ချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာစစ်ရေးအရရေးပါတဲ့တီးတိန်သိုင်းင်လမ်းကြောင်းကိုပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ဒါ့အပြင်ထိုဒေသမှာအမြင့်ဆုံးတောင်ဖြစ်တဲ့ကနေဒီတောင်ကိုလဲပြန်လည်ထိန်းချုပ်လိုက်တယ်။ထိုသို့ထိန်းချုပ်နိုင်လိုက်တာကြောင့်တီးတိန်မြို့ကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်နိုင်ဖို့အလှမ်းဝေးသွားပြီးစစ်ကော်မရှင်ဘက်ကလဲတီးတိန်မြို့ကိုအခြေပြုပြီးတော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ဖလမ်းမြို့ကိုဆက်လက်ထိုးစစ်ဆင်ဖို့လွယ်ကူသွားတယ်။
ဒီတစ်ခေါက်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေဟာအရင်လမ်းဟောင်အတိုင်းမဟုတ်ပဲလမ်းသစ်ဖောက်ပြီးတက်လာတာလို့သိရတယ်။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လဲလမ်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားတာမျိုးမတွေ့ရဘူး။ဒါ့ကြောင့်ဒီတစ်ခေါက်ချင်းပြည်နယ်ဘက်တက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာအရင်ကထပ်ခရီးရောက်လာတယ်လို့ပြောလို့ရတယ်။


