အချိန်သုံးလကျော်ကြာပြီးတဲ့နောက်မှာ သွေးအေးလာတယ်လို့အများကထင်ကောင်းထင်နိုင်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တစ်ရက်မှာသွေးမအေးခဲ့ဘူး။ တစ်နေ့တစ်မျိုးမရိုးနိုင်တဲ့မကျေနပ်မှုတွေ နဲ့အတူ စစ်သူပုန်အုပ်စုကို ရတဲ့နည်းနဲ့တိုက်ခိုက်ချင်စိတ်တွေဖြစ်ပေါ်နေခဲ့တယ်။ အာဆီယံနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်နေတယ်။ ကိုဗစ်အတွက် အရေးထားပြီးဆောင်ရွက်နေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ စစ်သူပုန်တွေနဲ့နေ့စဉ်ခက်ခဲတဲ့ရက် တွေကိုဖြတ်သန်းနေရတယ်။ စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့် ၂၄ နာရီအတွင်း လူ ၅ဦးအနည်းဆုံး သေဆုံးတဲ့သတင်း၊ တိုက်ပွဲသတင်း တွေကိုပဲနေ့စဉ်ကြားနေရတယ်။ စစ်အုပ်စုတွေ မသေသေးသရွေ့ တစ်ရက်မှငြိမ်းချမ်းမှာမဟုတ်ဘူး။ ဒီနေ့အတွက်တော့ ကေအိုင်အေကနေ စစ်အုပ်စုရဲ့လေယာဉ်တစ်စီးကိုပစ်ချလိုက်တဲ့ သတင်းဟာ ကျေနပ်အားရစရာဖြစ်ခဲ့တယ်။ သူတို့တွေ သေဆုံးတာကို မျှော်လင့်နေခဲ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


