တနင်္သာရီတိုင်း၊ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့မောတောင်မြို့ကိုKNUနဲ့ပူးပေါင်းအဖွဲ့တွေသိမ်းပိုက်နိုင်လိုက်ပါတယ်။ထိုမြို့ကိုမသိမ်းခင်ထိုနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုKNUကထိန်းချုပ်ထားတာပါ။စစ်ကော်မရှင်ကထိုလမ်းကြောင်းကိုပြန်လည်ရယူဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့မောတောင်မြို့ကိုပါလက်လွတ်လိုက်ရတယ်။ဒါ့ကြောင့်ထိုမြို့ဟာမြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။
မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုသာလက်မလွတ်ရရင်မြန်မာပြည်အောက်ပိုင်းကထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးနီးပါးကိုKNUကထိန်းချုပ်သွားနိုင်မှာပါ။မြဝတီကုန်သွယ်ရေးလမ်းကြောင်းကိုအလွယ်တကူလက်လွတ်လိုက်ရတာအတော်နှမြောဖို့ကောင်းတယ်။


