အမေရိကန်သမ္မတထရမ့်ကအမေရိကန်ကိုရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်ပေးထားတဲ့စနစ်ကိုဖျက်သိမ်းတော့မှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ထိုဥပဒေဟာရက်ပေါင်းခြောက်ဆယ်အတွင်းအသက်ဝင်လာမှာဖြစ်တယ်။လက်ရှိအမေရိကန်မှာထိုစနစ်နဲ့နေထိုင်နေသူလေးထောင်ခန့်ရှိမယ်လိူ့ခန့်မှန်းရတယ်။စစ်အုပ်စုကဖမ်းဆီးမှုကြောင့်မြန်မာပြည်ထဲနေလို့မရသူအများစုဟာထိုစနစ်ကြောင့်အမေရိကန်မှာနေထိုင်ခွင့်ရနေတာပါ။ပြောရရင်တော့နိုင်ငံရေးခိုလှုံခွင့်ပေးထားတဲ့သဘောပဲ။အခုတော့ထိုသူတွေရဲ့အနာဂတ်ဟာဝေဝါးကုန်တယ်။
ပိုဆိုးတာကထိုစနစ်ကိုဖျက်သိမ်းရတဲ့အကြောင်းပြချက်မှာမြန်မာပြည်မှာအခြေအနေတွေတိုးတက်လာပြီးရွေးကောက်ပွဲတွေပြုလုပ်လာနိုင်တာကြောင့်လို့ဆိုထားတယ်။ထိုအကြောင်းပြချက်ဟာအမေရိကန်အစိုးရကိုယ်တိုင်မြန်မာပြည်ရဲ့အခြေအနေမှန်ကိုမျက်ကွယ်ပြုထားတယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေကဝေဖန်နေကြတယ်။ထိုစနစ်ကိုဖျက်သိမ်းလိုက်တာကြောင့်အမေရိကန်ကထွက်ခွာရမယ့်သူတွေဟာဘယ်နိုင်ငံကူးရမလဲဆိုတာတော့သေချာမသိသေးပါဘူး။


