အခုနွေဦးတော်လှန်ရေးမှာMNDAAနဲ့TLNAတို့ရဲ့လုပ်ရပ်ကြောင့်ပြည်မကဗမာလူမျိုးတော်လှန်ရေးအင်အားစုတွေအတွက်ကြီးစွာသောသင်ခန်းစာတွေရရှိလိုက်တယ်။ထိုနှစ်ဖွဲ့ဟာရှမ်းမြောက်မှာ၁၀၂၇စစ်ဆင်ရေးစတင်တုန်းကစစ်တပ်ကိုအမြစ်ဖြတ်မယ်၊အဆုံးထိတိုက်ပွဲဝင်မယ်လို့ကြွေးကြော်ခဲ့ကြတယ်။ဒါကြောင့်ပြည်မကတော်လှန်ရေးအင်အားစုတွေဟာသူတို့နဲ့အတူပူးပေါင်းတိုက်ပွဲဝင်ကြတယ်။အညာဒေသကဗမာလူမျိုးလူငယ်လူရွယ်တွေရဲ့အသက်သွေးချွေးတွေရင်းခဲ့ကြတယ်။NUGဆိုရင်လဲတတ်နိုင်သလောက်လူအင်အားငွေအင်အားနဲ့ကူညီခဲ့တယ်။ဒါပေမယ့်MNDAAနဲ့TLNAဟာသူတို့ရဲ့စစ်ရေးရည်မှန်းချက်တွေပြည့်စုံသွားတဲ့နောက်မှာစစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တယ်။လားရှိုး၊မိုးကုတ်နဲ့မိုးမိတ်လိုမြို့တွေကိုကျည်တစ်ချက်ဖောက်စရာမလိုပဲစစ်ကော်မရှင်ထံပြန်ပေးခဲ့တယ်။ဘယ်လိုပဲတရုတ်နိုင်ငံရဲ့ဖိအားတွေကြုံတွေ့နေရတယ်ဆိုပေမယ့်အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ပြည်မကတော်လှန်ရေးအင်အားစုတွေရဲ့ရင်းနှီးမှုကိုမျက်ကွယ်ပြုခဲ့တယ်။TLNAရဲ့လုပ်ရပ်ဆိုရင်အတော်စိတ်ပျက်ဖို့ကောင်းတယ်။သူတို့မိုးကုတ်နဲ့မိုးမိတ်မြို့ကဆုတ်ခွါရမယ်လို့သိရချိန်မှာတောင်မြို့မှာကျန်နေသေးတဲ့အခြားတော်လှန်ရေးအင်အားစုတွေကိုပြန်တိုက်ခွင့်မပေးပဲစစ်တပ်ကိုခေါ်သွင်းလာခဲ့တယ်လေ။အတူတိုက်ပွဲဝင်ခဲ့ပေမယ့်လည်းဗမာတော်လှန်ရေးအင်အားစုတွေဟာထိုနှစ်ဖွဲ့နဲ့တိကျသေချာတဲ့နိုင်ငံရေး၊စစ်ရေးသဘောတူညီချက်တွေမရှိခဲ့လေတော့သူတို့လုပ်သမျှလက်ပိုက်ကြည့်နေရတယ်။
ထိုအချက်တွေကြောင့်ပဲလက်ရှိအချိန်မှာပြည်မကဗမာတော်လှန်ရေးအင်အားစုတွေစုစည်းညီညွတ်မှရမယ်ဆိုတဲ့အမြင်တွေထွက်ပေါ်လာပါပြီ။ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေကိုမှအားကိုးလို့မရပဲဗမာတွေရဲ့လွတ်မြောက်ရေးကိုဗမာတွေကိုယ်တိုင်ပဲတိုက်ယူရမှာဖြစ်တယ်။


