ချင်းပြည်နယ်မှာ မြို့တွင်းပြောက်ကျားတိုက်ပွဲတွေ အတော်ပြင်းထန်နေတယ်။ အထူးသဖြင့်ဟားခါးနဲ့ ထန်တလန်မြို့တွေမှာပေါ့။ ထန်တလန်မှာဆို စစ်သူပုန်တွေဘက်က ၃၀ ခန့်အထိ ထိခိုက်သေ ဆုံးမှုရှိတယ်။ စစ်သူပုန်တွေဟာ သူတို့အထိနာနေလို့မြို့ထဲကို လက်နက်ကြီးတွေရမ်းသန်းပစ်ကြတယ်။ ထိုပစ်ခတ်မှုကြောင့်အိမ်ခြေ ၁၀ လုံးကျော်မီးလောင်ဆုံးရှုံးသွားတယ်။ မီးငြိမ်းသတ်မယ့်သူတွေနဲ့ မီးသတ် ကားတွေကိုလဲပစ်ခတ်လို့ထိခိုက်တဲ့အိမ်တွေများသွားတာ။ အဆိုးဆုံးက မီးသတ်ဖို့လာတဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါးကို ပစ်သတ်ပြီးလက်ချောင်းကိုဖြတ်လက်စွပ်ပါယူသွားတာပဲ။ အဲ့ဒီလုပ်ရပ်ဟာ စစ်သူပုန် တွေအပေါ်ချင်းလူမျိုးတွေ၊ ခရစ်ယာန်ဘာသာကိုးကွယ်သူက အဆုံးစွန်ထိရွံမုန်းသွားစေခဲ့တယ်။ တစ်နိုင်ငံလုံးမှာလည်းသူတို့ကိုအမုန်းကြီးမုန်းနေတဲ့သူတွေချည်းပဲ။
ဇွန် ၁၇၊ ၂၀၂၅။ (အင်္ဂါ)
ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲလာမှုတွေကြောင့် ပြည်တွင်းရွှေစျေးနဲ့ဒေါ်လာစျေးတွေတက်ရိပ်ပြလာပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးနဲ့အီရန်တို့အပြန်အလှန်ဒုံးကျည်တွေနဲ့ပစ်နေတာကြောင့် စစ်ဖြစ်မှာစိုးရိမ်ပြီး...