Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နှစ်ကူးသုံးသပ်ချက် (၁)

January 17, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ရေးမှာ အမြဲတမ်း မှန်တယ်လို့ ပြောလို့ရတဲ့အချက်အလက်က တော်တော်နည်းတယ်။အဲ့နည်းနည်းထဲက ပြောပါဆိုရင်တော့အသာစီးရသူဟာနယ်မြေရှင်းတယ်ဆိုတဲ့အချက်ရယ်၊အလယ်စည်းအပိုင်းအခြားနယ်မြေစိုးမိုးမှုရယ်ပဲ။

အလယ်စည်းအပိုင်းအခြားနယ်မြေစိုးမိုးမှုဆိုတာကတော့အလယ်စည်းကိုကြည့်တယ်။နယ်မြေစိုးမိုးမှု အလယ်စည်းဟာ မြို့ဘက်ကို ကပ်လာရင် မြို့အထိုင်တပ်တွေအရေးနိမ့်လာတာကိုပြပြီးမြို့ပြနဲ့ ဝေးသွားရင်တော့အထိုင်တပ်တွေအားသာလာတာကိုပြတယ်။လောလောဆယ်မှာ တိုင်းဒေသကြီးတစ်ခုရဲ့ မြို့တော်ဆင်ခြေဖုံးအထိတိုက်ပွဲတွေကပ်လာတယ်။ပထမဆုံးနယ်မြေစည်းအရမ်းကျဉ်းလာတာကိုပြနေတယ်။စကစအခြေအနေကိုတော်တော်လေး မြင်သာလာတယ်။မြန်မာပြည် နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင် ၁၉၈၈ နောက်ပိုင်းမှာ ခွန်ဆာက လွဲလို့ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ စစ်တပ်ဟာ အပြီးတိုင် မတိုက်နိုင်ခဲ့တာ တွေ့ရတယ်။ခွန်ဆာ ကလည်း သူ့ဘာသာ လက်နက်ချလို့ ရလိုက်တယ်လို့ပဲ ပြောရမယ်။

မာနယ်ပလောကို လည်း ကေအန်ဒီအိုသာ မကူပေးရင် ခွေးအိပ်တောင်ကိုတော် မကျော်နိုင်ဘူး။ ၀မ်ခ တစ်ခုတည်းတင် မနည်းဘူးပေးတိုက်ရတယ်။

အတိတ်အကြောင်းတွေ မပြောကြကြေးဆိုရင်တောင်အနီးဆုံးမှာ AA ရှိတယ်။

လက်နက်ထုတ်လုပ်မှုမရှိပဲဗုံးတွေတစ်အားသွန်ချနေတဲ့ကြားက နယ်မြေစိုးမိုးမှုကို နှစ်ပိုင်းလေးအတွင်းမှာ အရယူသွားတယ်။တော်လှန်ရေးကာလအတွင်းမှာ မှရွေကူနားမှာ ပထမဆုံး ပြန်ပေါ်လာတဲ့ EAO (နာမည် မမှတ်မိ)အသေးတစ်ခုလည်းအင်အားအတော်တောင့်သွားတယ်။ဒါပီဒီအက်တွေမပေါ်ခင်ကနောက် ပီဒီအက်တွေပေါ်လာတော့ပီဒီအက်အင်အားကကြောက်ဖို့ကောင်းလောက်အောင်လပိုင်းအတွင်းများပြားလာတယ်။

တရား၀င်တည်ထောင်ထားတဲ့အဖွဲ့အစည်းတွေရဲ့သူတို့ကိုယ်ပိုင်ထုတ်ပြန်ချက်တွေအရဖယ်ခုံတစ်ခုတည်းမှာတင် အင်အားနှစ်ထောင်ရှိတယ်။စစ်ကိုင်းက လည်း အားလုံးပေါင်းရင်ငါးထောင် တောင်ကပါ့မလားမသိ၊

ကနီ ယင်းမာပင် ပုလဲ ဆားလင်းကြီး အရာတော် မြိုင် မုံရွာ ပေါက်ရွေဘို မသိတာတွေကျန်သေးတယ်။

အချို့ဆို တစ်မြို့တည်းမှာ ငါးဖွဲ့့လောက်ရှိတယ်။ဒါတောင် ကချင်ကရင်နဲ့ ကယား ကရင်နီ ချင်း တနင်္သာရီတကြော က EAO တွေဆီမှာ ပေါင်းနေတဲ့ ပီဒီအက်အင်အားကျန်တယ်။ဆိုင်တိုက်နေတဲ့ အီးအေအိုတွေကျန်သေးတယ်။ဆိုတော့ကာဒီအဖွဲ့အစည်းတွေကိုလက်နက်ကိုင်လို့ရိုးရိုးလေးစဉ်းစားရင်တောင်စကစဟာမြေပြင်ပေါ်မှာရောစာရွက်ပေါ်မှာပါထိန်းဖို့မဖြစ်နိုင်တော့ဘူး။ပိုဆိုးသွားတာကလက်နက်အင်အားချိန်ခွင်လျှာဟာဟိုးအရင်ကလိုမိုင်းနပ်စ်ဟုတ်မနေဘူး။အေအေဟာအချိန်အကန့်အသတ်ကြောင့်လက်နက်ထုတ်လုပ်မှု မလုပ်နိုင်ခဲ့ဘူး။အမြန် ဆုံးလက်နက်ရဖို့ ၀ယ်ခဲ့ရတယ် သယ်ခဲ့ရတယ်။ကေအိုင်အေကတော့ လက်နက်စက်ရုံ ထောင်နိုင်ခဲ့တယ်။အီးအေအိုထဲမှာ ၀ ကိုထည့်မတွက်ရင် လက်နက်စက်ရုံရှိတဲ့ တစ်ခုတည်းသောအီးအေအိုပေါ့။ ဒါတောင် လက်နက်ငယ်နော် လက်နက်ကြီးစက်ရုံ မရှိဘူး ၀ယ်ရတယ်။

အချက်အလက် အချို့ ချရေးပြီးပြီဆိုတော့ ညီမျှခြင်းချကြည့်ရအောင်။

မြင်သာအောင်အီးအေအိုထဲက နာမည်ကြီးအဖွဲ့ အစည်းတွေနဲ့ပဲ ယှဉ်ကြည့်မယ်ဆိုပါစို့။

KLNA ကို အပြီးတိုင်မတိုက်နိုင်ခဲ့ပါဘူး

AA ကို အပြီးတိုင်မတိုက်နိုင်ခဲ့ပါဘူး

KIA ကိုလည်း အပြီးတိုင် မတိုက်နိုင်ခဲ့ပါဘူး

CNA ကိုလည်း မနိုင်ခဲ့ပါဘူး

KNDF ကိုလည်း မနိုင်ခဲ့ပါဘူး

တစ်နိုင်ငံလုံးက ပီဒီအက် အင်အားတွေ အားလုံးပေါင်းလိုက်ရင် အပေါ်က အီးအေအို တွေ အားလုံးထက် များနိုင်ပါတယ်။အကယ်၍များ ပီဒီအက်တွေ အားလုံး ကွန်မန်းချိန်းတစ်ခုအောက်ရောက်သွားပြီး

လက်နက်ခဲယမ်းပိုမိုအားကောင်းလာတဲ့အခါ၊အီးအေအိုတွေနဲ့ချိတ်ဆက်ပြီး တိုက်ပွဲတွေ ၀င်လာတဲ့အခါ

စကစ အတွက် မချောင်ပါဘူး။အခုလို ပြန့်ကြဲနေချိန်မှာတောင် ဘယ်လိုတွေးတွေး မနိုင်နိုင်တော့ပါဘူး။

စစ်သားရေသောက်မြစ်ကလည်း ၆၂ နောက်ပိုင်းပြတ်ဖို့များပါတယ်။တစ်ဖက်က လိုကယ် ပီဒီအက်ဖ်တွေ စစ်လက်နက်အင်အားကလည်းတောင့်တင်းလာပါတယ်။သုံးလအတွင်း သူတို့သုံးတဲ့မိုင်းအရေအတွက်ဟာ

မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ အီးအေအိုတွေနဲ့ တိုက်ပွဲတွေမှာအဆွဲခံရတဲ့ အရေအတွက် ပိုများပါတယ်။

မိုင်းအလုံးပေါင်းရာချီ သုံးခဲ့ပြီး သုံးနိုင်ပြီး ဖြစ်နေပါပြီ။ဒီကြားထဲ လက်နက်ငယ် လက်နက်ကြီးတွေ မိုင်းတွေကိုထုတ်လုပ်နိုင်သွားတာဟာစစ်ပွဲရဲ့ချိန်ခွင်ရှာကို အပြောင်းအလဲကြီး ပြောင်းလဲပေးပါလိမ့်မယ်

စကစ အတွက်အနိုင်ရသွားနိုင်မယ့်နည်းလမ်းကလိုကယ် ပီဒီအက်ဖ်တွေ ရိက္ခာပြတ်ပြီး အားနည်းသွားမှာ၊

ကုန်ကြမ်း မ၀ယ်နိုင်တော့လို့ ထုတ်လုပ်ရေးပိုင်းမှာ ရပ်တန့်သွားမှာ၊ဒါမှမဟုတ်ရင်တော့ နယ်မြေတွေ အတင်းထိုးပြီးသိမ်း(၁၉၅၀ ကျော်ကာလတွေလို ပြန်တိုက် အဲ့လို့မှ ရပါမယ်)အဲ့တုန်းက ပြည်သူ့အင်အားမပါပါ

ဒါမှ မဟုတ်သောင်းချီတဲ့ ခုခံစစ်ဆင်နွှဲသူတွေဟာ လက်နက်တစ်ပြိုင်တည်းချမှ ပဲ ရပါမယ်။

ဒါကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက်ပါ။

တစ်ဖက်ကလည်း နိုင်ချင်တဲ့ ပြည်သူတွေဟာ ဒီလို အဖြစ်တွေ မဖြစ်အောင်ကြိုးစားကြမှာပါပဲ။

ဒီအချိန်မှာ နုကြည်ကလည်း သူ့အနေအထားသူသိပါတယ်။စကစဘက်က လော်ဘီတွေ သတင်းလွှင့်ခဲ့သလို

တွေ့ဆုံဆွေးနွေးရင်သူ့ပါရောပြီးတော်လှန်ခံရမှာပါ။တော်လှန်ရေးကြီးအောင်မြင်သွားရင် တိုင်းရင်းသားတွေ အတွက်စကားမတည်ရင်တောင်ထောက်ခံမှုတွေတစ်ပုံတစ်မကြီးဆုံးရှုံးမယ့်အဖွဲ့အစည်းပါ။သူ့အတွက်တိုက်နေကြတာမဟုတ်ဘူး။သူဟာ အစိတ်အပိုင်းတစ်ခုသာ ဆိုတာကိုသူတို့လည်းသိပါတယ်။ဒီအတိုင်းခံယူပြီး သူတို့လည်း ပါ၀င်နေကြတာပါ။စာရှည်သွားပြီ။

ဘောလုံးအသင်းဘယ်လောက်ကောင်းကောင်း တစ်ဖက်အသင်းအပေါ် ဘယ်လောက်ဖိထားထား

တစ်ယောက်လောက်ကမကစားတော့ပဲရပ်နေလိုက်တာနဲ့ရှုံးနိုင်ပါတယ်။နှစ်ယောက်မတ်တပ်ရပ်နေရင်ပိုဆိုးတာပေါ့။ဘောလုံးအသင်းမှာရှိနေတဲ့လူတိုင်းကိုယ့်တာ၀န်ကိုယ်ကျေပွန်စွာလုပ်ဆောင်နေမှအောင်မြင်ပါတယ်။မိနစ်ကိုးဆယ်အတွင်း မကစားပဲပွဲပြီးမှ ဘောလုံးနောက် လျှောက်လိုက်နေလဲ အလကားပါပဲ။

အချိန်ရှိခိုက်လုံ့လစိုက်ပါ။ဒစ်ဂျစ်တယ်စထရိုက်ကိုတိုက်စရာတစ်နည်းပဲရှိတာမို့ဒေတာတွေစျေးတက်လိုက်တာပါ။စျေးတက်လာမှာပါ။ဘောမတွေ မှတ်မိလားဆိုပြီးပြုံးပြုံးကြီးလုပ်မနေပါနဲ့။

အချိန်ရှိခိုက်လုံ့လသာစိုက်ပါ။

သေတ္တာ(ခေတ္တလူကောင်း)

ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English