နေရာတစ်ချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့သေနတ်နဲ့ပစ်ခံရတယ်။ ဒါ ဟာ တော်လှန်ရေးအရှိန်မသေဘူးဆိုတဲ့သက်သေပဲ။ ရောဂါတွေကင်းစင်သွားရင် ပိုပြီးတော့ တော်လှန် ရေးအရှိန်မြှင့်လာကြမယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ မနက်ဖြန်ကျရင် ၈၈၈၈ နှစ်ပတ်လည် နေ့။ ၈၈၈၈ ရဲ့ ၃၃ နှစ်မြောက်နှစ်ပတ်လည်နေ့။ အထိမ်းအမှတ်တစ်ခုခုတော့လုပ်ကြလိမ့်မယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...