ဒီနေ့မှာတော့၅၀၅ပုဒ်မနဲ့မတရားအကျဥ်းချခံထားရသူတစ်ထောင်ကျော်လွတ်လာခဲ့ပါတယ်။ဒါပေမယ့်ထိုသူတွေအများစုဟာလွတ်ရက်စေ့ခါနီးသူတွေသာဖြစ်ပြီးစစ်ကော်မရှင်ကမလိမ့်တပတ်လုပ်သွားတာပဲ။နိုင်ငံတကာနဲ့တော်လှန်ရေးအင်အားစုတွေကတော့အခုလိုလွတ်ပေးတာဟာဝမ်းသာစရာကိစ္စဖြစ်ပေမယ့်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကြီးဝင်းမြင့်ကိုလွတ်ပေးမှသာလျှင်စစ်မှန်တဲ့တိုးတက်မှုဖြစ်တယ်လို့ထုတ်ပြန်ထားကြတယ်။စစ်ကော်မရှင်ကတော့အရှက်မရှိပဲအမေရိကန်ကပြန်လာမယ့်သူတွေမြန်မာပြည်မှာမဲလာပေးကြပါလို့ပြောနေသေးတယ်။ဘာပဲဖြစ်ဖြစ်စစ်ကော်မရှင်ဟာနိုင်ငံရေးကစားကွက်မှာတော့တော်လှန်ရေးအင်အားစုတွေထပ်တကွက်ပိုသာနေတာကိုတွေ့ရတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


