အရှေ့တောင်အာရှအထူးသဖြင့် မြန်မာပြည်မှာ ကြီးထွားလာနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရေးယူဖို့ကြိုးစားလာတာအကြောင်းမဲ့တော့မဟုတ်ပါဘူး။ ဥတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်လာနေလို့ပါ။ ထိုကျားဖြန့်လုပ်ငန်းတွေဟာ အမေရိကန်နိုင်ငံအထိ ပြန့်နှံလာနေပြီး အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာကို ခိုးယူနေကြတယ် လို့ဆိုတယ်။ အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းရာဇဝတ်လိမ်လည်မှုလုပ်ငန်းများမှ အမေရိကန်နိုင်ငံသားများကိုပစ်မှတ်ထားလာပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခြင်းခံခဲ့ရတယ်။အထူးသဖြင့်အမေရိကန်က ပင်စင်စားသက်ကြီးရွယ်အိုတွေ ပစ်မှတ်ထားလိမ်လည်ခံနေရတယ်။ ဒီနှစ်မှာလဲ ထိုပမာဏထပ်ပိုမိုများပြားလာဖို့ရှိတယ်။
ကျားဖြန့်နှိမ်နင်းရေးမှာ အမေရိကန်နိုင်ငံကိုယ်တိုင်ပါဝင်ပတ်သက်လာတာဟာ စစ်ကော်မရှင်အတွက်အိပ်မက်ဆိုးပါပဲ။Scam Center Strike Force ဖွဲ့စည်းလိုက်ပြီး ထိုင်းနိုင်ငံမှာအခြေပြုကာ ကျားဖြန့်တွေကိုနှိမ်နင်းသွားမယ့်အရေးကိုနေပြည်တော်ကစစ်ခေါင်းဆောင်တွေသွေးလန့် နေကြတယ်လို့လဲသိရတယ်။ ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေပြိုကွဲသွားပြီးနောက် ကရင်ပြည်နယ်ထဲကြီးထွားလာနေတဲ့ထိုလုပ်ငန်းတွေရဲ့ နေဝင်ချိန်ဟာမဝေးတော့ဘူးထင်တယ်။


