မအလ အာဆီယံအစည်းအဝေးတက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး လူပြောများကြတယ်။ ဆိုရှယ်မီဒီယာပေါ် မှာပါ။ အပြင်မှာကတော့ ရန်ကုန်မြို့နေရာအချို့မှာ ဆန္ဒထုတ်ဖော်တဲ့လူအုပ်ကြီးတွေ အလျှိုလျှိုထွက် ပေါ်လာပါတယ်။ တောင်ဉက္ကလာသားတို့ရဲ့ ပုံတွေတက်လာတာ အားရစရာကောင်းတယ်။ ရန်ကုန်ဟာ ပုံမှန်အတိုင်းသွားလာနေပြီလို့ဘယ်သူပြောလဲ။ ရန်ကုန်မှာနေတဲ့သူတွေဟာ စားဝတ်နေရေးအတွက် ခဏ တာအပြင်ထွက်ပြီးရုန်းကန်ကောင်းရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့အားလုံးရဲ့စိတ်ထဲမှာတော့ မအလနဲ့အ ပေါင်းပါတစ်စုကို သွေးထဲကအထိမုန်းနေတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


