မနက်ကတည်းက အကုသိုလ်များတဲ့နေ့တစ်နေ့ပဲ။ စစ်တပ်ထောက်ခံသူတွေလို့ အမည်ခံပြီး လမ်းပေါ် ကကလေက ချေတွေကို ၅၀၀၀ ကျပ်လောက်နေ့တွက်ခပေးပီးခေါ်လာတဲ့အဖွဲ့တွေ ဟာ ရန်ကုန်မြို့ လယ်လိုနေရာမျိုးမှာမနက်ကတည်းက သောင်းကျန်းနေကြတယ်။ စစ်ကောင်စီကိုထောက် ခံပွဲလို့ အမည်ခံပြီးတုတ်၊ ဓား၊ လေးခွ တွေကိုင်ပြီး လမ်းသွားလမ်းလာတွေ၊ ရပ်ကွက်နေပြည်သူတွေကို ရန်ရှာထိုးကြိတ်ကြတယ်။ လူတစ်ယောက်တောင်ဓားထိုးခံလိုက်ရ သေး တယ်။ အဲဒီလို ရမ်းကားနေတဲ့ လူအုပ်ကြီးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးကလူမြင်ကွင်းမှာ ကာကွယ်ပေးထား တာလည်း ဒီနိုင်ငံရဲ့အံဖွယ် တစ်ပါးပါပဲ။ ဟုတ်တယ်။ ရဲတပ်ဖွဲ့က အဲဒီစစ်ထောက်ခံ သူဆိုတဲ့လူတွေ ကိုစောင့်ရှောက်တယ်။ သူတို့လာတဲ့လမ်းတွေကို ရှင်းနေအောင်ဖွင့်ပေးထားတယ်။ သူတို့ရဲ့ဘေးမှာ ဂရု တစိုက်လိုက်လာပေးတယ်။ ဒါကိုလည်း နိုင်ငံတကာမီဒီယာတွေက ကောင်းကောင်းသိရှိသွားကြတယ်။ လူထုကိုဆူပူအောင်လုပ်မယ့်သူတို့ရည်ရွယ်ချက်ဟာမအောင်မြင်ခဲ့ပါဘူး။
ညနေကျတော့နောက်တမျိုးထပ်ဖြစ်ပြန်တယ်။
ရန်ကုန်တိုင်း၊တာမွေမြို့နယ်မှာ စစ်ကောင်စီကခန့်အပ်တဲ့ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ပြည်သူကဆန္ဒပြကြ တယ်လေ။ ဒါပြည်သူတွေအတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စတစ်ခုပဲ။ ဒါကိုစစ်တပ်နဲ့ရဲကအင်အား အလုံးအရင်းနဲ့ဖြိုခွဲတယ်။ သေနတ်အချက်ပေါင်းမြောက်မြားစွာနဲ့ပစ်ခတ်ကြတယ်။ ဆန္ဒပြသူတွေကို အိမ်တွေထဲထိဝင်ဆွဲကြတယ်။
အဲဒါဟာ ရန်ကုန်မှာပထမဆုံးပစ်ခတ်သံတွေစကြားရတဲ့နေ့ပဲ။ နိုင်ငံတဝန်းမှာလဲနေ့စဥ်နဲ့အမျှ ဒီလိုပဲ ပစ်ခတ်သံတွေကြားနေရတော့ တရက်မှစိတ်မချမ်းသာရပါဘူး။