ကရင်ပြည်နယ်မှာတော့စစ်ကော်မရှင်တပ်ဟာလေးကေကော်မြို့သစ်အပါအဝင်မြဝတီမြို့ဝန်းကျင်ဒေသကိုအပြီးတိုင်ထိန်းချုပ်နိုင်ဖို့အင်အားအလုံးအရင်းနဲ့ကြိုးစားနေပါတယ်။လောလောဆယ်မှာအင်အား၁၂၀၀ ခန့်နဲ့ထိုးစစ်ဆင်နေလို့KNUပူးပေါင်းအဖွဲ့တွေနဲ့နေ့စဥ်ဆိုသလိုတိုက်ပွဲတွေပြင်းထန်နေတယ်။လေးကေကော်မြို့ကိုစိုးမိုးထားတဲ့စွယ်တော်ကုန်းကိုလဲစစ်တပ်ကပြန်သိမ်းသွားပြီ။ထိုကုန်းကိုတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကခက်ခက်ခဲခဲသိမ်းယူထားရတာပါ။အခုတော့လွယ်လွယ်ကူကူပဲလက်လွတ်လိုက်ရတယ်။အာရှလမ်းမကြီးကိုလဲစစ်ကော်မရှင်ကထိန်းချုပ်ထားပေမယ့်အခုထိမဖွင့်ပေးသေးတဲ့အတွက်ထိုင်းနိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးဟာလဲရပ်ဆိုင်းနေဆဲပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


