ့ ကရင် စစ် မျက်နှာတွေမှာလည်း တိုက်နေရသလို ရခိုင်ကလဲ တပ်ကိုအများကြီးမနှုတ်ရဲဘူး။ မြို့ပြတွေမှာလည်း အင်အားကပို့ထားရတယ်။ အဲ့တော့ အရင်ကတည်းကမှ အကန့်အသတ်ရှိနေတဲ့ လူအင်အားကပြန့်ကြဲနေအောင် ဖြန့်ထားရတယ်။ အန်တိုနီဒေးဗစ်ကတော့ မြန်မာတပ်ရဲ့တိုက်ခိုက်ရေး အင် အားဟာ တသိန်းအောက်မှာပဲရှိတယ်လို့ခန့်မှန်းတယ်။ အခုကတော့ တိုက်ခိုက်ရေးမဟုတ်တဲ့ တပ်တွေရော၊ စစ်မှုထမ်း ဟောင်းတွေရော၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေရော၊ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပျူစောထီးလိုအဖွဲ့တွေပါသုံး နေရတာတွေ့ရတယ်။

နောက်တချက်က မြေပြင်တပ်တွေရဲ့ စိတ်ဓာတ်ပိုင်းကလဲ အတော်လေးကို ကျနေတယ်လို့ သုံးသပ်မိတယ်။ မရပ်မနားစစ်ဆင်ရေးကာလကြာနေတာတွေ၊ နောက်ကျောမလုံတာတွေကလည်း စိတ်ဓာတ်ပိုင်းကို အတော်ထိခိုက်တာ တွေ့ရတယ်။ စိတ်ဓာတ်ပိုင်းနဲ့အတူ တပ်ရဲ့တိုက်ရည်ခိုက်ရည်ဟာ လည်းအတော်လေးကျလာတယ်ဆိုတာကို ရခိုင်စစ်ပွဲတွေနဲ့ အခုလက်ရှိတိုက်‌နေတဲ့စစ်ပွဲတွေမှာ သိသိသာသာမြင်လာရတယ်။ ဝေဟင်အကူမပါရင် မြေပြင်တပ်က တိုက်ရည်ခိုက် ရည်အတော်ကျနေတယ်လို့ သုံးသပ်မိတယ်။

အဆိုးဆုံးကတော့ လူထုထောက်ခံမှု မရတာပါပဲ။ ခုချိန်ထိ စကစဟာ လူထုထောက်ခံမှု၊ အသိအမှတ်ပြုမှု၊ နိုင်ငံတကာ အသိအမှတ်ပြုမှုမှာ အတော်လေးချို့တဲ့နေတယ်။ လက်ရှိဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လှည့်လည်စစ်ဆေး တာတွေလုပ်၊ လူတွေနဲ့ လိုက်တွေ့ပြနေတာဟာ ငါတို့အုပ်ချုပ်နေတယ်။ ငါတို့ထိန်းချုပ်နိုင်တယ်။ ငါတို့လည်ပတ်နေ နိုင်တယ်ဆိုတာကို ပြနေတာပဲ။ အထူးသဖြင့် အာဏာရှင် တွေဟာ လူထုထောက်ခံမှု၊ အသိအမှတ်ပြုမှုချို့တဲ့နေချိန် တွေဆိုရင် ဒါမျိုးကို ပိုလုပ်ရတယ်။ အရင်ကလည်း ဗိုလ်ခင်ညွန့်လည်း ကလေးမူကြိုကျောင်းတွေပါသွားခဲ့တာမှတ်မိကြဦးမပေါ့။ လှေသဘင်ပွဲ၊ မြင်းခင်းသဘင်တွေကျင်းပခဲ့တာတွေလည်းမှတ်မိကြဦးမပေါ့။ စကစဟာ လူထုထောက်ခံချို့တဲ့နေတဲ့အပြင် သူ့ကို ဆန့်ကျင်တွန်းလှန်မှုကလည်းကြီးမားလွန်းနေတော့ ရက်ရက်စက်စက်ဖိနှိပ်တာတွေကို အပြင်း အထန်လုပ်ရတော့တယ်။

အဲ့ဒီ့လိုလုပ်လို့လူထုကိုထိန်းချုပ်နိုင်ဖို့မလွယ်ဘူး။ ဆန့်ကျင်တွန်းလှန်မှုက ပိုကြီးလာဖို့ပဲရှိတယ်။ အညာဒေသက နေရာ တော်တော်များမှာ အမျိုးသားတော်တော်များများဟာ ကိုယ့်အိမ်ထဲ၊ ရပ်ထဲ၊ ရွာထဲနေရတာ မလုံခြုံတော့လို့ကိုခုခံတော်လှန်ရေးမှာ ပါဝင်လာကြတာကို တွေ့ရတယ်။ ရက်ရက်စက် စက်ဖိနှိပ်ရင် ခုခံတွန်းလှန်မှု ပိုအားကောင်းလာမှာပါပဲ။

လူအင်အားအကန့်အသတ်ရှိတာရယ်၊စစ်မျက်နှာစုံတိုက်‌နေရတာရယ်၊မြေပြင်တပ်တွေရဲ့စိတ်ဓာတ်ကျဆင်းနေတာရယ်၊ လူထုထောက်ခံမှုမရှိတာရယ် စတဲ့စတဲ့အချက်တွေ ကြောင့် PDF တွေကို အပြီးသတ် ချေမှုန်းရေးအစီအစဉ် ကလည်း အတော်လေးတော့ ခက်ခဲမယ့်အနေအထားပဲလို့ သုံးသပ်မိတယ်။

လာမယ့် ၂၀၂၂ ခုနှစ်၊ မုတ်သုံအဝင်ထိကာလက နှစ်ဖက်စလုံးအတွက်အရေးကြီးတဲ့ ကာလပဲ။ စစ်ဆိုတာ မြေပြင်မှာ တိုက်ရသလို၊ မြေပုံပေါ်မှာလည်း တိုက်ရတယ်။ ဗျူဟာအရ လည်းတိုက်ရတာပဲ။

NUG/PDF အနေနဲ့လည်း လာမယ့် ၅ လ၊ ၆ လတာကာလကို ဘယ်လိုဗျူဟာနဲ့ ကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အထူးသဖြင့် NUG အနေနဲ့ လာမယ့် ၅ လတာကာလကို ဘယ်လိုသတ်မှတ်ထားပြီး ဘယ်လိုဗျူဟာချထားလဲ။ တနိုင်ငံလုံး unified command ကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ လက်နက်တပ်ဆင်မှုတွေ ဘယ်လိုလုပ်မလဲ။ လူထုစည်းရုံးရေးကို ဘယ်လိုလုပ်မလဲ ဒါတွေက လာမယ့် ၂၀၂၂ ပထ မပိုင်းကာလအတွက် အရေးကြီးတယ်လို့မြင်ပါတယ်။

(PDF တွေနဲ့ပတ်သက်ပြီးကတော့ စာတန်းတိုတစောင်ရေးဖူးပါတယ်။ အောက်မှာလင့်ခ်ပေးထားပါတယ်။ လေ့လာချင်ရင်လေ့လာလို့ရအောင်ပါ။ သိုးဆောင်းလို ရေးထားပေမယ့် မိတ်ဆွေတွေဗမာဘာသာပြန်နေကြတယ်လို့သိရပါတယ်။ https://www.wilsoncenter.org/…/seizing-state-emergence…)

နိဂုံးချုပ်ကတော့ NUG ရဲ့ နိုင်ငံရေးအထိုင်ရော၊ စစ်ရေးအထိုင်ရောကို တည်ထားတာက လူမျိုးစုနိုင်ငံရေးအင်အားစုတွေနဲ့ ပေါင်းစည်းဆောင်ရွက်ရေးအထိုင်ပေါ်မှာတည်ထားတယ်လို့မြင်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ ဇင်-ဇန်(သခင် ဇင်နဲ့မန်းဘဇန်)သဘောတူညီချက်ကစလို့ တလျှောက်လုံး မှာ ပြည်မနိုင်ငံရေးအင်အားစုတွေနဲ့လူမျိုးစုနိုင်ငံရေးအင်အားစုတွေကြားကနိုင်ငံရေး၊စစ်ရေးပေါင်းစည်းဆောင်ရွက် မှုတွေဟာ ထင်သလောက်ခရီးမရောက်ခဲ့ကြဘူး။ အခုလှုပ်ရှားမှုကြီးမှာရော NUG နဲ့ လူမျိုးစုနိုင်ငံရေးအင်အားစုတွေကြားမှာ နိုင်ငံရေးအရဘယ်လို‌သဘောတူညီချက်တွေရယူ နိုင်မလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်မလဲဆို ၏တာက လာမယ့် ၂၀၂၂ ခုနှစ် မြန်မာ့နိုင်ငံရေးဂိမ်းကိုပြောင်း နိုင်မယ့် သော့ချက်တခုလို့ မြင်မိပါတယ်။

၂၀၂၂ ခုနှစ်မှာ ‌မြန်မာပြည်သူအပေါင်း မျှော်လင့်ချက်များ ပြည့်ဝနိုင်ကြပါစေ။

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English