စစ်သူပုန်တွေအထိနာသွားတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းအထက်ပိုင်းပင်လယ်ဘူးဒေသတဝိုက်ကိုအင်တာနက်ရော၊ဖုန်းလိုင်းပါဖြတ်လိုက်ပါပြီ။ဟိုနေ့ကမှစစ်ကောင်စီကအဲ့ဒီဒေသကိုအာရုံမရဘူးပြောလို့တောင်မပြီးသေးဘူး..ချက်ချင်းလက်ငင်းထိုးစစ်ဆင်မယ့်သတင်းတွေကြားလာရပြီ။PDF တွေဘေးကင်းပါစေ။
ချင်းပြည်နယ်မှာတော့ထန်တလန်တမြို့လုံးလူဦးရေသောင်းချီစစ်ရှောင်ကုန်ကြပြီ။မြို့ထဲမှာဘယ်သူမှမရှိကြတော့ဘူး။ဟိုတနေ့ကမြို့ထဲကိုစစ်သူပုန်တွေလက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့အိမ်တွေမီးလောင်ကတည်းကအကုန်လန့်ဖြန့်ပြီးထွက်ပြေးကုန်ကြတာပဲ။ မြို့လုံးကျွတ်စစ်ရှောင်ရတဲ့အခြေအနေမျိုးဆိုတာဒီဘက်ခေတ်မြန်မာ့သမိုင်းမှာမရှိခဲ့ဖူးပါ။တိုက်ပွဲတွေပိုပြင်းထန်လာဖို့ကတော့ကျိန်းသေသလောက်ပဲ။