Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဖေဖော်ဝါရီ ၁ ရက်၊၂၀၂၁ ခုနှစ်။ (တနင်္လာ)

February 22, 2021
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

အံအားသင့်စရာကောင်းတဲ့သတင်းဆိုးတစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။ အဲဒီသတင်းဆိုးက ကျွန် တော်တစ်ယောက်တည်းအတွက်မဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးအတွက်။ မြန်မာပြည်သူပြည်သားအား လုံးအတွက်သတင်းဆိုးကြီးပေါ့။

စစ်တပ်ကအာဏာသိမ်းလိုက်ပြီတဲ့။ အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိ၊ တိုင်းပြည်မှာဆူပူမှုတစ်စုံတစ်ရာ မရှိဘဲ သူတို့အာဏာသိမ်းလိုက်ပြီတဲ့လေ။ သေချာတာကတော့ ကျွန်တော်တို့မြန်မာတစ်နိုင်ငံလုံးအမှားမ လုပ်ခဲ့သလို ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာလည်း အမှားအယွင်းကြီးကြီးမားမားမရှိခဲ့ဘူး။

လွှတ်တော်အသစ်၊ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ ပါတီကရွေးချယ်တင်မြောက်မယ့်ကိုယ်စားလှယ်အသစ် တွေကို မှန်းဆပြီးရင်ခုန်ခဲ့တဲ့နိုင်ငံသားတစ်ယောက်အနေနဲ့ တော်တော်လေးခံပြင်းမိပါတယ်။ မြန်မာ့တပ် မတော် (မြန်မာ့တပ်မတော်လို့သူတို့ကိုသူတို့နာမည်တပ်ထားကြတယ်။) က နိုင်ငံတော်အတိုင်ပင်ခံပု ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့အခြားပါတီဝင်တွေကို ဖမ်းဆီးခဲ့တယ်။ ဒီ လောက်ပါပဲ။ ကျွန်တော်တို့သိရတာဒီလောက်ပါပဲ။

အဲဒီတစ်မနက်ခင်းလုံး အုတ်အော်သောင်းနင်းဖြစ်သွားတယ်။ မဲသမာမှုဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံရဲ့ ရွေးကောက်ခံအကြီးအကဲတွေကိုဖမ်းသွားတာဆိုပဲ။ ကျွန်တော်လူပြိန်းတစ်ယောက်အနေနဲ့တောင် ဒီကိစ္စ ဟာအရမ်းကို ကလေးဆန်လွန်းတယ်လို့သိတယ်။ မဲသမာတာ ရွေးကောက်ပွဲကော်မရှင် UEC ကိုပြောရမှာ လေ။ မဲမသမာမှုဆိုတာသပ်သပ်အကြောင်းပြတာပါ။

“အာဏာသိမ်းပြီတဲ့ ဆန်တွေဝယ်ကြပါဦးဟဲ့၊ ဆီတွေဝယ်ကြပါဦးဟဲ့” နဲ့ရပ်ကွက်ထဲမှာ အုတ်အော်သောင်း နင်းဖြစ်လို့ပေါ့။ ကျွန်တော်ကတော့ အလုပ်သွားရတယ်။ ဒီနေ့က လစာထုတ်ရမယ့်ရက်လည်းဖြစ်တာ ကြောင့် အလုပ်ကိုမဖြစ်မနေသွားတာပါ။ လမ်းမှာတော့ အေးအေးဆေးဆေးပါပဲ။ ဘက်စ်ကားတွေလည်း ရှိတယ်။ ကိုဗစ်ကြောင့် တစ်နေ့ကို နှစ်ကြိမ်သာပေးဆွဲပေးနေတဲ့ ရထားလည်းပုံမှန်ထွက်ပါတယ်။ ပြဿ နာကတော့ ရုံးရောက်ပြီးသိပ်မကြာခင်မှာပဲ အင်တာနက်လိုင်းဖြတ်လိုက်တဲ့ပြဿနာပါပဲ။ ရုံးမှာသုံးတဲ့ ဝိုင် ဖိုင်အင်တာနက်ကတော့ရနေလို့တော်ပါသေးရဲ့။ ဒါပေမဲ့ ဘဏ်တွေတော့ပိတ်လိုက်ကြတယ်။ အေတီအမ် တွေမှာ လူတွေကျိတ်ကျိတ်တိုးဖြစ်ကုန်တယ်။ ကျွန်တော့်အိမ်မှာလည်း အမေက ဆန်တွေလိုက်ရှာဝယ် ရတဲ့အခြေအနေဖြစ်ကုန်တယ်။

ကျွန်တော့်အမေက အသက် ၆၀ အရွယ်ရှိပြီ။ စစ်အစိုးရရဲ့စနစ်ဆိုးမှာ သူကောင်းကောင်းကြီးနေထိုင်ခဲ့ရ တော့ ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ အမေကကျွန်တော်တို့ထက်ပိုသိတယ်။ ဒါကြောင့် စစ်အာဏာ သိမ်းပြီဆိုကတည်းက သူလှုပ်ရှားနေတော့တာပါပဲ။ အင်တာနက်မရ (တစ်ချို့အင်တာနက်ဝန်ဆောင်မှု တွေကတော့ရသေးတယ်)၊ ဘဏ်တွေလည်းပိတ်၊ ဆိုင်တွေလည်းပိတ်၊ လူတွေလည်းကြောက်ရွံနေကြတဲ့ အချိန်မှာ ကျွန်တော်လည်းစိတ်ပူနေမိတယ်။ လစာကတော့ ထုတ်လို့မရခဲ့ဘူး။ ပိုက်ဆံတွေတော့အိမ်မှာ ကျန်သေးတယ်။ အေတီအမ်ကတော့ အခြားမရှိတဲ့သူတွေထုတ်ပါစေတော့ဆိုပြီးတန်းမစီခဲ့တော့ဘူး။

ရုပ်သံလိုင်းတွေလည်းပိတ်ကုန်တယ်။ အထူးသဖြင့်နိုင်ငံရေးသတင်းတွေကြေညာနေတဲ့ မဇ္ဇိမတို့၊ DVB တို့ ဆို လိုင်းဖြတ်ခံထားလိုက်ရပြီ။ ဖေ့စ်ဘုတ်ပေါ်မှာလည်း ညံနေတာပဲလေ။ သူတို့ယုတ်မာတော့မယ့်အ ကြောင်းတွေ ဒေါ်စုလွတ်ဖို့မျှော်လင့်ချက်ရှိမရှိဆိုတာတွေပေါ့။

အာဏာသိမ်းတာတောင် အာဏာသိမ်းတာမဟုတ်ဘူးတဲ့။ အာဏာထိမ်းတာလို့သူတို့ကဆိုတယ်။ ဒါပေမဲ့ သဘောတရားကတော့အတူတူဖြစ်သလို အရင်တုန်းက စစ်အစိုးရလုပ်ထုံးလုပ်နည်းပုံစံတူတွေကိုလည်း သူတို့ချခင်းတော့မယ်ဆိုတာ အားလုံးကသိနေတယ်။ အာဏာကိုခဏတာသိမ်းတယ်၊ ပြီးရင်ရွေးကောက် ပွဲပြန်ကျင်းပပေးမယ်လို့ အချိုသပ်မယ်။ ပြီးရင် နိုင်ငံကို ရသလောက်အုပ်ချုပ်၊ နိုင်ငံရဲ့အရင်းအမြစ်တွေကို တရုတ်ကိုရောင်းစားမယ်။ ဒီအကွက်တွေကကျွန်တော်တို့မျိုးဆက်တိုင်းလိုလိုသိနေတယ်။

၁၉၈၈ တုန်းကလည်းအဲလိုအာဏာသိမ်းခဲ့တယ်။ ပြီးရင်နိုင်ငံကို ၂၇ နှစ်အုပ်ချုပ်ပြီး ချွတ်ချုံကျအောင်လုပ် တယ်။ သူတို့လူတစ်စုက နိုင်ငံရဲ့အဆီအနှစ်တွေစားတယ်၊ ပြည်သူကိုဘယ်လိုနှိပ်ကွပ်သလဲဆိုတာမြန်မာ နိုင်ငံသားတွေအားလုံးသိပြီးသား။ အခုလည်းသူတို့လာတော့မယ်။ နောက်နေ့တွေ ဘယ်လိုပုံစံတွေနဲ့ ကျွန် တော်တို့ကို နှိပ်စက်မလဲစောင့်ရင် အမေစုလွတ်မြောက်ဖို့ဆုတောင်းနေတယ်။ မနက်ဖြန်။ အင်း မနက် ဖြန်တော့ မျှော်လင့်ချက်တွေနဲ့ပေါ့။

ဒီမတိုင်ခင်မှာ ကျွန်တော်သိထားတာကတော့ အာဏာမသိမ်းခင်ကျင်းပမယ့်လွှတ်တော်မှာသောင်ပြို ကမ်းပြိုအနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အတိုက် အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဟာ သတင်းစာရှင်းလင်းပွဲတွေခဏခဏလုပ် တယ်၊ ဆန္ဒပြပွဲတွေဖန်တီးတယ်ဆိုတာပါပဲ။ ဟုတ်တယ်။ ဆန္ဒပြပွဲတွေဖန်တီးတာဆိုတာက အရမ်းကိုသိ သာနေလို့။ သူတို့တွေဟာ ဆင်းရဲသားအောက်ခြေလူတန်းစားတွေကို နေ့စားနဲ့ငှားတယ်။ တစ်ယောက်ကို ၅၀၀၀ ကျပ်ပေးပြီး ကားပေါ်တင်ခေါ်လာတယ်။ ဆန္ဒပြပွဲမှာ လူထုအုံကြွအောင်လုပ်တယ်။ မဲမသမာဘူး ဆိုပြီး အော်ခိုင်းတယ်။ အချိန်စေ့ရင် အဲဒီလူတွေကို နေ့စားခပေးပြီးပြန်လွှတ်တယ်။ သူတို့လိုအပ်ရင်ထပ် ခေါ်တယ်။ ဆန္ဒပြပွဲတွေထပ်လုပ်တယ်။ မဲမသမာဘူးလို့အော်ခိုင်းပြန်တယ်လေ။ မဲမသမာတာကို ဖြေရှင်း ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုတာရှိပြီးသား။ အဲဒီကို အချက်အလက်ခိုင်ခိုင်မာမာပြပြီး တိုင်ဆိုတော့လည်းခိုင်ခိုင်လုံလုံမတိုင်နိုင်ဘူး။ အဲဒီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုတာ စစ် အစိုးရရဲ့ အငြိမ်းစားတွေ၊ စစ်ယူနီဖောင်းချွတ်ပြီးပါတီထောင်ထားတဲ့သူတွေအုပ်စုပေါ့။ အဘအုပ်စုလို့ခေါ် ကြတယ်။ အဘဆိုတာ အာဏာရူးတွေကိုလည်းတစ်နည်းအားဖြင့်ခေါ်ဝေါ်သမုတ်ကြတယ်။ မြို့မေတ္တာခံ ယူထားတဲ့အဖွဲ့ပေါ့။ သူတို့အဖွဲ့နဲ့ စစ်တပ်နဲ့ပေါင်းလိုက်တော့ ဒီအာဏာသိမ်းမှုဖြစ်တာမဆန်းတော့ပါဘူး။ ပြည်သူပေးတဲ့မဲကိုအရေးမလုပ်ဘဲ လက်နက်အားကိုးနဲ့အနိုင်ကျင့်ပြီပေါ့။

ကျွန်တော်ငယ်ငယ်ကဘဝကိုပြန်မရောက်ချင်ဘူး။ အဲဒီတုန်းကစစ်အာဏာရှင်လက်အောက်မှာနေထိုင်ခဲ့ ရတာလေ။ တော်တော်ကြီးဆိုးတယ်။ ဒါပေမဲ့ အဲဒါကိုဆိုးရွားမှန်းမသိဘူး။ ဘာလို့မသိခဲ့သလဲဆိုတော့ရှင်း ပါတယ်။ အကြောက်တရားတွေနဲ့ရှင်သန်နေထိုင်ခဲ့ရတယ်လေ။

>>>>> 

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English