Milk Tea Alliance နေ့။ မြန်မာအပါအဝင် ၆ နိုင်ငံမှာရှိတဲ့ လက်ဖက်ရည်သောက်တဲ့သူငယ်ချင်းတွေက မြန်မာအတွက် ဆန္ဒပြပေးတဲ့နေ့ပေါ့။ အရာအားလုံးအဆင်ပြေချောမွေ့လိမ့်မယ်လို့မထင်ခဲ့ပါဘူး။ ရန်ကုန်ရဲ့အခြေအနေက တော်တော်လေးဆိုး ရွားလှပါတယ်။ အဓိက ဆန္ဒပြတဲ့နေရာတွေကို ပိတ်ဆို့ထားကြတယ်။ ဥပမာ လှည်းတန်း၊ မြေနီကုန်း၊ ဆူး လေ တို့ကို ဆန္ဒပြပြည်သူတွေလာလို့မရအောင်တားဆီးထားကြတယ်။ တော်တော်များများကတော့မရ မကခက်ခက်ခဲခဲနဲ့သွားကြတယ်။
ကျွန်တော်လည်း မြေနီကုန်းကို ခက်ခက်ခဲခဲရောက်သွားတယ်။ လူတွေနည်းမယ်လို့ စစ်သူပုန်တွေကထင် ထားပုံရတယ်။ ဒါပေမဲ့မနည်းဘူး။ ထောင်ပေါင်းများစွာသောလူတွေဟာ မြေနီကုန်းနားတစ်ဝိုက်မှာ ငြိမ်း ချမ်းစွာဆန္ဒပြနေကြတယ်။ သပိတ်စစ်ကြောင်းတွေကတစ်ခုပြီးတစ်ခုလာရောက်ပူးပေါင်းကြတယ်။ စစ် သူပုန်တွေပိတ်ဆို့ထားတဲ့နေရာနဲ့မနီးမဝေးကနေပြီး ငြိမ်းချမ်းစွာဆန္ဒပြကြတယ်။ နေ့လည် ၁ နာရီခွဲ လောက်မှာတော့ သူတို့တွေစပြီး ဖြိုခွင်းပါတယ်။ သူတို့တွေဟာ မီးခိုးဗုံးတစ်ခါပစ်ရင်အလုံး ၁၀ လောက်နဲ့ အသံဗုံး ၁၀ လုံးလောက်ရှိပါတယ်။ အရှေ့တန်း မှာနေတဲ့ ကျွန်တော်တို့တွေကတော့ မျက်စိဖွင့်မရ၊ အသက်ရှုမရ စပ်ပြီးပူလောင်လောင်ကြီးနဲ့ Coke နဲ့ မျက်နှာသစ်ရတဲ့အခြေအနေဖြစ်ပါတယ်။
နောက်တော့သေနတ်သံ ၇ ချက်လောက်ကြားအပြီးမှာတော့ ဆန္ဒပြ လူအုပ်စုထဲကို သူတို့တိုးဝင်လာ ပါတယ်။ အားလုံးပြေးကြပြီး ကျွန်တော်ကတော့ အနီးအနားမှာရှိတဲ့ ၈ ထပ်တိုက်ခန်းတစ်ခန်းထဲမှာ ဝင် ပုန်းနေလိုက်ပါတယ်။ တိုက်ခန်းထဲက လူတွေကဖော်ရွေတယ်။ ကျွန်တော်နဲ့လူတစ်ချို့ကို သူတို့အခန်းထဲ သေသေချာချာပုန်းခိုင်းထားပြီး ပြင်ပအခြေအနေကိုစောင့်ကြည့်စေခဲ့တယ်။ ဆန္ဒပြသူတွေဟာ အပြေး သန် ကြတယ်။ ဟိုတိုက်ဒီတိုက်ထဲကိုဝင်ပုန်း၊ ရပ်ကွက်ထဲဝင်ပုန်းနဲ့ ပတ်ဝန်းကျင်က လုံးဝကြီးကို တိတ်ဆိတ် သွားတော့တယ်။ တိုက်ခန်းပေါ်ကနေ သူတို့ရဲ့ လှုပ်ရှားမှုကိုခိုးကြည့်ကြတယ်။ သူတို့တွေဟာ ဟိုရှာဒီရှာလုပ်နေကြတယ်။ အစားအသောက်တွေကိုဝင်ဆွဲတယ်၊ လူတွေကို ဟိုနားဒီနားပတ်ရှာကြ တယ်။ တကယ့်အောက်တန်းစားသူပုန်တွေလိုပဲ။
နာရီဝက်လောက်ကြာတဲ့အခါမှာတော့ သူတို့တွေ ဆုတ်ခွာသွားကြတယ်။ အဲဒီတော့မှ ကျွန်တော်အပါအ ဝင် ဆန္ဒပြပြည်သူတွေဟာ လမ်းမပေါ်ထွက်လာပြီး ဆက်လက်ဆန္ဒပြကြတယ်။ ဒီနေ့ သူတို့ရဲ့အကြမ်း ဖက်ဖြိုခွင်းမှုကြောင့် လူတွေအများကြီးသေတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ သေဆုံးသူ ၂၆ ယောက်။ ရန် ကုန်မှာ ၄ ယောက်သေတယ်။ အောက်တန်းစားသူပုန်တွေကြောင့် လူတွေအများကြီးသေဆုံးကြရပြီ။ ကျွန်တော်တို့ကို ဘယ်သူလာကယ်မှာလဲ။ သေဆုံးသူဘယ်နှစ်ယောက်ရှိမှ UN က ကူညီမှာလဲ။