စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဗီဒီယိုတစ်ခုထွက်ရှိလာပါတယ်။ထိုဗီဒီယိုမှာလက်ရှိနာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေပါဝင်လာတယ်။မင်းသားထဲမှာနေတိုး၊မြင့်မြတ်၊နေဝင်းနဲ့မင်းသမီးတွေကတော့မေမြင့်မိုရ်နဲ့ခြူးလေးတို့ဖစ်တယ်။သူတို့ဟာထိုဗီဒီယိုထဲမှာစစ်ခွေးတွေပြုလုပ်မယ့်ရွေးကောက်ပွဲကိုအမွန်းတင်ပြီးပြည်သူကိုစော်ကားတဲ့စကားတွေနဲ့သရုပ်ဆောင်သွားကြတယ်။
ဗီဒီယိုအစမှာတင်အာဏာသိမ်းကနဦးကာလဆန္ဒပြပွဲတွေကြောင့်အလုပ်အကိုင်တွေပျက်ရကြောင်းရိုက်ပြထားတယ်။ပီးတော့CDMဆရာ၊ဆရာမတွေ၊ဆရာဝန်တွေကိုအပစ်တင်ထားတဲ့အကြောင်းတွေ၊ရွေးကောက်ပွဲဟာတရားမျှတပါတယ်ဆိုတဲ့အကြောင်း၊အပြောင်းအလဲတစ်ခုဖော်ဆောင်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေရိုက်ပြသွားတယ်။ထိုဗီဒီယိုဟာအမှားကိုအမှန်၊အမှန်ကိုအမှားဖြစ်အောင်စစ်အာဏာရှင်တွေကပြည်သူကိုဝါဒဖြန့်တဲ့ဗီဒီယိုပါပဲ။ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေဟာလဲဘယ်လောက်ပဲနာမည်ကြီးနေပါစေစစ်အာဏာရှင်နအလိုကျမရှက်မကြောက်ဝါဒဖြန့်ပေးတဲ့ဖက်ခွက်စားတွေပါပဲ။


