စစ်ကိုင်းတိုင်းအထက်ပိုင်းကောလင်း၊ဝန်းသို၊ပင်လယ်ဘူးဒေသတွေကဒီနှစ်ရက်တာကာလတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားလေးဆယ်ခန့်ဘဝကူးသွားပီးလက်နက်ခဲယမ်းများစွာကိုPDFတွေသိမ်းဆည်းနိုင်ခဲ့တယ်။ပီးခဲ့တဲ့တပတ်လောက်ကတိုက်ပွဲတွေမှာလဲစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့NUGကသတင်းထုတ်ပြန်ထားတော့ရက်ပိုင်းအတွင်းရှစ်ဆယ်ခန့်ဘဝကူးသွားတဲ့သဘောပဲ။
NUGရဲ့သတင်းထုတ်ပြန်ချက်အရဒေသခံPDFတွေဟာKIAရဲ့ကြီးကြပ်မှုနဲ့တိုက်ပွဲဝင်ကြတယ်လို့ပြောတယ်။တချို့ကလဲNUGလက်အောက်ကPDFတပ်ဖွဲ့တွေလို့ပြောကြတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်စပ်မှာအရင်လတွေထဲကစစ်သူပုန်တွေကိုငရဲပို့ပေးနေကြတာ။တခါပို့ရင်အနည်းဆုံးနှစ်ဆယ်၊သုံးဆယ်ပါတယ်။ဒါပေမယ့်စစ်ကောင်စီကအဲ့ဒီဒေသကိုဘာကြောင့်မှန်းမသိအာရုံသိပ်မရဘူး။အဲဒီဘက်မှာရွာလုံးကျွတ်ထွက်ပြေးရတဲ့သတင်းတွေ၊စစ်ရှောင်တွေရျိတယ်လို့မကြားမိသေးဘူး။ သူတို့ကစစ်ကိုင်းတိုင်းအနောက်ပိုင်းကိုပဲအသေအလဲဖိနေကြတာ။ခုတော့ကောင်းကောင်းခံလိုက်ရပြီပေါ့။