အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းတို့ကို အဂတိလိုက်စားမှုနဲ့အတိုင်ခံထားရတယ်။ သူတို့ကို ရုံးဝန်ထမ်းများအပေါ် အာဏာပြခြင်း၊ ဖိနှိပ်ခြင်းနှင့် လာဘ်စားမှုများဖြင့်တိုင်ကြားခံထားရခြင်းဖြစ်တယ်။ ဒါ့ကြောင့် ရာထူးမှယာယီရပ်ဆိုင်းပြီး စုံစမ်းစစ် ဆေးမည်ဖြစ်ကြောင်း NUG ကထုတ်ပြန်ထားတယ်။
ဒါမတိုင်ခင်ကလဲ MDY PDF တပ်ဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် အလားတူအမှုမျိုးနဲ့ စစ်ဆေးခံရသေးတယ်။ အခုကဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဆိုတော့ အမှုကပိုကြီးနေတယ်။ ဝန်ကြီးချုပ်ရုံးဆိုတာ NUG အုပ်ချုပ်စီမံရေးမှာ ထိပ်ဆုံးမှာရှိနေတဲ့ရုံးတစ်ခုပါ။ NUGဟာ အရင်ကတည်း မြေပြင်အဖွဲ့တွေကြားမှာလာဘ်စားမှုတွေရှိနေတယ် ဆိုတဲ့သတင်းတွေကြားနေတယ်။ အခု ထိပ်ပိုင်းရုံးအထိရောက်လာပြီဆိုတော့ NUG ထဲမှာ အဂတိလိုက်စားမှုတွေ ပိုမိုကြီးထွားလာတယ်ဆိုတဲ့သဘောပဲ။ အခုဖြစ်စဥ်ကို သေချာမကိုင်တွယ်နိုင်ရင် NUG အပေါ်ယုံကြည်မှုနဲ့ ပုံရိပ်ဟာအများကြီးကျဆင်းသွားနိုင်ပါတယ်။


