ဒီနေ့ ညဖက် ၁၀ နာရီကျော် ဝန်းကျင်လောက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြားကာလပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကိုထုတ်ပြန်လိုက်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ CRPH ကလည်း တစ်တောင့်တစ်နေရာကနေ အားကိုးရချင်တယ်။
မနက်ဖြန်က ၂၂၂၂၂ အထွေထွေသပိတ်မို့အားလုံးက ကြိုတင်ပြင်ဆင်ထားကြတယ်။ မနက်ဖြန်အားလုံး လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြကြမယ်။ စစ်အာဏာရှင်တွေဟာ နည်းမျိုးစုံနဲ့ တားဆီးနေတယ်။ လမ်းတွေပိတ်ထားတယ်။ ဥပမာ ဆူးလေ၊ လှည်းတန်းနားတစ်ဝိုက်ကို လူတွေအလွယ်တကူလာလို့မရ အောင် သံဆူးကြိုးတွေနဲ့တားနေတယ်။
ပြီးတော့ ရန်ကုန်ကို ည ၁ နာရီကနေ နေ့လည် ၁၂ နာရီအထိ အင်တာနက်ဖြတ်တောက်လိုက်ကြပြတယ်။ အခြားနေရာတွေမှာတော့ ည ၁ နာရီကနေ မနက် ၉ နာရီအထိပဲတဲ့။
သူတို့ဘယ်လောက်အထိ အကျင့်ယုတ်ကြဦးမှာလဲ။ ကျွန်တော်တို့ပြည်သူတွေ ဘယ်နှစ်ယောက်များ ထပ် ပြီးသေရဦးမှာလဲ။
>>>>>