ကရင်ပြည်နယ်ကကျားဖြန့်လုပ်ငန်းတွေလတ်တလောမှာရပ်တန့်သွားသလိုဖြစ်နေပေမယ့်အပြီးတိုင်ပျောက်ကွယ်သွားမှာတော့မဟုတ်ပါဘူး။စစ်အာဏာရှင်တွေအာဏာရနေသ၍တော့ကျားဖြန့်တွေဆက်လက်ရှင်သန်နေဦးမှာပဲ။အခုတောင်ပြိုကွဲသွားတဲ့ကျားဖြန့်လုပ်ငန်းတွေဟာရန်ကုန်နဲ့မန္တလေးလိုမြန်မာပြည်အတွင်းပိုင်းကအချက်အခြာကျတဲ့ဘုပ်ငန်းတွေကိုပြောင်းရွေ့နေကြပြီ။ဒါဟာလဲစစ်အုပ်စုကလိုလိုလားလားလက်ခံထားလို့ပါ။ဒါ့အပြင်ထိုလုပ်ငန်းတွေဟာရှမ်းပြည်နယ်ကစစ်အုပ်စုထိန်းချုပ်ထားတဲ့ဒေသတွေရောတိုင်းရင်းသားလက်နက်ကိုင်တွေထိန်ချုပ်ထားတဲ့ဒေသတွေမှာပါပြန့်ကျဲစွာတည်ရှိနေသေးတယ်။အမေရိကန်ကဖွဲ့စည်းထားတဲ့အထူးတပ်ဖွဲ့တောင်ဒါတွေကိုဘယ်လိုနှိမ်နင်းမလဲဆိုတာစဥ်းစားစရာပဲ။
အရင်ကအာဖရိကကဆိုမာလီယာနိုင်ငံဟာပင်လယ်ဓားမြတွေကြောင့်နာမည်ဆိုးနဲ့ကျော်ကြားခဲ့သလိုမျိုးအခုလဲမြန်မာနိုင်ငံဟာကျားဖြန့်လုပ်ငန်းတွေအများဆုံးတည်ရှိရာဒေသကြီးအဖြစ်ကမ္ဘာမှာနာမည်ဆိုးနဲ့ကျော်ကြားနေပါပြီ။ဒါတွေအားလုံးဟာအာဏာသိမ်းစစ်အုပ်စုကြောင့်ပဲဖြစ်ပါတယ်။


