ဒီနေ့ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့MNDAA၊TLNAတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ခုစစ်တပ်ကိုအကြီးအကျယ်စတင်တိုက်ခိုက်ခဲ့ကြတဲ့၁၀၂၇စစ်ဆင်ရေးနှစ်နှစ်ပြည့်မြောက်တဲ့နေ့ပါ။စစ်တပ်ကိုအမြစ်ဖြတ်နိုင်တဲ့အထိတိုက်ခိုက်သွားမယ်လို့ကြွေးကြော်ခဲ့ပါသေးတယ်။ ဒါပေမယ့်နှစ်နှစ်တိတိပြည့်တဲ့အချိန်မှာပဲ၁၀၂၇စစ်ဆင်ရေးဟာနိဂုံးချုပ်သွားပါပြီ။TLNAအဖွဲ့နဲ့စစ်ကောင်စီတို့တရုတ်နိုင်ငံမှာနောက်တကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်အပစ်ရပ်ဖို့သဘောတူညီလိုက်ပါပြီ။TLNAဘက်ကသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကိုစစ်ကော်မရှင်ကိုပြန်လည်ပေးအပ်ပြီးအပစ်ရပ်ဖို့သဘောတူညီလိုက်ကြတာဖြစ်တယ်။ဒီလိုမျိုးဖြစ်လာမယ်လို့ကြိုတင်ခန့်မှန်းထားခဲ့တဲ့အတွက်သိပ်တော့အံသြစရာမရှိပါဘူး။နောက်ဆုံးတော့ထိုနှစ်ဖွဲ့ဟာတရုတ်နိုင်ငံရဲ့ဖိအားနဲ့စစ်ကော်မရှင်ရဲ့ပြင်ထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအောက်မှာသူတို့ကြိုးစားခဲ့သမျှကိုပြန်လည်ပေးအပ်လိုက်ရတာပါပဲ။ရရှိခဲ့တဲ့အောင်မြင်မှုတွေရဲ့ရဲဘော်တွေရဲ့သွေးချွေးတွေဟာအင်မတန်နှမြောစရာကောင်းလှတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


