စစ်ကော်မရှင်နဲ့လက်အောက်ခံBGFအဖွဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းတော့မယ်လို့ပြောကြားပြီးညတွင်းချင်းပဲBGFထိန်းချုပ်နယ်မြေရွှေကုက္ကိုမြို့ကကျားဖြန့်အလုပ်သမားတွေရွေ့ပြောင်းနေတယ်။အရင်တခေါက်ကKK Park မှာသာဝင်ရောက်စီးနင်းမှုတွေ၊ဖျက်စီးမှုတွေရှိခဲ့ပေမယ့်အခုBGFလက်အောက်ကရွှေကုက္ကိုမှာပါဝရုန်းသုန်းကားတွေဖြစ်လာနေပြီ။ကျားဖြန့်လုပ်ငန်းတွေကအလုပ်သမားတွေထွက်ပြေးတိမ်းရှောင်ကြတယ်ဆိုပေမယ့်သူဌေးတွေကိုတော့စစ်အုပ်စုခေါင်းဆောင်တွေနဲ့BGFကအကာအကွယ်ပေးထားတယ်။အမေရိကန်ကထိုင်းနယ်နယ်စပ်မှာ Scam Center Strike Force ဖွဲ့စည်းလိုက်ပြီးနောက်အခုလိုကျားဖြန့်တွေကိုနှိမ်နင်းမယ်ဆိုပြီးဖြစ်လာတာပါ။ထိုအဖွဲ့ကဘာမှတောင်မလုပ်ရသေးတဲ့အချိန်မှာပဲစစ်အုပ်စုနဲ့အပေါင်းအပါတွေကြောက်ချီးပန်းနေပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


